Food & Livestock
တန်ဖိုးမြှင့်သီးနှံ ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရေး စီမံကိန်း သြဂုတ်လလယ်ခန့်တွင့် စတင်မည်
ဟင်းသီးဟင်းရွက် သစ်သီးဝလံများကို အရည်အသွေးပြည့်မီပြီး တန်ဖိုးမြှင့်သီးနှံအဖြစ်
ပိုမိုစိုက်ပျိုးထုတ်လုပ်ရေး စီမံကိန်းတစ်ရပ်ကို ရန်ကုန်မြောင်းပိုင်းခရိုင် မှော်ဘီမြို့နယ် စိုက်ပျိုးရေးဦးစီဌာန နှင့် ဂျပန်ပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီတို့ ပူးပေါင်းကာ သြဂုတ်လလယ်ခန့်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်သည်။
အဆိုပါစီမံကိန်းသစ်၏ အဓိက ရည်ရွယ်ချက်မှာ အရည်အသွေးမြင့် ဟင်းသီးဟင်းရွက်များထုတ်လုပ်ပြီး တစ်ယူနစ်ဝင်ငွေ တိုးမြှင့်ခြင်းဖြင့် အမှန်တကယ် စိုက်ပျိုးနေသော တောင်သူလယ်သမားများ၏ ဝင်ငွေကို မြှင့်တင်ပေးရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
စီမံကိန်းတွင် မှော်ဘီမြို့နယ်ရှိ စိုက်ပျိုးရေးတိုးချဲ့ပညာပေးဝန်ထမ်းများနှင့် စိုက်ပျိုးရေးထုတ်လုပ်သူများအား အရည်အသွေးပိုမိုကောင်းမွန်ပြီး စိတ်ချရသည် သီးနှံများ ထုတ်လုပ်သည့် နည်းပညာပေးခြင်း ၊ စိုက်ပျိုးထုတ်ကုန်များအား ရန်ကုန်မြို့ရှိ အရည်အသွေးမြင့် ဈေးကွက်အတွင်း ရောင်းချနိုင်ပြီး ဒေသတွင် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်သူများ၏ ဝင်ငွေတိုးပွားလာစေမည်ဖြစ်သည်။
ထို့အပြင် တန်ဖိုးမြှင့်သီးနှံ ပိုမိုစိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် မြန်မာနိုင်ငံ၏ လယ်ယာထုတ်ကုန် စီးပွားရေးကို စိုက်ပျိုးထုတ်လုပ်ခြင်းမှ ဈေးကွက်အထိ ပေါင်းစပ်ချိတ်ပေးနိုင်ပြီး ဟင်းသီးဟင်းရွက် သစ်သီးဝလံများ၏ တန်ဖိုးမြှင့် ကွင်းဆက်ထုတ်လုပ်မှု စွမ်းအားတိုးတတ်မှုကို အထောက်အကူပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
တန်ဖိုးမြှင့်သီးနှံ စိုက်ပျိုးထုတ်လုပ်ခြင်း စီမံကိန်းကို ရန်ကုန်တိုင်ဒေသကြီး မှော်ဘီမြို့နယ် နှင့် ရှမ်းပြည်နယ် တောင်ပိုင်း ကလောမြို့နယ်များတွင် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံတွင် စိုက်ပျိုးတိုးတတ်ရေးအပေါ်တွက် အလေးထားခဲ့သည့်အတွက် အများဆုံး စိုက်ပျိုးထုတ်လုပ်နိုင်သည့် လယ်သမားများသာလျှင် ဝင်ငွေကောင်းမွန်လျက်ရှိပြီး တစ်ပိုင်တစ်နိုင်စိုက်ပျိုးသော တောင်သူလယ်သမားအများစုမှာ အမြတ်အစွန်းနည်းပါးခဲ့ကြောင်း သိရသည်။
ယခုဂျပန် မြန်မာ ပူးတွဲဖော်ဆောင်မည့် စီမံကိန်းတွင် အရည်အသွေးကောင်မွန်၍ လတ်ဆက်သည့် ဟင်းသီးဟင်းရွက်များး စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် စားသုံးသူများ အန္တရာယ်ကင်းပြီး ဘေးကင်းလုံခြုံစိတ်ချရသော ဟင်းးသီးဟင်းရွက်များထုတ်လုပ်ရန် ကြိုးစားဆောင်ရွက်မည်ဖြစ်ကြောင်း ဂျပန်းအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်းစီမှ သိရသည်။
ထင်ပေါ်ဝင် (ကမာရွတ်)



