Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဝဥခြောက်စက်ရုံမှ ထွက်ရှိသည့် ထုတ်ကုန်များကို တရုတ်နိုင်ငံသို့ တိုက်ရိုက်တင်ပို့မည်

Unicode

ဝဥခြောက်စက်ရုံမှ ထွက်ရှိသည့် ထုတ်ကုန်များကို တရုတ်နိုင်ငံသို့ တိုက်ရိုက်တင်ပို့မည်


ချင်းပြည်နယ် မင်းတပ်မြို့နယ်၌  ဖွင့်လှစ်မည့် ဝဥခြောက်စက်ရုံမှ ထွက်ရှိသည့် ဝဥခြောက်များကို မူဆယ်နယ်စပ်မှတစ်ဆင့်  တရုတ်နိုင်ငံသို့  တိုက်ရိုက်တင်ပို့မည်ဖြစ်ကြောင်း  မြန်မာနိုင်ငံ ဝဥစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်းဥက္ကဋ္ဌ  ဦးကျော်သူ၏ ပြောဆိုချက်အရ သိရပါတယ်။

 

လတ်တလောတွင် ချင်းပြည်နယ်မှ ထွက်ရှိသည့် ဝဥများကို အစိုအတိုင်းသာ မန္တလေးမြို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိပြီး စက်ရုံဖွင့်လှစ်ပါက ပိုမိုအဆင်ပြေနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။

 

''မင်းတပ်မှာ ဝဥခြောက်စက်ရုံရှိလာရင် ဝဥခြောက်ကုန်ချောတွေ ရရှိမှာပါ။ ကုန်ကြမ်းရောင်းရတာထက်စာရင် ကုန်ချောရောင်းရတာ ပိုအဆင်ပြေတယ်။ အခုစာချုပ်တွေလည်း ချုပ်ထားပါတယ်''ဟု ဦးကျော်သူကပြောကြားခဲ့ပါတယ်။

 

ထို့ပြင် စက်ရုံပြီးစီးပါက ဝဥတန်ချိန်အစို  ၁၅  တန်၊  ဝဥခြောက်  နှစ်တန်မှ သုံးတန်ကြားထွက်ရှိမည်ဖြစ်ရာ စုစုပေါင်း တန်ချိန် ၂ဝ ဝန်းကျင်ထွက်ရှိနိုင်ကြောင်း သိရပါတယ်။

 

Read More >>>>>    ပန္းၿခံမ်ားတြင္ စားေသာက္ဆိုင္မ်ား စနစ္တက်ဖြင့္လွစ္ရန္စီစဥ္

 

၂ဝ၁၇ ခုနှစ်မှ  ၂ဝ၂ဝ ပြည့်နှစ် ဖေဖော်ဝါရီလအထိ ချင်းပြည်နယ်တောင်ပိုင်းရှိ မင်းတပ်၊ ကန်ပက်လက်နှင့် မတူပီမြို့နယ်တို့၌ UK-aid^ DaNa Facility ၏ အကူအညီဖြင့် ထောပတ်၊ ကော်ဖီ၊ ဝဥသီးနှံများ တန်ဖိုးမြှင့် ကွင်းဆက်စီမံကိန်းအဖြစ် ဆောင်ရွက်လျက်ရှိရာ ယင်းစီမံကိန်းများတွင် ပါဝင်သည့် တောင်သူ ၈ဝဝ ကျော်၏ ငွေကြေးဖြင့် ယခုဖွင့်လှစ်မည့် ဝဥခြောက်စက်ရုံကို တည်ဆောက်နေခြင်းဖြစ်ကြောင်း ချင်းပြည်နယ်တောင်ပိုင်း သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းဥက္ကဋ္ဌ ဦးမိုးကျော်သူက ပြောကြားခဲ့ပါတယ်။

 

ယင်းဝဥခြောက်စက်ရုံ မြေနေရာ၊ စက်ပစ္စည်းနှင့်  တစ်နှစ်ပတ်လုံးထုတ်လုပ်ရန် ကုန်ကြမ်းများအပါအဝင် စုစုပေါင်း ငွေကျပ် သိန်းပေါင်း တစ်သောင်းခန့် အကုန်အကျခံကာ  တည်ဆောက်ထားကြောင်း  သိရပါတယ်။

 

Source: Myawaddy

 

 

 

ဝဥေျခာက္စက္႐ုံမွ ထြက္ရွိသည့္ ထုတ္ကုန္မ်ားကို တ႐ုတ္ႏိုင္ငံသို႔ တိုက္႐ိုက္တင္ပို႔မည္

 

ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕နယ္၌  ဖြင့္လွစ္မည့္ ဝဥေျခာက္စက္႐ုံမွ ထြက္ရွိသည့္ ဝဥေျခာက္မ်ားကို မူဆယ္နယ္စပ္မွတစ္ဆင့္  တ႐ုတ္ႏိုင္ငံသို႔  တိုက္႐ိုက္တင္ပို႔မည္ျဖစ္ေၾကာင္း  ျမန္မာႏိုင္ငံ ဝဥစုိက္ပ်ဳိးထုတ္လုပ္တင္ပို႔ ေရာင္းခ်သူမ်ား အသင္းဥကၠ႒  ဦးေက်ာ္သူ၏ ေျပာဆိုခ်က္အရ သိရပါတယ္။

 

လတ္တေလာတြင္ ခ်င္းျပည္နယ္မွ ထြက္ရွိသည့္ ဝဥမ်ားကို အစိုအတိုင္းသာ မႏၲေလးၿမိဳ႕မွတစ္ဆင့္ တ႐ုတ္ႏိုင္ငံသို႔ တင္ပို႔လ်က္ရွိၿပီး စက္႐ုံဖြင့္လွစ္ပါက ပိုမိုအဆင္ေျပႏိုင္မည္ျဖစ္ေၾကာင္္း သိရပါတယ္။

 

''မင္းတပ္မွာ ဝဥေျခာက္စက္႐ုံရွိလာရင္ ဝဥေျခာက္ကုန္ေခ်ာေတြ ရရွိမွာပါ။ ကုန္ၾကမ္းေရာင္းရတာထက္စာရင္ ကုန္ေခ်ာေရာင္းရတာ ပိုအဆင္ေျပတယ္။ အခုစာခ်ဳပ္ေတြလည္း ခ်ဳပ္ထားပါတယ္''ဟု ဦးေက်ာ္သူကေျပာၾကားခဲ့ပါတယ္။

 

ထို႔ျပင္ စက္႐ုံၿပီးစီးပါက ဝဥတန္ခ်ိန္အစို  ၁၅  တန္၊  ဝဥေျခာက္  ႏွစ္တန္မွ သုံးတန္ၾကားထြက္ရွိမည္ျဖစ္ရာ စုစုေပါင္း တန္ခ်ိန္ ၂ဝ ဝန္းက်င္ထြက္ရွိႏိုင္ေၾကာင္း သိရပါတယ္။

 

Read More >>>>>    ပန္းၿခံမ်ားတြင္ စားေသာက္ဆိုင္မ်ား စနစ္တက်ဖြင့္လွစ္ရန္စီစဥ္

 

၂ဝ၁၇ ခုႏွစ္မွ  ၂ဝ၂ဝ ျပည့္ႏွစ္ ေဖေဖာ္ဝါရီလအထိ ခ်င္းျပည္နယ္ေတာင္ပိုင္းရွိ မင္းတပ္၊ ကန္ပက္လက္ႏွင့္ မတူပီၿမိဳ႕နယ္တို႔၌ UK-aid^ DaNa Facility ၏ အကူအညီျဖင့္ ေထာပတ္၊ ေကာ္ဖီ၊ ဝဥသီးႏွံမ်ား တန္ဖိုးျမႇင့္ ကြင္းဆက္စီမံကိန္းအျဖစ္ ေဆာင္ရြက္လ်က္ရွိရာ ယင္းစီမံကိန္းမ်ားတြင္ ပါဝင္သည့္ ေတာင္သူ ၈ဝဝ ေက်ာ္၏ ေငြေၾကးျဖင့္ ယခုဖြင့္လွစ္မည့္ ဝဥေျခာက္စက္႐ုံကို တည္ေဆာက္ေနျခင္းျဖစ္ေၾကာင္း ခ်င္းျပည္နယ္ေတာင္ပိုင္း သစ္သီးဝလံ၊ ပန္းမန္ႏွင့္ ဟင္းသီးဟင္းရြက္ စုိက္ပ်ဳိးထုတ္လုပ္တင္ပို႔ေရာင္းခ်သူမ်ား အသင္းဥကၠ႒ ဦးမိုးေက်ာ္သူက ေျပာၾကားခဲ့ပါတယ္။

 

ယင္းဝဥေျခာက္စက္႐ုံ ေျမေနရာ၊ စက္ပစၥည္းႏွင့္  တစ္ႏွစ္ပတ္လုံးထုတ္လုပ္ရန္ ကုန္ၾကမ္းမ်ားအပါအဝင္ စုစုေပါင္း ေငြက်ပ္ သိန္းေပါင္း တစ္ေသာင္းခန္႔ အကုန္အက်ခံကာ  တည္ေဆာက္ထားေၾကာင္း  သိရပါတယ္။

 

Source: Myawaddy

Read times Last modified on Tuesday, 04 February 2020 11:36
Rate this item
(0 votes)