Food & Livestock



အင်ဒိုနီးရှား ကြက်အရှင် ပထမဆုံးအသုတ် စင်ကာပူတင်သွင်း

အင်ဒိုနီးရှား ကြက်အရှင် ပထမဆုံးအသုတ် စင်ကာပူတင်သွင်း

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

အင်ဒိုနီးရှားမွေးမြူရေးခြံမှ ကြက်အရှင် တင်သွင်းမှုကို စင်ကာပူက ခွင့်ပြုလိုက်ပြီးနောက်  ပထမဆုံး အသုတ် စင်ကာပူသို့ ရောက်ရှိလာသည်။

 စင်ကာပူသည် ယခင်က အင်ဒိုနီးရှားထံမှ ကြက်အရှင်များ တင်သွင်းရန် ခွင့်မပြုခဲ့ပါ။ မလေးရှားမှ ကြက်အရှင်များကိုသာ တင်သွင်းခဲ့ပါသည်။

.

စင်ကာပူနိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံရှိ မွေးမြူရေးခြံတစ်ခုမှ ကြက်သားအရှင်များကို စတင်တင်သွင်းခဲ့ကြောင်း၊ စင်ကာပူသို့ စနေနေ့တွင် ရေကြောင်းဖြင့် ရောက်ရှိလာခဲ့ကြောင်း  စင်ကာပူ စားနပ်ရိက္ခာ အေဂျင်စီ Singapore Food Agency (SFA) က တနင်္ဂနွေနေ့(မေ ၁၄)တွင် ထုတ်ပြန်ခဲ့သည်။

.

ပြီးခဲ့သည့်နှစ် ဇွန်လတွင် စင်ကာပူသည် အအေး‌ေပး၊ အေးခဲနှင့် ပြုပြင်ထားသော ကြက်သားတင်သွင်းမှုအတွက် အရင်းအမြစ်သစ်တစ်ခုအဖြစ် အင်ဒိုနီးရှားကို ထည့်သွင်းခဲ့ပါသည်။

.

အင်ဒိုနီးရှားမှ ကြက်ငှက်တုပ်ကွေးရောဂါ ကင်းစင်သည့် ကြက်ခြံ တစ်ခြံကို ခွင့်ပြုခဲ့သည်ဟု SFA  က ပြောကြားသည်။

Straitstimes 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Monday, 15 May 2023 16:13
Rate this item
(0 votes)