Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကောက်နှံစင်္ကြံ ထွက်ခွာသင်္ဘော ၂၇ စီးအထိ ရှိလာ

ကောက်နှံစင်္ကြံ ထွက်ခွာသင်္ဘော ၂၇ စီးအထိ ရှိလာ

"ကောက်နှံစင်္ကြံ" "grain corridor" စတင်ခဲ့သည်မှာ ရက်ပေါင်း နှစ်ဆယ်ကြာမြင့်ချိန်တွင် ဂျုံ၊ ပြောင်း၊ နေကြာဆီ၊ ပဲပုပပ်ပဲအစရှိသော ယူကရိန်းလယ်ယာထွက်ကုန်များ တင်ဆောင်ထားသည့် သင်္ဘောများ ယူကရိန်းပင်လယ်ဆိပ်ကမ်းများမှ ထွက်ခွာသည်မှာ ၂၇ စီးအထိ ရှိလာပြီဟု ယူကရိန်းနိုင်ငံမှ အခြေခံအဆောက်အအုံ ဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်တို့၏ အကြံပြုချက်ဖြင့် ဇူလိုင် ၂၂ ရက်က ကုလသမဂ္ဂ၊ ယူကရိန်း၊ တူရကီနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်တို့က ယူကရိန်း အင်လယ်ဆိပ်ကမ်းများ ဖြစ်သော  Odesa၊ Chornomorsk နှင့် Pivdennyi ဆိပ်ကမ်းများမှ ကောက်ပဲသီးနှံ အမျိုမျိုးနှင့် စားသောက်ကုန်များ ဘေးကင်းစွာ ပို့ဆောင်ရေး ပဏာမ လုပ်ဆောင်ချက်အတွက် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပြီး ရေမြှုပ်မိုင်းများ အပါအဝင် ဘေးရန်များမှ ကင်းဝေးစွာဖြင့် ခုတ်မောင်းသွားလာနိုင်မည့် ကုန်သွယ်ရေကြောင်းလမ်းကြောင်း "ကောက်နှံစင်္ကြံ" ကို အကောင်အထည် ဖော်ခဲ့ပါသည်။ 

“‌ကောက်နှံစင်္ကြံ စတင်ကတည်းက ရက်ပေါင်း ၂၀ အကြာတွင် လယ်ယာထွက်ကုန် စုစုပေါင်း တန်ချိန် ၆၇၀,၀၀၀ တင်ဆောင်ထားသည့် သင်္ဘော ၂၇ စင်းဟာ ယူကရိန်း ဆိပ်ကမ်းတွေကနေ ထွက်ခွာသွားပြီ" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ယူကရိန်း ပင်လယ်ဆိပ်ကမ်းများတွင် ကုန်တင်နေဆဲ သင်္ဘော ၁၈ စီး ရှိပါသည်။ 

ယူကရိန်း ပင်လယ်ဆိပ်ကမ်းများတွင် ကုန်တင်ရန် စာရင်းပေးထားသည့် သင်္ဘော အစီး ၄၀ ရှိပါသည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

"ယူကရိန်းသည် ကမ္ဘာလုံးဆိုင်ရာ ငတ်မွတ်ခေါင်းပါးမှုကို တိုက်ဖျက်ရာတွင် ၎င်း၏ တာဝန်များကို လိုက်နာ‌ေကျပွန်ပါသည်။ ပင်လယ်နက်မှာ လုံခြုံရေးအာမခံချက်တွေကို ဖြည့်ဆည်းပေးသည့် မဟာမိတ်တွေကို ကျေးဇူးတင်ပါသည်”ဟု အခြေခံအဆောက်အအုံ ဝန်ကြီးဌာနက အလေးအနက်ထား ပြောကြားသည်။

#MyanmarFoodIndustryGuide 

Telegram Channel https://t.me/Guid4U

Source ukrinforn.net

Read times
Rate this item
(0 votes)