Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


လက်ဖက်ကို နေလှန်းခြောက် ပြုလုပ်ခြင်းထက် ရွက်စိမ်း ရောင်းချမှုများလာ

Unicode ျဖင့္ဖတ္ရန္

လက်ဖက်ကို နေလှန်းခြောက် ပြုလုပ်ခြင်းထက် ရွက်စိမ်း ရောင်းချမှုများလာ

လက်ဖက် တစ်ပိုင်တစ်နိုင် စိုက်ပျိုးသူများက  ကိုယ်တိုင်နေလှန်းခြောက် ပြုလုပ်ခြင်းထက် ရွက်စိမ်းရောင်းချမှု ပိုများလာကြောင်း  ပင်းတယမြို့နယ်   ဇော်ဂျီကျေးရွာမှ   ဇော်ဂျီအဆင့်မြင့် လက်ဖက်ခြောက် စက်ရုံပိုင်ရှင်  ဒေါ်မြမြဝေ၏ ပြောဆိုချက် အရ သိရသည်။

 

''နေလှန်းခြောက်လုပ်ဖို့ အိမ်မှာ ပေါင်းရမယ်၊ နယ်ရမယ်၊ နေပူလှန်းရမယ်။ အဲဒီတော့  တစ်ပိုင်တစ်နိုင် လုပ်ရင်တောင် လူတစ်ယောက် အမြဲတမ်းလိုတယ်။ ရွက်စိမ်းဆိုရင်  အလုပ်မရှုပ်တော့ဘူး။ အခု   ရွက်စိမ်းစျေးလည်း    မြင့်လာတဲ့အတွက်  နေလှန်း ခြောက်ထက်ပိုပြီး တွက်ခြေကိုက်တယ်''  ဟု ဒေါ်မြမြဝေက ပြောသည်။

 

Catering Training Classes ဧည့္ခံေကၽြးေမြးေရးအေထာက္အကူျပဳသင္တန္းေပါင္း ၉ ခုကိုရွာရန္ႏွိပ္ပါ။

 

နေလှန်းခြောက်ပြုလုပ်ရာတွင် လက်ဖက်စိမ်းငါးပိဿာ နေလှန်းပါက လက်ဖက် ခြောက် တစ်ပိဿာ ရရှိသော်လည်း ငွေကြေးကွာဟမှုမရှိသဖြင့်   ရွက်စိမ်းအတိုင်းသာ ရောင်းချလာခြင်း ဖြစ်သည်။

 

ရွက်စိမ်း တစ်ပိဿာလျှင်    ယခင်က ငွေကျပ် ၈ဝဝ  မှ  ၁ဝဝဝ ဝန်းကျင်၊ ရွှေဖီ မိုးလွတ် တစ်ပိဿာလျှင် ငွေကျပ် ၁၆ဝဝ၊  မိုးရာသီ ကာလအတွင်း  ထွက်ရှိသည့် ခါးကန်လက်ဖက် တစ်ပိဿာလျှင် ငွေကျပ် ၁၂ဝဝ  ဝန်းကျင်အထိ ရှိကြောင်း   ဇော်ဂျီရေထွက်ဒေသရှိ    လက်ဖက်စိုက်ပျိုးသူ  ဒေါ်သန်းကြည်ကပြောသည်။

 

လက်ဖက်ကို ပြာသို၊  တပို့တွဲလမှအပ တစ်လလျှင်  သုံးကြိမ်ဖြင့်  ခူးဆွတ်လေ့ရှိပြီး  လက်ဖက်ခူးဆွတ်ခမှာ တစ်ပိဿာလျှင်  ငွေကျပ်  ၅ဝဝ  ပေးရကြောင်း၊ အရွက်နုမှာ အခါးပေါ့လေ့ရှိပြီး အရွက်ရင့်မှာ အခါးပိုလေ့ရှိရာ လက်ဖက်ခူးဆွတ်ရာတွင်   နှစ်ရွက်တစ်ညွန့် ခူးပါက   စျေးပိုရရှိသော်လည်း  အလေးချိန်ပေါ့သည့် အတွက်   ယင်းစနစ်အတိုင်း   ခူးဆွတ်မှု နည်းပါးကြောင်း သိရသည်။

 

Read More >>>>>  ေဂၚဖီထုပ္မ်ား အေရာင္းသြက္

 

တစ်နှစ်လျှင် လက်ဖက်စိမ်း  တစ်ဧကအထွက်နှုန်း  ပိဿာချိန်   တစ်ထောင်ဝန်းကျင် ထွက်ရှိပြီး  ငွေကျပ်  ၁၂  သိန်းခွဲ ဝန်းကျင်ရရှိကာ   သီးညှပ်စိုက်ပျိုးထားသည့်အတွက်   တစ်နှစ်ပတ်လုံး ရေသွင်းနေသောကြောင့် လက်ဖက်ပင်မှာ ဖြစ်ထွန်း အောင်မြင်ကြောင်း  သိရသည်။

လတ်တလောတွင်  ပင်းတယမြို့နယ်၌  စက်ပစ္စည်း အစုံအလင်ဖြင့်  ရွက်စိမ်း ခြောက်ပြုလုပ်သည့်   စက်ရုံ ၁ဝ ရုံခန့် ရှိကြောင်း သိရသည်။  

 

Source: Myawady

 

 

လက္ဖက္ကို ေနလွန္းေျခာက္ ျပဳလုပ္ျခင္းထက္ ရြက္စိမ္း ေရာင္းခ်မႈမ်ားလာ

 

