Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာ့ထုတ်ကုန်အမျိုးအစား ၃၀ ခန့်ကို ထိုင်းဈေးကွက်ဖြန့်ချိသူများနှင့် ချိတ်ဆက်ပေးမည်

Unicode

မြန်မာ့ထုတ်ကုန်အမျိုးအစား ၃၀ ခန့်ကို ထိုင်းဈေးကွက်ဖြန့်ချိသူများနှင့် ချိတ်ဆက်ပေးမည်

ထိုင်းနိုင်ငံ Siam Commercial Bank နှင့် ပူးပေါင်းပြီး အငယ်စား၊ အသေးစားနှင့် အလတ်စား (MSME) ထုတ်ကုန်များကို အိတ်စ်ပို့ဈေးကွက်ရရှိရေးအတွက် မြန်မာနိုင်ငံမှ ထုတ်ကုန်အမျိုးအစား ၃၀ ခန့်ကို ထိုင်းနိုင်ငံမှ ဖြန့်ချိသူများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနထံမှ သိရသည်။

 

ထိုင်းနိုင်ငံမှ FDA ရရှိရန် ဆောင်ရွက်ပေးခြင်း၊ အိတ်စ်ပို့ဈေးကွက်တင်ပို့မှုလုပ်ငန်းစဉ်တစ်လျှောက် လိုအပ်သည့် သင်တန်းများပို့ချခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ်တွင် စားသောက်ကုန်၊ လူသုံးကုန်နှင့် အဝတ်အထည်ကဏ္ဍများရှိ ထုတ်ကုန်အမျိုးအစား ၂၀ မှ ၃၀ ခန့်ကို ထိုင်းနိုင်ငံဈေးကွက်နှင့် ချိတ်ဆက်နိုင်ရေးအတွက် ပံ့ပိုးမှုများကို Siam Commercial Bank က ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

 

Business Plan ဆိုင်ရာ သိကောင်းစရာများ၊ Financial Management ဆိုင်ရာ သိကောင်းစရာများ၊ အခွန်ပေးသွင်းမှုဆိုင်ရာ သိကောင်းစရာများ၊ ထိုင်း FDA ရယူမှုဆိုင်ရာ သိကောင်းစရာများ၊ Digital (e-market)  ဆိုင်ရာ သိကောင်းစရာများ၊ Packaging & Branding ဆိုင်ရာ သိကောင်းစရာများကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ နောက်ဆုံးအပတ်တွင် MSME လုပ်ငန်းများကို ရန်ကုန်မြို့တွင် သင်တန်းပို့ချပေးမည်ဖြစ်ကြောင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနထံမှ သိရသည်။

 

ရွေးချယ်ခံရသည့် လုပ်ငန်းများကို ထိုင်းနိုင်ငံသို့ ခေါ်ဆောင်၍ သင်တန်းပို့ချခြင်းနှင့် ထုတ်ကုန်များကို ထိုင်း Distributor များနှင့် ဈေးကွက်ချိတ်ဆက်ပေးခြင်းတို့ကို လုပ်ဆောင်သွားမည်ဖြစ်ပြီး စိတ်ပါဝင်စားသည့် လုပ်ငန်းရှင်များအနေဖြင့် နိုဝင်ဘာလ ၂၀ ရက်နေ့ နောက်ဆုံးထား၍ သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီးစက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနများသို့ ဆက်သွယ်စာရင်း ပေးနိုင်ကြောင်း ယင်းဌာနထံမှ သိရသည်။

 

Read More >>>>>   တ႐ုတ္ေရႊသခြားေမႊးမ်ဳိးေစ့ကို လိုသေလာက္ဝယ္ယူမရ၍ ေတာင္သူမ်ားအခက္ႀကံဳ

 

 

ပါဝင်လျှောက်ထားသည့်လုပ်ငန်းများသည် စားသောက်ကုန်၊ လူသုံးကုန်နှင့် အဝတ်အထည်ကဏ္ဍမှ MSME များနှင့် Manufacturing Sector မှ စက်မှုလုပ်ငန်းများဖြစ်ရမည်ဖြစ်ပြီး အော်ဂဲနစ်ထုတ်ကုန်များ အဓိက ဖြစ်ရန်လိုအပ်သည်။

