Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တိရစ္ဆာန် အရှင်များအတွက် ကောင်းမွန်သော ပို့ဆောင်မှု အခြေအနေများ စီစဉ်ပေးထားရန် အီးယူ တောင်းဆို

တိရစ္ဆာန် အရှင်များအတွက် ကောင်းမွန်သော ပို့ဆောင်မှု အခြေအနေများ စီစဉ်ပေးထားရန် အီးယူ တောင်းဆို

#MyanmarFoodIndustryGuide

To join Telegram Channel  https://t.me/Guid4U

 

 

သက်ရှိတိရစ္ဆာန် အရှင်များကို နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုများမှာ တားမြစ်ပိတ်ပင်မှုများ ပေါ်ပေါက်နေသဖြင့် ကျွဲနွားနှင့် ဝက်ကဲ့သို့သော သက်ရှိတိရစ္ဆာန်  အရှင်များအတွက် ပိုမိုကောင်းမွန်သော ပို့ဆောင်မှု အခြေအနေများ စီစဉ်ပေးထားရန် ဥရောပသမဂ္ဂ အစားအစာ စောင့်ကြည့်ရေးအဖွဲ့က တောင်းဆိုခဲ့ပါတယ်။

ကမ္ဘာတစ်ဝှမ်းတွင် တစ်နှစ်လျှင် သက်ရှိတိရိစ္ဆာန်အရှင် ဒေါ်လာ ၂၂ ဘီလီယံခန့် တင်ပို့နေပြီး အီးယူသည် အကြီးမားဆုံး တင်ပို့သူဖြစ်ပါတယ်။

တိရစ္ဆာန်တွေ  သက်‌သောင့်သက်သာရှိ‌နေစေရေးကို မြှင့်တင်ပေးဖို့နှင့်  တိရစ္ဆာန်များထံမှ ရောဂါဘယတွေ လူများကို  ကူးစက်နိုင်တဲ့ အန္တရာယ်တွေကို လျှော့ချ‌ပေးဖို့ တောင်းဆိုမှုတွေ တိုးလာနေပါတယ်။ အထူးသဖြင့် မကြာသေးမီနှစ်များအတွင်း မတော်တဆမှုများ ဆက်တိုက်ဖြစ်ပွားပြီးနောက် တိရစ္ဆာန်ထောင်ပေါင်းများစွာ သေဆုံးခဲ့ရတဲ့အတွက် တောင်းဆိုသံများ အသံပိုကျယ်လာခဲ့ပါတယ်။

ဥရောပကော်မရှင် European Commission ထံ အကြံပြုချက်တွင် ဥရောပစားနပ်ရိက္ခာဘေးကင်းရေးအာဏာပိုင်အဖွဲ့ European Food Safety Authority EFSA က တိရိစ္ဆာန်များသည် စိတ်ဖိစီးမှုလျှော့ချရန် နေရာပိုကျယ်ကျယ်ဖြင့် ထားပေးဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

ကျွဲနွားနှင့် ဝက်အများစုကို လက်ရှိကန့်သတ်ထားသော အများဆုံး ခွင့်ပြုအပူချိန် ၃၀ ဒီဂရီစင်တီဂရိတ် (၈၆ ဒီဂရီ ဖာရင်ဟိုက်) အောက်တွင် ပို့ဆောင်သင့်တယ်လို့ EFSA က တိုက်တွန်းထားပါတယ်။

သက်ရှိတိရစ္ဆာန် အရှင်များကို ရေကြောင်းမှ သင်္ဘောဖြင့် ပေးပို့ကြရာတွင် သေဆုံးမှုများ ဖြစ်ပွားခဲ့တဲ့အတွက် ပိုဂရုစိုက်ကြဖို့ လိုအပ်နေကြောင်း EFSA က ပြောကြားပါတယ်။

၂၀၂၀ ပြည့်နှစ် အနှောင်းပိုင်းတွင် စပိန်မှ ထွက်ခွာသွားသော သင်္ဘောတစ်စင်းပေါ်မှာ နွားအကောင်ရေ  ၁.၈၀၀ ခန့် အစာငတ်ပြီး သေဆုံးခဲ့ကြသည်။ ကိုဗစ် အသွားအလာ ပိတ်ပင်ကန့်သတ်ချက်ကြောင့် သင်္ဘော ကမ်းကပ်ပြီး နွားများကို ချခွင့်ရဖို့ စောင့်နေရစဉ် အစာရေစာ ပြတ်လပ်ပြှီး အစာငတ် သေဆုံးခဲ့ကြရသည်။

၂၀၁၉ ခုနှစ်တွင် ရိုမေးနီးယားမှာ သင်္ဘောနစ်မြုပ်ပြီးနောက် သိုး ကောင်ရေ ၁၄,၀၀၀ နစ်မြှုပ်‌သေဆုံးခဲ့ကြသည်။

 သက်ရှိတိရစ္ဆာန် အရှင်များ သယ်ယူပို့ဆောင်ရေးကို လုံးဝကန့်သတ်ခြင်း သို့မဟုတ် ရပ်တန့်သွားကြသည့်နိုင်ငံများ ပိုများလာနေသည်။

 နယူးဇီလန်က သက်ရှိတိရစ္ဆာန် အရှင်များ သယ်ယူပို့ဆောင်ခြင်းများကို လျှော့ချနေပြီး ၂၀၂၃ ခုနှစ်တွင် လုံးဝရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယူကေကလည်း ရပ်ဆိုင်းမည်ဟု ကတိပေးထားသည်။

အီးယူသည်  ၂၀၂၀ ခုနှစ်တွင် တိရစ္ဆာန်အရှင် အ‌ကောင်ရေ ၁.၄၆ ဘီလီယံ တင်ပို့ခဲ့ပြီး ကမ္ဘာ့တိရစ္ဆာန်အရှင် တင်ပို့မှု စုစုပေါင်း၏ ၈၁% ရှိကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ အချက်အလက်များအရ သိရသည်။

Source gcaptain

#MyanmarFoodIndustryGuide

To join Telegram Channel  https://t.me/Guid4U

 

Read times Last modified on Saturday, 24 September 2022 16:45
Rate this item
(0 votes)