Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


၂၀၁၈-၁၉ ဘဏ္ဍာနှစ်စ ကုန်သွယ်မှုပမာဏတွင် ပုဂ္ဂလိကကဏ္ဍမှ ၈၆ ရာခိုင်နှုန်းပါဝင်

၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွင်း ပြည်ပကုန်သွယ်မှုကဏ္ဍမှ ၀င်ငွေ အမေရိကန်ဒေါ်လာ ၅ ဒသမ ၅၀၆ ဘီလီယံအထိ ရရှိခဲ့ပြီး ပုဂ္ဂလိကကဏ္ဍမှ ၈၆ ရာခိုင်နှုန်းအထိ ပါဝင်ကြောင်း

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးသူထံမှ သိရပါတယ်။

 

အောက်တိုဘာလမှ နိုဝင်ဘာလအထိ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၅ ဒသမ ၅၀၆ ဘီလီယံအထိ ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ သုည ဒသမ ၃၅၃ ဘီလီယံ ပိုမိုကုန်သွယ်နိုင်ခဲ့ကာ ယင်းကုန်သွယ်ပမာဏထဲမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၇၂၀ ဘီလီယံမှာ ပုဂ္ဂလိကကဏ္ဍမှ ဖြစ်ကြောင်း သိရပါတယ်။

 

"ကုန်သွယ်မှုပမာဏတွေကိုကြည့်ရင် သွင်းကုန်တန်ဖိုးက ပို့ကုန်တန်ဖိုးထက်များနေလို့ ပို့ကုန်ကို တိုးမြှင့်ဆောင်ရွက်ပြီး သွင်းကုန်အစားထိုး ထုတ်လုပ်နိုင်ဖို့ လိုပါတယ်။ လူသုံးကုန်လိုပစ္စည်းတွေ တင်သွင်းတာ လျှော့ချဖို့နဲ့ အလားအလာရှိတဲ့ ကုန်ပစ္စည်းတွေ ထုတ်လုပ်နိုင်ဖို့လိုအပ်ပါတယ်။ နှစ်စဉ်ပုဂ္ဂလိကကဏ္ဍက ပိုမိုကုန်သွယ်ထားနိုင်တယ်" ဟု ဦးမျိုးသူက ပြောကြားခဲ့ ပါတယ်။

 

ပြည်တွင်းပြည်ပကုန်သွယ်ရေးလုပ်ငန်းများတွင် ပြည်တွင်းကုန်ထုတ်လုပ်ရန် အရင်းအနှီးအလားအလာရှိသည့် ထုတ်ကုန်လုပ်ငန်း များအတွက် သွင်းကုန် ကုန်ကြမ်းများကို သင့်လျော်သည့်အချိန် အခွန်နှုန်းများထားများ လျှော့ချသတ်မှတ်ပေးခြင်းနှင့် ထုတ်လုပ်ရန် အလားအလာရှိသော ပြည်ပမှ ကုန်ချောပစ္စည်းများတင်သွင်းမှုကို အခွန်နှုန်းထားတိုးမြှင့် သတ်မှတ်ခြင်းများလုပ်ဆောင်ရန် လိုအပ် ကြောင်း သိရပါတယ်။

 

Source: Myawady

Read times
Rate this item
(1 Vote)