Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဖိလစ်ပိုင်နိုင်ငံတစ်ဝှမ်းတွင် လှောင်သကြားများ ဖော်ထုတ်

ဖိလစ်ပိုင်နိုင်ငံတစ်ဝှမ်းတွင် လှောင်သကြားများ ဖော်ထုတ်

ဖိလစ်ပိုင်နိုင်ငံမှ အကောက်ခွန်ဗျူရိုသည် နိုင်ငံတစ်ဝှမ်းရှိ ဂိုဒေါင်များကို ဝင်ရောက်စစ်ဆေးပြီးနောက် အချို့သော ဂိုဒေါင်များတွင်  သကြားအိတ်အနည်းဆုံး  ၂၁၄,၀၀၀ အိတ်ကို တွေ့ရှိခဲ့သည်။

မကြာသေးခင်က  Meycauayan, Bulacan တွင် ပီဆို သန်း ၁၃၀ ဖိုးရှိ ထိုင်းသကြားများကို အကောက်ခွန်ဝန်ထမ်းများက တွေ့ရှိခဲ့သည်။

ထိုတွေ့ရှိမှုကြောင့် ဒေသခံတောင်သူများနှင့် သကြားသမားများ အမျက်ဒေါသထွက်ခဲ့ကြသည်။ တရားမဝင် တင်သွင်းထားသော ပြည်ပသကြားများကြောင့် ပြည်တွင်းသကြားဈေးနှုန်း ထိခိုက်နိုင်သဖြင့် မကျေမနပ် ဖြစ်ကြခြင်း ဖြစ်သည်။

အစိုးရက တနင်္ဂနွေနေ့ (ဩဂုတ် ၂၁) တွင် ထုတ်ပြန်ကြေညာခဲ့ရာ၌ Luzon ရှိ ကုန်လှောင်ရုံများတွင် သကြားတန်ချိန် ထောင်နှင့်ချီပြီးသိုလှောင်ထားသည်ကို တွေ့ရှိခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အဖျော်ယမကာ၊ စားသောက်ကုန်နှင့် ပေါင်မုန့် လုပ်ငန်းများက သကြားပြတ်လပ်လျက်ရှိကြောင်း အစိုးရထံ အစီရင်ခံကြရသည်မှာ သကြားလှောင်လက်များက ဈေးမြှင့်တင်ရန် ဈေးကွက်ထဲ သကြားပြတ်လပ်အောင် ဖန်တီးထားခြင်း ဖြစ်ကြောင်း အစိုးရက ပြောကြားသည်။

အကောက်ခွန်ဗျူရို Bureau of Customs (BOC) သည် သမ္မတနန်းတော်မှ ညွှန်ကြားချက်အရ  Luzon ကျွန်းကြီးပေါ်မှာ တည်ရှိသည့် ကယ်လွန်ကန်စီးတီး၊ မနီလာ၊ ဒါဗာအို အစရှိသော မြို့ကြီးများရှိ သိုလှောင်ရုံများကို Customs Intelligence and Investigation Service (CIIS) က ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ Luzon ကျွန်းတစ်ခုတည်းမှာတင် လှောင်သကြား အိတ်ပေါင်း  ၂၁၄,၀၀၀ (မက်ထရစ်တန် ၁၀,၇၀၀ ခန့်) ကို ရှာဖွေတွေ့ရှိခဲ့သည်။  Subic Freeport တွင် တစ်နေရာတည်းမှာ ထိုင်းသကြား ၁၄၀,၀၀၀ အိတ် (၇,၀၀၀ မက်ထရစ်တန်) တွေ့ရှိခဲ့ပါသည်။ 

