Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အဝယ်လိုက်၍ ကြက်သွန်နီဈေးမြင့်တက်

Unicode


ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အဝယ်လိုက်၍ ကြက်သွန်နီဈေးမြင့်တက်


အခြေခံစားသောက်ကုန်ဖြစ်သည့် ကြက်သွန်နီကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အဝယ် လိုက်သည့်အတွက် ပြည်တွင်းဈေးကွက်၌ ဈေးနှုန်းမြင့်တက်လျက် ရှိကြောင်း သိရသည်။

 

“ကြက်သွန်နီကို   ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်က   အဝယ်လိုက်နေတော့   ဈေးက တစ်ရက်ထက်တစ်ရက်    သိသိသာသာ တက်လာတယ်။ ကြက်သွန်နီမှာ ရှယ်ကြီး၊ လတ်ကြီး၊  လတ်သန့်၊  လတ်ချောဆိုပြီး ရှိတယ်။ အရင်က လတ်ကြီးတစ်ပိဿာကို ဝယ်ရင်းဈေး ငွေကျပ် ၁၃၀၀ ကနေ အခု ၂၃၀၀ အထိဖြစ်လာတယ်။ ကျန်တာတွေလည်း တက်တာပဲ။    ဒါက   ရန်ကုန်မြို့ ဘုရင့်နောင်ပွဲရုံဈေးကို ပြောတာပါ။ အနာအဆာပါလာလို့    ပြန်ရောင်းတဲ့အခါ တစ်ပိဿာကို ငွေကျပ် ၂၅၀၀ မှမရရင် အဆင်မပြေဘူး။ အရင်နှစ်တွေတုန်းက  အသစ်ပေါ်ချိန်လောက်ပဲ ကုန်ပြတ်လို့ ဈေးအနည်းငယ်တက်တာ။ အခုကျတော့ အသစ်မပေါ်သေးဘဲ ဈေးတက်နေတယ်” ဟု     ကြက်သွန်နီဝယ်ရောင်း ကုန်သည် ဒေါ်မျိုးမျိုး ကပြောသည်။

 

Bakeries မုန္႔ဖုတ္လုပ္ငန္းေပါင္း ၅၆၆ ခုကိုရွာရန္ႏွိပ္ပါ။

 

ရခိုင်ပြည်နယ် မောင်တောနယ်စပ် ကုန်သွယ်ရေးမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ သည့် ကုန်အများဆုံးမှာ ကြက်သွန်နီဖြစ်ပြီး စက်တင်ဘာလတွင်  ကြက်သွန်နီတန်ချိန်  ၁၈၀ တင်ပို့ခဲ့သော်လည်း  အောက်တိုဘာလတွင် တန်ချိန် ၁၁၀၀ ကျော်အထိ တင်ပို့နိုင်ခဲ့ကြောင်း၊ လက်ရှိတွင် မောင်တော နယ်စပ်ကုန်သွယ်ရေးမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တစ်ရက်လျှင် ကြက်သွန်နီတန်ချိန် ၄၀ မှ  ၈၀ အထိ တင်ပို့နေရသည်။

 

Read More >>>>>  ဆန္ ေျပာင္းႏွင့္ ဂ်ဳံတို႕ကို ကိုတာစနစ္ျဖင့္ တင္ပို႕လိုပါက ႏိုဝင္ဘာ ၁၅ ရက္မတုိင္မီ ေလွ်ာက္ထားရန္ သတ္မွတ္

 

ပြည်တွင်း၌ ကြက်သွန်နီ အသစ်ပေါ်ချိန် တွင် ပုံမှန် ဈေးတက်လေ့ရှိပြီး ဈေးနှုန်းအမြင့်ဆုံးမှာ ၂၀၁၅ ခုနှစ်ကဖြစ်ကာ တစ်ပိဿာလျှင် ငွေကျပ် ၄၀၀၀ နှုန်းအထိ မြင့်တက်ခဲ့သည်။

 

ရန်ကုန်မြို့ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီစိုက်ပျိုးရာ ဒေသများဖြစ်သည့် မြင်းခြံ၊ မုံရွာ၊ ပခုက္ကူ၊ ဆိပ်ဖြူ၊ တောင်သာ၊ မြစ်သား၊ ပျော်ဘွယ်၊ မင်းလှနှင့် ရွှေဘိုဒေသတို့မှ  အဓိကဝင်ရောက်ပြီး  ဘုရင့်နောင်ကုန်စည်ဒိုင်များမှ တစ်ဆင့်    မြန်မာနိုင်ငံအနှံ့သို့ ပြန်လည်ဖြန့်ဖြူး ရောင်းချလျက် ရှိကြောင်း သိရသည်။  

 

Source: Myawaddy

 

 

 

ဘဂၤလားေဒ႕ရွ္ႏုိင္ငံမွ အဝယ္လိုက္၍ ၾကက္သြန္နီေစ်းျမင့္တက္

 

အေျခခံစားေသာက္ကုန္ျဖစ္သည့္ ၾကက္သြန္နီကို ဘဂၤလားေဒ့ရွ္ႏိုင္ငံမွ အ၀ယ္ လိုက္သည့္အတြက္ ျပည္တြင္းေစ်းကြက္၌ ေစ်းႏႈန္းျမင့္တက္လ်က္ ရွိေၾကာင္း သိရသည္။