လက္ဖက္ တစ္ပိုင္တစ္ႏိုင္ စိုက္ပ်ဳိးသူမ်ားက  ကိုယ္တိုင္ေနလွန္းေျခာက္ ျပဳလုပ္ျခင္းထက္ ရြက္စိမ္းေရာင္းခ်မႈ ပိုမ်ားလာေၾကာင္း  ပင္းတယၿမိဳ႕နယ္   ေဇာ္ဂ်ီေက်းရြာမွ   ေဇာ္ဂ်ီအဆင့္ျမင့္ လက္ဖက္ေျခာက္ စက္႐ံုပိုင္ရွင္  ေဒၚျမျမေဝ၏ ေျပာဆိုခ်က္ အရ သိရသည္။

 

''ေနလွန္းေျခာက္လုပ္ဖို႔ အိမ္မွာ ေပါင္းရမယ္၊ နယ္ရမယ္၊ ေနပူလွန္းရမယ္။ အဲဒီေတာ့  တစ္ပိုင္တစ္ႏိုင္ လုပ္ရင္ေတာင္ လူတစ္ေယာက္ အၿမဲတမ္းလိုတယ္။ ရြက္စိမ္းဆိုရင္  အလုပ္မ႐ႈပ္ေတာ့ဘူး။ အခု   ရြက္စိမ္းေစ်းလည္း    ျမင့္လာတဲ့အတြက္  ေနလွန္း ေျခာက္ထက္ပိုၿပီး တြက္ေျခကိုက္တယ္''  ဟု ေဒၚျမျမေဝက ေျပာသည္။

 

Catering Training Classes ဧည့္ခံေကၽြးေမြးေရးအေထာက္အကူျပဳသင္တန္းေပါင္း ၉ ခုကိုရွာရန္ႏွိပ္ပါ။

 

ေနလွန္းေျခာက္ျပဳလုပ္ရာတြင္ လက္ဖက္စိမ္းငါးပိႆာ ေနလွန္းပါက လက္ဖက္ ေျခာက္ တစ္ပိႆာ ရရိွေသာ္လည္း ေငြေၾကးကြာဟမႈမရိွသျဖင့္   ရြက္စိမ္းအတိုင္းသာ ေရာင္းခ်လာျခင္း ျဖစ္သည္။

 

ရြက္စိမ္း တစ္ပိႆာလွ်င္    ယခင္က ေငြက်ပ္ ၈ဝဝ  မွ  ၁ဝဝဝ ဝန္းက်င္၊ ေရႊဖီ မိုးလြတ္ တစ္ပိႆာလွ်င္ ေငြက်ပ္ ၁၆ဝဝ၊  မိုးရာသီ ကာလအတြင္း  ထြက္ရွိသည့္ ခါးကန္လက္ဖက္ တစ္ပိႆာလွ်င္ ေငြက်ပ္ ၁၂ဝဝ  ဝန္းက်င္အထိ ရွိေၾကာင္း   ေဇာ္ဂ်ီေရထြက္ေဒသရိွ    လက္ဖက္စိုက္ပ်ဳိးသူ  ေဒၚသန္းၾကည္ကေျပာသည္။

 

လက္ဖက္ကို ျပာသို၊  တပို႔တြဲလမွအပ တစ္လလွ်င္  သံုးႀကိမ္ျဖင့္  ခူးဆြတ္ေလ့ရိွၿပီး  လက္ဖက္ခူးဆြတ္ခမွာ တစ္ပိႆာလွ်င္  ေငြက်ပ္  ၅ဝဝ  ေပးရေၾကာင္း၊ အရြက္ႏုမွာ အခါးေပါ့ေလ့ရိွၿပီး အရြက္ရင့္မွာ အခါးပိုေလ့ရိွရာ လက္ဖက္ခူးဆြတ္ရာတြင္   ႏွစ္ရြက္တစ္ၫြန္႔ ခူးပါက   ေစ်းပိုရရိွေသာ္လည္း  အေလးခ်ိန္ေပါ့သည့္ အတြက္   ယင္းစနစ္အတိုင္း   ခူးဆြတ္မႈ နည္းပါးေၾကာင္း သိရသည္။

 

တစ္ႏွစ္လွ်င္ လက္ဖက္စိမ္း  တစ္ဧကအထြက္ႏႈန္း  ပိႆာခ်ိန္   တစ္ေထာင္ဝန္းက်င္ ထြက္ရိွၿပီး  ေငြက်ပ္  ၁၂  သိန္းခြဲ ဝန္းက်င္ရရိွကာ   သီးညႇပ္စိုက္ပ်ဳိးထားသည့္အတြက္   တစ္ႏွစ္ပတ္လံုး ေရသြင္းေနေသာေၾကာင့္ လက္ဖက္ပင္မွာ ျဖစ္ထြန္း ေအာင္ျမင္ေၾကာင္း  သိရသည္။

 

Read More >>>>>  ေဂၚဖီထုပ္မ်ား အေရာင္းသြက္

 

လတ္တေလာတြင္  ပင္းတယၿမိဳ႕နယ္၌  စက္ပစၥည္း အစုံအလင္ျဖင့္  ရြက္စိမ္း ေျခာက္ျပဳလုပ္သည့္   စက္႐ံု ၁ဝ ႐ံုခန္႔ ရိွေၾကာင္း သိရသည္။  

 

Source: Myawady

 

 

Read times Last modified on Monday, 17 February 2020 15:14
Rate this item
(1 Vote)