CIIS ရဲ့ စစ်ဆေးတွေ့ရှိချက်အရ သကြားအများစုဟာ ထိုင်းသကြားများဖြစ်ပြီး ဖေဖော်ဝါရီလမှာ ထုတ်ပေးခဲ့သည့် Sugar Order No. 3 (SO3) သွင်းကုန်ပါမစ်ကို အကြိမ်ကြိမ် ပြန်သုံးပြီး တင်သွင်းထားခြင်း ဖြစ်ပါသည်။ Sugar Regulatory Administration (SRA) မှ ထုတ်ပေးခဲ့သည့် ပါမစ် ဖြစ်ပါသည်။

 SO3 ပါမစ်ကို စိုက်ပျိုးရေး အမြဲတန်းအတွင်းဝန်က လက်မှတ်ရေးထိုးပြီး ထုတ်ပေးခဲ့ပါသည်။ သကြားအသန့် တန်ချိန် စုစုပေါင်း မက်ထရစ်တန် ၂ သိန်း တင်သွင်းရန် ခွင့်ပြုသည့် ပါမစ် ဖြစ်ပါသည်။

မက်ထရစ်တန် ၁ သိန်းကို လက်လီရောင်းချရန်အတွက် ဖြစ်ပြီး ကျန်သည့် မက်ထရစ်တန် ၁ သိန်းကို ဖျော်ရည်ဘူး ထုတ်လုပ်သူများအတွက် ဖြစ်ပါသည်။

ဂိုဒေါင်များ လိုက်လံစစ်ဆေးခြင်းမပြုမီ ရက်အနည်းငယ်အလိုတွင် အစားအသောက်ထုတ်လုပ်သူများနှင့် အဖျော်ယမကာထုတ်လုပ်သူများအား မာလာကနန် Malacañang  သမ္မတနန်းတော်သို့ ခေါ်ယူတွေ့ဆုံခဲ့ရာ လုပ်ငန်းရှင်များက ဈေးကွက်အတွင်းသကြားမရရှိမှုနှင့်ပတ်သက်၍ သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာကို တိုင်ကြားခဲ့ကြသည်။

သမ္မတက ဖျော်ရည် လုပ်ငန်းရှင်များကိုယ်တိုင် သကြားအသန့်ကို တိုက်ရိုက်တင်သွင်းရန် ပါမစ်ချပေးဖို့ SRA ကို ညွှန်ကြားပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သကြားအသန့် တန်ချိန် ၁ သိန်းခွဲ ပါမစ်ချပေးမည်ဟု ပြောကြားသည်။

Coca-Cola Beverages Philippines က ကြေညာချက် ထုတ်ပြန်ရာတွင် ၎င်းတို့ တိုင်ကြားချက်အပေါ် ချက်ချင်းအရေးတယူ လုပ်ဆောင်မှုအတွက် သမ္မတကို ကျေးဇူးတင်ရှိကြောင်း၊ သို့သော် အဖျော်ယမကာလုပ်ငန်းကဏ္ဍသည် ဘူးသွပ်ဖျော်ရည်များအတွက် တစ်နှစ်တာ ကုန်ထုတ်စွမ်းအား ရာနှုန်းပြည့် ထုတ်လုပ်ရန်  ဘူးဖျော်ရည်သုံး ပရီမီယံ အကောင်းစား သကြားအသန့် မက်ထရစ်တန် ၄ သိန်းခွဲ လိုအပ်ကြောင်း ဖော်ပြထားသည်။

ယခင်ကတည်းက မက်ထရစ်တန်ချိန် ၂ သိန်း ကွာဟနေခဲ့ပြီး ယခု မက်ထရစ်တန်ချိန် ၄ သိန်း ထပ်တိုးကွာဟသည်။ သို့ဖြစ်ရာ တစ်နှစ်လုံးအတွက် မက်ထရစ်တန်ချိန် ၂.၃ သန်း တင်သွင်းပေးဖို့ လိုအပ်လိမ့်မည်ဟု Coca-Cola က တင်ပြထားပါသည်။

Source ANN

#MyanmarFoodIndustryGuide 

Telegram Channel https://t.me/Guid4U

 

 

Read times
Rate this item
(0 votes)