 

လက်ရှိတွင်လည်း ကုန်ထုတ်လုပ်ငန်းဆောင်ရွက်နေရမည်ဖြစ်ပြီး ပိုင်ရှင်ကိုယ်တိုင်ပါဝင်၍ သင်တန်းတက်ရမည်ဖြစ်ကာ ထိုင်းနိုင်ငံသို့ ထုတ်ကုန်နှင့်အတူ ကိုယ်တိုင်လိုက်ပါရမည်ဖြစ်ကြောင်း၊ ပြည်တွင်းဈေးကွက် ခိုင်မာစွာ ရောင်းချနေသည့်လုပ်ငန်းဖြစ်ရန် လိုအပ်ကြောင်း၊ ထုတ်ကုန်၏ အရည်အသွေးနှင့် ထုပ်ပိုးမှုကောင်းမွန်ရမည်ဖြစ်ပြီး Distributor နှင့် ချိတ်ဆက်ရရှိပါက ဝယ်လိုအားကိုပြည့်မီစေသည့် Mass Production  ထုတ်လုပ်နိုင်သူဖြစ်ရမည်ဖြစ်ကြောင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနထံမှ သိရသည်။

 

Source: The Voice

 

 

 

 

 

ျမန္မာ့ထုတ္ကုန္အမ်ဳိးအစား ၃၀ ခန္႕ကို ထိုင္းေစ်းကြက္ျဖန္႕ခ်ိသူမ်ားႏွင့္ ခ်ိတ္ဆက္ေပးမည္

 

ထိုင္းႏိုင္ငံ Siam Commercial Bank ႏွင့္ ပူးေပါင္းၿပီး အငယ္စား၊ အေသးစားႏွင့္ အလတ္စား (MSME) ထုတ္ကုန္မ်ားကို အိတ္စ္ပို႕ေစ်းကြက္ရရွိေရးအတြက္ ျမန္မာႏိုင္ငံမွ ထုတ္ကုန္အမ်ဳိးအစား ၃၀ ခန္႕ကို ထိုင္းနိုင္ငံမွ ျဖန္႕ခ်ိသူမ်ားႏွင့္ ခ်ိတ္ဆက္ေဆာင္ရြက္ေပးမည္ျဖစ္ေၾကာင္း စက္မႈႀကီးၾကပ္ေရးႏွင့္ စစ္ေဆးေရးဦးစီးဌာနထံမွ သိရသည္။

 

ထိုင္းႏို္င္ငံမွ FDA ရရွိရန္ ေဆာင္ရြက္ေပးျခင္း၊ အိတ္စ္ပို႕ေစ်းကြက္တင္ပို႕မႈလုပ္ငန္းစဥ္တစ္ေလွ်ာက္ လိုအပ္သည့္ သင္တန္းမ်ားပို႕ခ်ျခင္းတို႕ကို ေဆာင္ရြက္လ်က္ရွိရာ ၂၀၁၉ ခုႏွစ္တြင္ စားေသာက္ကုန္၊ လူသံုးကုန္ႏွင့္ အဝတ္အထည္က႑မ်ားရွိ ထုတ္ကုန္အမ်ဳိးအစား ၂၀ မွ ၃၀ ခန္႕ကို ထိုင္းႏိုင္ငံေစ်းကြက္ႏွင့္ ခ်ိတ္ဆက္ႏိုင္ေရးအတြက္ ပံ့ပိုးမႈမ်ားကို Siam Commercial Bank က ေဆာင္ရြက္ေပးသြား မည္ျဖစ္ေၾကာင္း ယင္းဌာနထံမွ သိရသည္။

 

