Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မန္တလေးရှိ စိုက်ပျိုးရေးခြံများ GAP အသိအမှတ်ပြုလက်မှတ်ရရှိရန် လျှောက်ထားမှုများလာ

ပြည်ပသို့ အသီးအနှံ့ ပို့ကုန်များ တင်ပို့ရောင်းချသည့် စိုက်ပျိုးခြံအများစု GAP (GoodAgriculture Practics) အသိအ မှတ်ပြု

လက်မှတ်များရရှိရန် လျှောက်ထားလာကြောင်း မန္တ လေးတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်လွင် လွင်ထွန်းက ပြောသည်။

 

ပြည်ပသို့ အသီးအနှံပို့ကုန် များ တင်ပို့ရာတွင် GAP အသိ အမှတ်ပြုလက်မှတ် ရရှိထားရန် လိုအပ်သဖြင့် လျှောက်ထားသူ များပြားလာကြောင်း ၎င်းကဆို သည်။

 

မန္တလေးတိုင်းဒေသကြီးတွင် ယခင်နှစ်က GAP အသိအမှတ်ပြု လက်မှတ်ရရှိသူ စိုက်ပျိုးရေးခြံပိုင် ရှင်လေးဦးသာ ရှိပြီး ယခုနှစ် မေလ ၉ ရက်၌ ကျင်းပသော ပထမအကြိမ် လက်မှတ်ပေးအပ် ပွဲတွင် အသိအမှတ်ပြု လက်မှတ် ရရှိသူ ၁၇ ဦးအထိရှိကြောင်း ဆို သည်။

 

‘‘ပြည်ပကို ပို့ပို့၊ ကုန်တိုက်ကို ပို့ပို့ GAP လက်မှတ်ရရှိမှသာ ပို့ကုန်ကို လက်ခံတဲ့အနေအထား ဖြစ်လာတဲ့အတွက် ဒီလက်မှတ် က မဖြစ်မနေလိုအပ်လာပြီ’’ ဟု ဒေါ်လွင်လွင်ထွန်းကဆိုသည်။

 

GAP အသိအမှတ်ပြု လိုဂို တံဆိပ်ပါရှိပါက ယင်းသီးနှံသည် GAP နည်းစနစ်အတိုင်း စိုက်ပျိုး ထားပြီး ဘေးအန္တရာယ်ကင်းရှင်း သော အစားအစာဖြစ်ကြောင်း ဖော်ပြထားခြင်းဖြစ်သည်ဟု ဒေါ်လွင်လွင်ထွန်းက ရှင်းပြသည်။

 

စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် အသီးအနှံများတွင် တပ်ဆင်ရန် GAP လိုဂိုများ ထုတ်ပေးထားပြီး ပြဿနာတစ်စုံတစ်ရာ ဖြစ်ပွားပါ က ယင်းသီးနှံတွင်ပါရှိသော လိုဂို၏ Code နံပါတ်အတိုင်း နောက်ကြောင်းပြန် ရှာဖွေစစ်ဆေးနိုင် မည်ဟု ၎င်းကပြောသည်။

 

ပြည်တွင်းတွင်လည်း ဘေး အန္တရာယ်ကင်းရှင်းသော အစား အသောက် စားသုံးနိုင်ရန် အဓိက ရည်ရွယ်သလို ယင်းလက်မှတ် လိုဂိုပါရှိသော သီးနှံများသည် လိုဂိုမပါရှိသော သီးနှံများထက် ဈေးကောင်းပိုမိုသဖြင့် တောင်သူများ ဝင်ငွေ ပိုမိုရရှိနိုင်မည်ဖြစ် ကြောင်း ဒေါ်လွင်လွင်ထွန်းက ဆက်လက်ပြောသည်။

 

၂၀၂၀ ပြည့်နှစ်တွင် တရုတ် နိုင်ငံက ကုန်စိမ်းအသီးအနှံများ ဓာတ်ခွဲစမ်းသပ်ပြီးမှသာ လက်ခံ မည်ဖြစ်ကြောင်းနှင့် ဓာတ်ခွဲစက် များကို ခေါ်ယူပြသခဲ့ကြောင်း GAP အသိအမှတ်ပြု လက်မှတ်ရရှိထားသူ စဥ့်ကိုင်မြို့ သမာဓိသရက်ခြံပိုင်ရှင် ဦးနေလင်းမောင်မောင်က ပြောသည်။ 

 

တောင်သူများအနေဖြင့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အ ကျင့်ကောင်းများရှိရန် ကြိုတင် ပြင်ဆင်ထားသင့်ကြောင်း ၎င်းက တိုက်တွန်းသည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 13:39
Rate this item
(1 Vote)