Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ လက်ရှိ ဆန်စပါးဈေးကွက် အခြေအနေကို ထုတ်ပြန်

Unicode >>>>>

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ လက်ရှိ ဆန်စပါးဈေးကွက် အခြေအနေကို ထုတ်ပြန်


မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ လက်ရှိ ဆန်စပါးဈေးကွက်အခြေအနေကို ကြေညာချက်အမှတ် (၀၁/၂၀၂၀) ဖြင့် ယနေ့ မတ်လ ၁၃ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။


၁။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အနေဖြင့် ကမ္ဘာ့နိုင်ငံအများစုတွင် ဖြစ်ပေါ်နေသည့် ကိုရိုနာဗိုင်းရပ်စ် (COVID-19) အား ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ကြေညာခဲ့သဖြင့် ပြည်သူလူထုအနေဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများ ၊ ကာကွယ်မှုများနှင့် စားနပ်ရိက္ခာ အသုံးအဆောင်များ ဝယ်ယူစုဆောင်းမှုများကို ပြုလုပ်လျက်ရှိကြောင်း လေ့လာသိရှိရပါသည်။


Rice Merchants ဆန်ကုန်သည်များ ၁၅၄၆ ကိုရှာရန်နှိပ်ပါ။


၂။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် လတ်တလောအခြေအနေတွင် ပြည်တွင်းဆန်စပါးဈေးကွက် တည်ငြိမ်စေရေးအတွက် နိုင်ငံတော်အစိုးရဌာနများနှင့်လည်းကောင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များဖြစ်သည့် ဆန်စပါးကုန်သည်များ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ဖြန့်ဖြူးရောင်းချသူများ၊ ကုန်စည်ဒိုင်များ၊ ပြည်ပတင်ပို့သည့် Exporters များနှင့်လည်းကောင်း ပေါင်းစပ်ညှိနှိုင်းလျက်ရှိပြီး ပြည်တွင်းဈေးကွက်အခြေအနေ တည်ငြိမ်စေရန်နှင့် ဖူလုံမှုရှိစေရန် ဦးစားပေး၍ ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။

၃။ ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ထားချိန်တွင် COVID-19 ၏ နေ့စဉ်ဖြစ်ပေါ်ပြောင်းလဲနေမှုနှင့် ပြည်တွင်း၊ ပြည်ပဈေးကွက်များအပေါ် သက်ရောက်မှုကို အသင်းချုပ်အနေဖြင့် နေ့စဉ်လေ့လာသုံးသပ်ကာ တိုင်းဒေသကြီး၊ ပြည်နယ် ဒေသအသီးသီးရှိ ပုဂ္ဂလိကလုပ်ငန်းရှင် ကုန်သည်/စက်ပိုင်များ၊ အသင်းအဖွဲ့များနှင့် ညှိနှိုင်းပူးပေါင်း၍ ပြည်တွင်းဈေးကွက်တည်ငြိမ်စေရေးနှင့် ပြည်တွင်းစားဆန် ဖူလုံစေရေးအလို့ငှာ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ပြည်ပတင်ပို့ရောင်းချမှုကိုလည်း Exporters များနှင့် ညှိနှိုင်းပြီး စနစ်တကျ စီမံဆောင်ရွက်သွားနိုင်ရန်အတွက် နိုင်ငံတော်အစိုးရအား တင်ပြအကြံပြုသွားမည်ဖြစ်ပါသည်။


Read More >>>>>   ထမင်းစားမြိန်စေမယ့် ငါးကျည်းကြပ်တိုက် ချဉ်စပ်


၄။ နိုင်ငံတော်အစိုးရနှင့် အချို့သော အဖွဲ့အစည်းများတွင်လည်း အရန်ဆန် စီစဉ်ထားမှု ရှိပါသည်။ လတ်တလောအခြေအနေတွင် ပြည်တွင်းဖြန့်ဖြူးရောင်းချနေသည့် ကုန်သည်စက်ပိုင်များ၊ ကုမ္ပဏီများအနေဖြင့်လည်း ပစ္စည်းမှန်၊ ဈေးနှုန်းမှန်စွာဖြင့် ရောင်းချဖြန့်ဖြူးပေးလျက်ရှိသဖြင့် စိုးရိမ်ပူပန်ရမည့် အခြေအနေမဟုတ်ပါကြောင်းနှင့် ထူးခြားသော လိုအပ်မှု (သို့မဟုတ်) အခက်အခဲများရှိပါက နောက်ဆက်တွဲပါအတိုင်း ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။

#Myanmar Food Industry Directory

 

 

MFID

 

MFID 2

 

Home Page Food

 

 

Zawgyi >>>>>

 

ျမန္မာႏုိင္ငံဆန္စပါးအသင္းခ်ဳပ္မွ လက္ရွိ ဆန္စပါးေစ်းကြက္ အေျခအေနကို ထုတ္ျပန္

 

ျမန္မာႏုိင္ငံဆန္စပါးအသင္းခ်ဳပ္မွ လက္ရွိ ဆန္စပါးေစ်းကြက္အေျခအေနကို ေၾကညာခ်က္အမွတ္ (၀၁/၂၀၂၀) ျဖင့္ ယေန႔ မတ္လ ၁၃ ရက္ေန႔မွာ ထုတ္ျပန္လုိက္ပါတယ္။

 

