Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ထောပတ်သီး တရားဝင်တင်သွင်းခွင့်ပေးရန် မြန်မာကတင်ပြလျှင် အမြန်ဆုံးဆောင်ရွက်ပေးမည်ဟု တရုတ်တာဝန်ရှိသူဆို

ထောပတ်သီး တရားဝင်တင်သွင်းခွင့်ပေးရန် မြန်မာကတင်ပြလျှင် အမြန်ဆုံးဆောင်ရွက်ပေးမည်ဟု တရုတ်တာဝန်ရှိသူဆို google.com

မြန်မာအစိုးရကတင်ပြ လာလျှင် ထောပတ်သီးတရားဝင် တင်သွင်းခွင့်ပေးရန် အမြန်ဆုံး ဆောင်ရွက်ပေးမည်ဟု တရုတ် စိုက်ပျိုးရေးဝန်ကြီးဌာန

တာဝန် ရှိသူကပြောကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီး ဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင် ပို့ရောင်းချသူများ အသင်း (MFVP) အတွင်းရေးမှူးဦးကျော် သူက ပြောကြားသည်။

 

တရုတ်စိုက်ပျိုးရေးဝန်ကြီး ဌာန သီးနှံကာကွယ်ရေးဌာနညွှန် ကြားရေးမှူးချုပ်နှင့် MFVP အ သင်းတာဝန်ရှိသူများ ဒီဇင်ဘာ ၂၅ ရက်က တရုတ်နိုင်ငံတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

 

ထောပတ်သီးတရားဝင်တင် ပို့နိုင်ရေး တရုတ်နိုင်ငံ၏အရည် အသွေးကြီးကြပ်စစ်ဆေးရေးနှင့် ရောဂါထိန်းချုပ်ရေးဌာန (AQSI Q)၏ ခွင့်ပြုချက်ရရှိရန်လိုအပ် သည်။ ယင်းခွင့်ပြုချက်ကို မြန်မာ အစိုးရက တင်ပြလာပါက အမြန် ဆုံးရရှိအောင် ဆောင်ရွက်ပေး မည်ဟု တရုတ်သီးနှံကာကွယ်ရေး ဌာန ညွှန်ကြားရေးမှူးချုပ်က ပြောကြောင်း ဦးကျော်သူကပြော သည်။

 

ထောပတ်သီးကို တရုတ်သို့ တင်ပို့ခွင့်ရရေး လျှောက်ထားရန် အစိုးရကို တင်ပြထားသည်မှာ တစ်နှစ်ခန့်ကြာပြီဖြစ်သော်လည်း အကောင်အထည် မပေါ်သေး ကြောင်း ဦးကျော်သူကပြော သည်။

 

‘‘ကိုယ်တို့က G to G (အစိုး ရအချင်းချင်း)ညှိပေးပါလို့ပြော တာကို သူတို့က(အစိုးရ)ဈေး ကွက်ရှာခိုင်းတယ်ထင်နေတာ။ အမှန်တကယ်က ဈေးကွက်ရှာ စရာမလိုဘူး။ ဈေးကွက်ကရှိပြီး သား၊ ကိုယ့်ဘာသာကိုယ်ရောင်း လို့ရတယ်။ ဒါပေမဲ့အဲဒီ AQSIQ ရဲ့တင်သွင်းခွင့်စာရင်းထဲမပါရင် တရားဝင်ပို့လို့မရဘူး။ အခုပို့သ လိုပဲ နယ်စပ်ကအောက်လမ်းက ပို့နေရသလိုဖြစ်တာပေါ့’’ ဟု ၎င်း ကပြောသည်။

 

လက်ရှိတွင် တရားမ၀င် တင်ပို့နေရသဖြင့် ထောပတ်သီး ဈေးကောင်းမရခြင်း၊ ဈေးနှိမ်ခံ ရခြင်းစသည်တို့ ကြုံတွေ့နေ ကြောင်း ဦးကျော်သူက ပြော ကြားသည်။

 

မြန်မာနိုင်ငံတွင် ထောပတ် သီးစိုက်ပျိုးမှုမြင့်တက်လာနေပြီး လာမည့် ၂ နှစ်ခန့်၌ အများအပြား ထွက်ရှိလာနိုင်ကြောင်း MFVP က ခန့်မှန်းထားသည်။ ထို့ကြောင့် ယခုကတည်းက တရုတ်သို့တရား ၀င်တင်ပို့နိုင်ရန် ကြိုးစားနေခြင်း ဖြစ်ကြောင်း ဦးကျော်သူကဆို သည်။ တရုတ် AQSIQ ၏ တင် သွင်းခွင့်ရသီးနှံများစာရင်းတွင် ပါ ၀င်ရန်ဆောင်ရွက်ရမည့်လုပ်ငန်း စဉ်လည်း ၂ နှစ်၊ သုံးနှစ်ခန့်ကြာ မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

 

‘‘မြန်မာဘက်က တင်ပြပြီး ပြီဆိုရင် AQSIQ က ထောပတ်သီး ခြံတွေကို လာစစ်ဆေးတာမျိုးတွေ လုပ်မယ်။ ပိုးတွေ၊ ရောဂါတွေ တွေ့ရင် ဘယ်လိုပြုပြင်ကုသပြီး ပို့ရမယ်ဆိုတာမျိုးတွေရှိတယ်။ ပီရူးကတောင် တရုတ်ကိုထော ပတ်သီးတရားဝင်ပို့ခွင့်ရဖို့လုပ် တာ သုံးနှစ်ကြာတယ်’’ ဟု ၎င်းက ပြောသည်။

 

ထောပတ်သီးစိုက်ပျိုးထုတ် လုပ်တင်ပို့ရောင်းချသူများအစုအ ဖွဲ့ကို မြန်မာနိုင်ငံအဆင့်ဖွဲ့စည်း ပြီး စိုက်ပျိုးမှုတိုးမြှင့်ကာပြည်ပ တင်ပို့၍ ဈေးကွက်ရရှိရန် ဆောင် ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီး ဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင် ပို့ရောင်းချသူများအသင်းဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်က ပြောကြား ထားသည်။

 

Source: 7 days new

Read times Last modified on Wednesday, 19 September 2018 11:27
Rate this item
(1 Vote)