Food & Livestock
၂၀၂၂ ခုနှစ်၊ ဇူလိုင်လအတွက် စားနပ်ရိက္ခာဈေးနှုန်းညွှန်းကိန်း ထုတ်ပြန်

အီတလီနိုင်ငံ၊ ရောမမြို့အခြေစိုက် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့( Food and Agriculture Organization- FAO) မှ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လအတွက် စာနပ်ရိက္ခာဈေးနှုန်း ညွှန်းကိန်း (FAO Food price Index-FFPI) သည် အနည်းငယ်ဆက်လက်ကျဆင်းခဲ့ပြီး စတုတ္ထ မြောက်အနေဖြင့် ဆက်လက်ကျဆင်းခဲ့ကြောင်း၊ ပျမ်းမျှ ၁၄၀.၉ မှတ်ရှိခဲ့ပြီး ဇွန်လအောက် ၁၃.၃ မှတ်(၈.၆) ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ နှံစားသီးနှံဈေးနှုန်းညွှန်းကိန်း (Cereal Price Index) မှာ ဇူလိုင်လတွင် ပျမ်းမျှ ၁၄၇.၃ မှတ်ရှိခဲ့ပြီး ဇွန်လအောက် ၁၉.၁ မှတ် (၁၁.၅ ရာခိုင်နှုန်း) ကျဆင်းခဲ့ကြောင်း၊ ကမ္ဘာ့ဂျုံဈေးနှုန်းသည်လည်း ဇူလိုင်လတွင် ၁၄.၅ ရာခိုင်နှုန်းကျဆင်းခဲ့ရာ ယင်းသည် ယူကရိန်းနိုင်ငံ၏ အဓိကပင်လယ်နက်ဆိပ်ကမ်းများ ပိတ်ဆို့ထားမှုကို ဖွင့်လှစ်ရန် ယူကရိန်းနှင့် ရုရှတို့အကြား သဘောတူညီချက်ရရှိခဲ့ပြီး ယူကရိန်းနိုင်ငံမှ အစေ့အဆန်တင်ပို့မှုကို ပြန်လည်စတင်စေခြင်းနှင့်လည်း သက်ဆိုင်နေပါသည်။
ကမ္ဘာ့ဈေးကွက်တွင်
-
အစေ့အဆံဈေးနှုန်း (Coarse Grains) သည်လည်း စတုတ္ထမြောက်လအနေဖြင့် ၁၁.၂ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊
-
ဟင်းသီးဟင်းရွက်ဈေးနှုန်း (Vegetable Oil Price Index) မှာ ဇူလိုင်လတွင် ပျမ်းမျှ ၁၇၁.၁ မှတ်ရှိခဲ့ပြီး၊ ယင်းသည် ဇွန်လအောက် ၄၀.၇ မှတ် (၁၉.၂ ရာခိုင်နှုန်း)ကျဆင်းခဲ့ကြောင်း၊
-
နို့ထွက်ပစ္စည်းများ၏ ဈေးနှုန်း ညွှန်းကိန်း (Dairy Price Index) မှာ ဇူလိုင်လတွင် ပျမ်းမျှ ၁၄၆.၄ မှတ်ရှိခဲ့ပြီး ဇွန်လအောက် ၃.၈ မှတ် (၂.၅ ရာခိုင်နှုန်း) ကျဆင်းခဲ့ကြောင်း၊
-
အသားဈေးနှုန်းညွှန်းကိန်း (Meat Price Index) ဇူလိုင်လတွင် ပျမ်းမျှ ၁၂၄.၀ မှတ်ရှိခဲ့ပြီး ဇွန်လအောက် ၀.၆ မှတ် (၀.၅ ရာခိုင်နှုန်း) ကျဆင်းခဲ့ ကြောင်း၊
-
သကြားဈေးနှုန်းညွှန်းကိန်း (Sugar Price Index) မှာ ဇူလိုင်လတွင် ပျမ်းမျှ ၁၁၂.၈ မှတ်ရှိခဲ့ပြီး ဇွန်လအောက် ၄.၄ မှတ် (၃.၈ ရာခိုင်နှုန်း) ကျဆင်းခဲ့ကြောင်း
သိရှိရပါသည်။
#MyanmarFoodIndustryGuide
Telegram Channel https://t.me/Guid4U
Source : MOALI