Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


စံချိန်တင် ကျဆင်းခဲ့သည့် ခရမ်းချဉ်သီး အစိမ်းဈေးနှုန်း ထက်ဝက်ကျော် ပြန်လည်မြင့်တက်

ပြီးခဲ့သည့်တစ်ပတ်အတွင်းက စံချိန်တင်ကျဆင်းခဲ့သည့်   အင်းလေးဒေသထွက်  ခရမ်းချဉ်သီး အစိမ်းဈေးနှုန်းများ ယခုရက်အတွင်း ဈေးနှုန်းထက်ဝက်ကျော် 

ပြန်လည် မြင့်တက်လာကြောင်း ညောင်ရွှေမြို့ရှိ ခရမ်း ချဉ်သီးပွဲရုံများမှ သိရပါတယ်။

 

အင်းလေးဒေသထွက် ခရမ်းချဉ်သီးများမှာ ပြီးခဲ့သည့်တစ်ပတ်က အစိမ်းသီး တစ်တင်းလျှင် ငွေကျပ် ၈ဝဝဝ အထိ ဈေးနှုန်းကျဆင်းခဲ့ရာမှ   ငွေကျပ် ၁၉ဝဝဝ ဝန်းကျင်အထိ   ဈေးနှုန်း  ပြန်လည်မြင့်တက်လာခြင်းဖြစ်ကြောင်း  သိရပါတယ်။

 

''ဈေးပြန်တက်လာတယ်ဆိုပေမယ့် အစိမ်းသီး ဈေးတက်လာတာပါ။ အမှည့်ဈေးကတော့   မတက်သေးဘူး။  အခုရက်ပိုင်း အထွက်တော့ များနေတယ်။ ဒါပေမဲ့ ရောင်း လို့ရတဲ့အသီးထွက်ရှိမှု   နည်းနေသေးလို့ ဈေးပြန်တက်တာပါ'' ဟု  ညောင်ရွှေမြို့ရှိ  ခရမ်းချဉ်သီးပွဲရုံပိုင်ရှင်  မနန်းခမ်းကပြောကြားခဲ့ပါတယ်။

 

ပြီးခဲ့သည့်နှစ်က  ခရမ်းချဉ်သီးအစိမ်း  တစ်တင်းလျှင်  ငွေကျပ် ၃၅ဝဝဝ ဝန်းကျင် အထိ ဈေးနှုန်းရရှိခဲ့ပြီး ယခုနှစ်တွင် ဈေးမရရှိသည့်အပြင်  ပျက်စီးမှုများ ရှိခဲ့သဖြင့် တောင်သူများ အရှုံးပေါ်ခဲ့ကြောင်း   သိရပါတယ်။

 

''ဒီနှစ်အရှုံးများတော့  နောက်နှစ်အတွက်  စိုက်ဖို့တောင် အဆင်မပြေတော့ဘူး။ ပြီးတော့ ဒီကထွက်တဲ့ခရမ်းချဉ်သီးက  အမှည့်မြန်တော့ အမြန်ရောင်းနေရတယ်'' ဟု  ခရမ်း ချဉ်သီးစိုက်ပျိုးသူ ဦးစိုင်းပိုင် ကပြောကြားခဲ့ပါတယ်။

 

အင်းလေးဒေသမှ ထွက်ရှိသည့်  ခရမ်းချဉ်သီးများကို ရန်ကုန်၊ မန္တလေးနှင့် မုံရွာမြို့တို့ သို့ တင်ပို့ရောင်းချနေကြောင်း သိရပါတယ်။

 

Source: Myawady

 

 

Read times
Rate this item
(2 votes)