၁။ ကမ႓ာ႔က်န္းမာေရးအဖြဲ႔ (WHO) အေနျဖင့္ ကမ႓ာ႔ႏုိင္ငံအမ်ားစုတြင္ ျဖစ္ေပၚေနသည့္ ကို႐ိုနာဗုိင္းရပ္စ္ (COVID-19) အား ကမ႓ာ႔ကပ္ေရာဂါအျဖစ္ သတ္မွတ္ေၾကညာခဲ့သျဖင့္ ျပည္သူလူထုအေနျဖင့္ ႀကိဳတင္ျပင္ဆင္ေဆာင္ရြက္မႈမ်ား ၊ ကာကြယ္မႈမ်ားႏွင့္ စားနပ္ရိကၡာ အသံုးအေဆာင္မ်ား ဝယ္ယူစုေဆာင္းမႈမ်ားကို ျပဳလုပ္လ်က္ရွိေၾကာင္း ေလ့လာသိရွိရပါသည္။

 

Rice Merchants ဆန္ကုန္သည္မ်ား ၁၅၄၆ ကိုရွာရန္ႏွိပ္ပါ။

 

၂။ ျမန္မာႏုိင္ငံဆန္စပါးအသင္းခ်ဳပ္အေနျဖင့္ လတ္တေလာအေျခအေနတြင္ ျပည္တြင္းဆန္စပါးေစ်းကြက္ တည္ၿငိမ္ေစေရးအတြက္ ႏုိင္ငံေတာ္အစိုးရဌာနမ်ားႏွင့္လည္းေကာင္း၊ ပုဂၢလိကလုပ္ငန္းရွင္မ်ားျဖစ္သည့္ ဆန္စပါးကုန္သည္မ်ား၊ ဆန္စက္လုပ္ငန္းရွင္မ်ား၊ ဆန္ျဖန္႔ျဖဴးေရာင္းခ်သူမ်ား၊ ကုန္စည္ဒုိင္မ်ား၊ ျပည္ပတင္ပို႔သည့္ Exporters မ်ားႏွင့္လည္းေကာင္း ေပါင္းစပ္ညွိႏိႈင္းလ်က္ရွိၿပီး ျပည္တြင္းေစ်းကြက္အေျခအေန တည္ၿငိမ္ေစရန္ႏွင့္ ဖူလံုမႈရွိေစရန္ ဦးစားေပး၍ ညွိႏႈိင္းေဆာင္ရြက္လ်က္ရွိပါသည္။

 


၃။ ကမ႓ာ႔ကပ္ေရာဂါအျဖစ္ သတ္မွတ္ထားခ်ိန္တြင္ COVID-19 ၏ ေန႔စဥ္ျဖစ္ေပၚေျပာင္းလဲေနမႈႏွင့္ ျပည္တြင္း၊ ျပည္ပေစ်းကြက္မ်ားအေပၚ သက္ေရာက္မႈကို အသင္းခ်ဳပ္အေနျဖင့္ ေန႔စဥ္ေလ့လာသံုးသပ္ကာ တုိင္းေဒသႀကီး၊ ျပည္နယ္ ေဒသအသီးသီးရွိ ပုဂၢလိကလုပ္ငန္းရွင္ ကုန္သည္/စက္ပုိင္မ်ား၊ အသင္းအဖြဲ႔မ်ားႏွင့္ ညွိႏႈိင္းပူးေပါင္း၍ ျပည္တြင္းေစ်းကြက္တည္ၿငိမ္ေစေရးႏွင့္ ျပည္တြင္းစားဆန္ ဖူလံုေစေရးအလုိ႔ငွာ ႀကိဳးပမ္းေဆာင္ရြက္သြားမည္ျဖစ္ပါသည္။ ျပည္ပတင္ပို႔ေရာင္းခ်မႈကိုလည္း Exporters မ်ားႏွင့္ ညွိႏိႈင္းၿပီး စနစ္တက် စီမံေဆာင္ရြက္သြားႏုိင္ရန္အတြက္ ႏုိင္ငံေတာ္အစုိးရအား တင္ျပအႀကံျပဳသြားမည္ျဖစ္ပါသည္။

 

Read More >>>>>   ထမင္းစားၿမိန္ေစမယ့္ ငါးက်ည္းၾကပ္တိုက္ ခ်ဥ္စပ္

 

၄။ ႏုိင္ငံေတာ္အစုိးရႏွင့္ အခ်ိဳ႕ေသာ အဖြဲ႔အစည္းမ်ားတြင္လည္း အရန္ဆန္ စီစဥ္ထားမႈ ရွိပါသည္။ လတ္တေလာအေျခအေနတြင္ ျပည္တြင္းျဖန္႔ျဖဴးေရာင္းခ်ေနသည့္ ကုန္သည္စက္ပိုင္မ်ား၊ ကုမၸဏီမ်ားအေနျဖင့္လည္း ပစၥည္းမွန္၊ ေစ်းႏႈန္းမွန္စြာျဖင့္ ေရာင္းခ်ျဖန္႔ျဖဴးေပးလ်က္ရွိသျဖင့္ စိုးရိမ္ပူပန္ရမည့္ အေျခအေနမဟုတ္ပါေၾကာင္းႏွင့္ ထူးျခားေသာ လိုအပ္မႈ (သုိ႔မဟုတ္) အခက္အခဲမ်ားရွိပါက ေနာက္ဆက္တြဲပါအတုိင္း ဆက္သြယ္ေဆာင္ရြက္ႏုိင္ပါေၾကာင္း အသိေပးထုတ္ျပန္ထားပါတယ္။


#Myanmar Food Industry Directory

 

MFID

 

 

 

MFID 2

Read times Last modified on Friday, 13 March 2020 17:22
Rate this item
(0 votes)