 

“ၾကက္သြန္နီကို   ဘဂၤလားေဒ့ရွ္ ႏိုင္ငံဘက္က   အ၀ယ္လိုက္ေနေတာ့   ေစ်းက တစ္ရက္ထက္တစ္ရက္    သိသိသာသာ တက္လာတယ္။ ၾကက္သြန္နီမွာ ရွယ္ႀကီး၊ လတ္ႀကီး၊  လတ္သန္႔၊  လတ္ေခ်ာဆုိၿပီး ရွိတယ္။ အရင္က လတ္ႀကီးတစ္ပိႆာကို ၀ယ္ရင္းေစ်း ေငြက်ပ္ ၁၃၀၀ ကေန အခု ၂၃၀၀ အထိျဖစ္လာတယ္။ က်န္တာေတြလည္း တက္တာပဲ။    ဒါက   ရန္ကုန္ၿမိဳ႕ ဘုရင့္ေနာင္ပဲြ႐ံုေစ်းကို ေျပာတာပါ။ အနာအဆာပါလာလုိ႔    ျပန္ေရာင္းတဲ့အခါ တစ္ပိႆာကို ေငြက်ပ္ ၂၅၀၀ မွမရရင္ အဆင္မေျပဘူး။ အရင္ႏွစ္ေတြတုန္းက  အသစ္ေပၚခ်ိန္ေလာက္ပဲ ကုန္ျပတ္လို႔ ေစ်းအနည္းငယ္တက္တာ။ အခုက်ေတာ့ အသစ္မေပၚေသးဘဲ ေစ်းတက္ေနတယ္” ဟု     ၾကက္သြန္နီ၀ယ္ေရာင္း ကုန္သည္ ေဒၚမ်ဳိးမ်ဳိး ကေျပာသည္။

 

Bakeries မုန္႔ဖုတ္လုပ္ငန္းေပါင္း ၅၆၆ ခုကိုရွာရန္ႏွိပ္ပါ။

 

ရခိုင္ျပည္နယ္ ေမာင္ေတာနယ္စပ္ ကုန္သြယ္ေရးမွ ဘဂၤလားေဒ့ရွ္ႏိုင္ငံသို႔ တင္ပို႔ သည့္ ကုန္အမ်ားဆံုးမွာ ၾကက္သြန္နီျဖစ္ၿပီး စက္တင္ဘာလတြင္  ၾကက္သြန္နီတန္ခ်ိန္  ၁၈၀ တင္ပို႔ခဲ့ေသာ္လည္း  ေအာက္တိုဘာလတြင္ တန္ခ်ိန္ ၁၁၀၀ ေက်ာ္အထိ တင္ပို႔ႏုိင္ခဲ့ေၾကာင္း၊ လက္ရွိတြင္ ေမာင္ေတာ နယ္စပ္ကုန္သြယ္ေရးမွ ဘဂၤလားေဒ့ရွ္ႏိုင္ငံသို႔ တစ္ရက္လွ်င္ ၾကက္သြန္နီတန္ခ်ိန္ ၄၀ မွ  ၈၀ အထိ တင္ပို႔ေနရသည္။

 

Read More >>>>>  ဆန္ ေျပာင္းႏွင့္ ဂ်ဳံတို႕ကို ကိုတာစနစ္ျဖင့္ တင္ပို႕လိုပါက ႏိုဝင္ဘာ ၁၅ ရက္မတုိင္မီ ေလွ်ာက္ထားရန္ သတ္မွတ္

 

ျပည္တြင္း၌ ၾကက္သြန္နီ အသစ္ေပၚခ်ိန္ တြင္ ပံုမွန္ ေစ်းတက္ေလ့ရွိၿပီး ေစ်းႏႈန္းအျမင့္ဆံုးမွာ ၂၀၁၅ ခုႏွစ္ကျဖစ္ကာ တစ္ပိႆာလွ်င္ ေငြက်ပ္ ၄၀၀၀ ႏႈန္းအထိ ျမင့္တက္ခဲ့သည္။

 

ရန္ကုန္ၿမိဳ႕ ဘုရင့္ေနာင္ကုန္စည္ဒိုင္သို႔ ၾကက္သြန္နီစုိက္ပ်ဳိးရာ ေဒသမ်ားျဖစ္သည့္ ျမင္းၿခံ၊ မံုရြာ၊ ပခုကၠဴ၊ ဆိပ္ျဖဴ၊ ေတာင္သာ၊ ျမစ္သား၊ ေပ်ာ္ဘြယ္၊ မင္းလွႏွင့္ ေရႊဘိုေဒသတုိ႔မွ  အဓိက၀င္ေရာက္ၿပီး  ဘုရင့္ေနာင္ကုန္စည္ဒိုင္မ်ားမွ တစ္ဆင့္    ျမန္မာႏုိင္ငံအႏွံ႔သို႔ ျပန္လည္ျဖန္႔ျဖဴး ေရာင္းခ်လ်က္ ရွိေၾကာင္း သိရသည္။  

 

Source: Myawaddy

 

 

Read times Last modified on Thursday, 06 February 2020 16:54
Rate this item
(0 votes)