Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဆားထွက်နှုန်းလျော့ကျသဖြင့် ဆားဈေးနှုန်းများမြင့်တက်

ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၁၈ ခုနှစ် ဆားထွက်ရာသီတွင် ဆားအထွက်နှုန်း ရာခိုင်နှုန်း၄၀ခန့်

လျော့ကျခဲ့သဖြင့် ဆားဈေး နှုန်းများ မြင့်တက်လျက်ရှိကြောင်း ဧရာဝတီ တိုင်းဒေသကြီး ဆားလုပ်ငန်းရှင်များထံမှ သိရပါတယ်။

 

ဧရာဝတီတိုင်းအတွင်း ယခုနှစ် ဆား လုပ်ငန်းရာသီချိန်စတင်သည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအထိ မိုးသည်းထန်စွာရွာသွန်း ခြင်းကြောင့် ဆားပေါ်ချိန်နောက်ကျခဲ့ပြီး ဈေး ကွက်အတွင်း ဆားလိုအပ်ချက် မပြည့်မီသဖြင့် ဆားဈေးနှုန်းများမြင့်တက်ရခြင်းဖြစ်ကြောင်း သိရပါတယ်။

 

"ယမန်နှစ်ကဈေးကွက်လိုအပ်ချက်ကို ဖြည့်စွက်ရတာရယ်။ ဒီနှစ်မှာလည်း ရာသီဥတု မမှန်ဘူး။ ခုဆို နေရာကွက်ကျားမိုးစရွာပြီ ဆိုတော့ ဆားလုပ်ငန်းသိမ်းပြီလေ၊ ဆားလုပ်ငန်း ချိန်နည်းပါးတော့ ဈေးကွက်လိုအပ်ချက်ကို ပြည့်မီအောင်မထုတ်လုပ်နိုင်ဘူး" ဟု ဧရာ ဝတီတိုင်းဒေသကြီး ဆားလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ထံမှ သိရပါတယ်။

 

ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၁၇ ခုနှစ်က ဆားလုပ်ငန်းပြီးစီးချိန်၌ ဆားကြမ်း ပိဿာတစ်ရာလျှင် ကျပ် ၉၀ဝ၀နှင့် ဆားချော ပိဿာတစ်ရာလျှင် ကျပ် ၁၅၀ဝ၀ဈေးပေါက် ခဲ့ရာမှ ၂၀၁၈ ခုနှစ်ဆားလုပ်ငန်း ပြီးစီးချိန်တွင် ဆားချောပိဿာတစ်ရာလျှင် ကျပ် ၂၁၀ဝ၀ နှင့် ဆားကြမ်းပိဿာချိန်တစ်ရာလျှင် ကျပ် ၁၅၀ဝ၀အထိ ပေါက်ဈေးရှိကြောင်း သိရပါတယ်။

 

"ဒီနှစ်ကနေရောင်ခြည်ရရှိမှု အပူချိန်များ ပေမယ့် ဆားလုပ်တဲ့လယ်မြေတွေက အပူ ထုတ်မှုနည်းပါးတာအပြင် ပင်လယ်ရေမှာ ဆားပါဝင်မှု ရာခိုင်နှုန်းလျော့ကျနေတာကြောင့်" ဟု ငပုတောမြို့နယ်မှ ဆားလုပ်ငန်းရှင် အသင်း၏ ပြောကြားချက်အရ သိရပါတယ်။

 

ဧရာဝတီတိုင်းဒေသကြီးအတွင်း လပွတ္တာ၊ ငပုတောနှင့် ဒေးဒရဲမြို့နယ်တို့အတွင်း နေလှန်း ဆား အများအပြားထုတ်လုပ်ပြီး ပုသိမ်၊ မြောင်းမြ၊ လပွတ္တာ၊ ဝါးခယ်မနှင့်ဒေးဒရဲမြို့တို့ တွင် ဆားများကိုစက်ဖြင့် ကြိတ်ခွဲကာ ဆား ချောထုတ်လုပ်ရောင်းချလျက်ရှိကြောင်း သိရပါတယ်။

 

Source: Myanmar Time

 

Read times Last modified on Tuesday, 18 September 2018 13:14
Rate this item
(3 votes)