Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်ပသို့ တန်ချိန်အချို့ တင်ပို့နေ၍ မတ်ပဲနှင့် ပဲစင်းငုံဈေး အနည်းငယ် ပြန်တက်

 ပြည်ပသို့ မတ်ပဲနှင့် ပဲ စင်းငုံတန်ချိန်အချို့ တင်ပို့နေ၍ ပြည်တွင်းဈေးကွက်တွင် ဈေးနှုန်း အနည်းငယ်ပြန်တက်လာကြောင်း

မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန် သည်အသင်း အတွင်းရေးမှူးက ပြောသည်။

 

ပြည်တွင်းဈေးကွက်တွင် နို ၀င်ဘာ ပထမပတ်အတွင်း မတ်ပဲတစ်တန်လျှင် ကျပ်လေးသိန်း ခုနစ်သောင်းမှ ကျပ်လေးသိန်း ကိုးသောင်း၊ ပဲစင်းငုံ တစ်တန်လျှင် ကျပ်သုံးသိန်းနှစ်သောင်းမှ ကျပ်သုံးသိန်းသုံးသောင်းခွဲသို့ မြင့်တက်လာကြောင်း အတွင်းရေးမှူးဦးမင်းကိုဦးက ပြောကြားသည်။

 

အိန္ဒိယနိုင်ငံမှ မတ်ပဲနှင့် ပဲ စင်းငုံ ၀ယ်ယူမှု ရပ်ထားသော် လည်း ပါကစ္စတန်၊ နီပေါနှင့် ဘင်္ဂ လားဒေ့ရှ်နိုင်ငံတို့မှ မတ်ပဲနှင့် ပဲ စင်းငုံဝယ်လိုအားအချို့ ရှိနေပြီး တစ်လလျှင် တန် နှစ်ထောင်ခန့် တင်ပို့နေကြောင်း ပြည်ပသို့ ပဲတင်ပို့နေသည့် ဘုရင့်နောင်ကုန်စည် ဒိုင်မှ ကုန်သည်တစ်ဦးက ပြောသည်။

 

ထို့ကြောင့်တန်ဆောင်တိုင် ရုံးပိတ်ရက် ကုန်ဆုံးပြီးနောက် ကုန်စည်ဒိုင် ဖွင့်ချိန်တွင် ပြည်ပ ၀ယ်လိုအားကြောင့် မတ်ပဲတစ် တန်လျှင် ကျပ်တစ်သောင်းခွဲနှင့် ပဲစင်းငုံ တစ်တန်လျှင် ကျပ်တစ် သောင်းခန့် ဈေးနှုန်းမြင့်တက်လာ ကြောင်း ၎င်းကဆိုသည်။

 

 ‘‘အိန္ဒိယက မ၀ယ်ပေမယ့် တခြားနိုင်ငံကို ပဲတင်ပို့မှုတွေက ရှိနေတယ်။ သူတို့ဝယ်အားက တော့ပုံမှန်ပဲ’’ဟု ဦးမင်းကိုဦးက ပြောသည်။

 

မတ်ပဲနှင့် ပဲစင်းငုံကို ယခင် က အိန္ဒိယနိုင်ငံသို့ အဓိကအား ထားတင်ပို့နေသော်လည်း သြဂုတ်အတွင်း အိန္ဒိယအစိုးရ၏ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း ပဲအ၀ယ် ကန့်သတ်မှုကြောင့် မြန်မာ့ပဲကို အခြားဈေးကွက်များသို့ ပိုမိုတင်ပို့နိုင်ရန် ဈေးကွက်ရှာဖွေနေသည်။

 

အိန္ဒိယနိုင်ငံမှ မတ်ပဲနှင့် ပဲ စင်းငုံဝယ်ယူစဉ်က မတ်ပဲ တစ် တန်လျှင် ကျပ်ရှစ်သိန်းခန့်နှင့် ပဲ စင်းငုံတစ်တန်လျှင် ကျပ်ခုနစ်သိန်းခန့် ဈေးနှုန်းရှိသော်လည်းပဲအ၀ယ်ကန့်သတ်ပြီးနောက်ပိုင်း၌ဈေးနှုန်းထက်ဝက်ကျော် ကျဆင်းခဲ့သည်။

 

ထို့ကြောင့် မတ်ပဲနှင့် ပဲစင်း ငုံဈေးနှုန်းများစွာ မကျဆင်းစေ ရန် မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်း ကုန်သည်အသင်း၊ ဘုရင့်နောင် ပဲကုန်စည်ဒိုင်တို့က မတ်ပဲတစ် တန်လျှင် ကျပ်ငါးသိန်း၊ ပဲစင်းငုံ တစ်တန်လျှင် ကျပ်လေးသိန်းဈေး နှုန်း သတ်မှတ်ပြီး တန်ချိန်ကန့် သတ်ဝယ်ယူခဲ့သည်။

 

အိန္ဒိယနိုင်ငံက ပဲစင်းငုံဝယ် ယူမှု ရပ်ဆိုင်းထားချိန်တွင် ပြည် တွင်း၌ ဈေးနှုန်းများစွာ ကျဆင်း မည်ကို စိုးရိမ်သဖြင့် ပဲစင်းငုံများ အသစ်ပေါ်ချိန်တွင် ဈေးနှုန်းသတ် မှတ်ဝယ်ယူပေးရန် အစိုးရက စီး ပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနသို့ ကျပ် ၁၅ ဘီ လီယံချထားပေးခဲ့သည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 15:36
Rate this item
(1 Vote)