Business Plan ဆိုင္ရာ သိေကာင္းစရာမ်ား၊ Financial Management ဆိုင္ရာ သိေကာင္းစရာမ်ား၊ အခြန္ေပးသြင္းမႈဆိုင္ရာ သိေကာင္းစရာမ်ား၊ ထိုင္း FDA ရယူမႈဆိုင္ရာ သိေကာင္းစရာမ်ား၊ Digital (e-market)  ဆိုင္ရာ သိေကာင္းစရာမ်ား၊ Packaging & Branding ဆိုင္ရာ သိေကာင္းစရာမ်ားကို ၂၀၁၉ ခုႏွစ္၊ ႏိုဝင္ဘာလ ေနာက္ဆံုးအပတ္တြင္ MSME လုပ္ငန္းမ်ားကို ရန္ကုန္ၿမိဳ ႔တြင္ သင္တန္းပို႕ခ်ေပးမည္ျဖစ္ေၾကာင္း စက္မႈႀကီးၾကပ္ေရးႏွင့္ စစ္ေဆးေရးဦးစီးဌာနထံမွ သိရသည္။

 

ေရြးခ်ယ္ခံရသည့္ လုပ္ငန္းမ်ားကို ထိုင္းႏိုင္ငံသို႕ ေခၚေဆာင္၍ သင္တန္းပို႕ခ်ျခင္းႏွင့္ ထုတ္ကုန္မ်ားကို ထိုင္း Distributor မ်ားႏွင့္ ေစ်းကြက္ခ်ိတ္ဆက္ေပးျခင္းတို႕ကို လုပ္ေဆာင္သြားမည္ျဖစ္ၿပီး စိတ္ပါဝင္စားသည့္ လုပ္ငန္းရွင္မ်ားအေနျဖင့္ ႏိုဝင္ဘာလ ၂၀ ရက္ေန႕ ေနာက္ဆံုးထား၍ သက္ဆိုင္ရာ ျပည္နယ္ႏွင့္တိုင္းေဒသႀကီးစက္မႈႀကီးၾကပ္ေရးႏွင့္ စစ္ေဆးေရးဦးစီးဌာနမ်ားသုိ႕ ဆက္သြယ္စာရင္း ေပးႏိုင္ေၾကာင္း ယင္းဌာနထံမွ သိရသည္။

 

Read More >>>>>   တ႐ုတ္ေရႊသခြားေမႊးမ်ဳိးေစ့ကို လိုသေလာက္ဝယ္ယူမရ၍ ေတာင္သူမ်ားအခက္ႀကံဳ

 

ပါဝင္ေလွ်ာက္ထားသည့္လုပ္ငန္းမ်ားသည္ စားေသာက္ကုန္၊ လူသံုးကုန္ႏွင့္ အဝတ္အထည္က႑မွ MSME မ်ားႏွင့္ Manufacturing Sector မွ စက္မႈလုပ္ငန္းမ်ားျဖစ္ရမည္ျဖစ္ၿပီး ေအာ္ဂဲနစ္ထုတ္ကုန္မ်ား အဓိက ျဖစ္ရန္လိုအပ္သည္။

 

လက္ရွိတြင္လည္း ကုန္ထုတ္လုပ္ငန္းေဆာင္ရြက္ေနရမည္ျဖစ္ၿပီး ပိုင္ရွင္ကိုယ္တိုင္ပါဝင္၍ သင္တန္းတက္ရမည္ျဖစ္ကာ ထိုင္းႏိုင္ငံသို႕ ထုတ္ကုန္ႏွင့္အတူ ကုိယ္တိုင္လုိက္ပါရမည္ျဖစ္ေၾကာင္း၊ ျပည္တြင္းေစ်းကြက္ ခိုင္မာစြာ ေရာင္းခ်ေနသည့္လုပ္ငန္းျဖစ္ရန္ လိုအပ္ေၾကာင္း၊ ထုတ္ကုန္၏ အရည္အေသြးႏွင့္ ထုပ္ပိုးမႈေကာင္းမြန္ရမည္ျဖစ္ၿပီး Distributor ႏွင့္ ခိ်တ္ဆက္ရရွိပါက ဝယ္လိုအားကိုျပည့္မီေစသည့္ Mass Production  ထုတ္လုပ္ႏိုင္သူျဖစ္ရမည္ျဖစ္ေၾကာင္း စက္မႈႀကီးၾကပ္ေရးႏွင့္ စစ္ေဆးေရးဦးစီးဌာနထံမွ သိရသည္။

 

Source: The Voice

Read times Last modified on Thursday, 06 February 2020 16:26
Rate this item
(0 votes)