Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ရေထွက်ကုန်ကဏန်းမည်းများ အရောင်းအဝယ်အေးနေ

Unicode

ရေထွက်ကုန်ကဏန်းမည်းများ အရောင်းအဝယ်အေးနေ

မြိတ်ကျွန်းစု၏ ရေထွက်ကုန်တစ်မျိုးဖြစ်သော ကဏန်းမည်းဈေးကွက်မှာ တရုတ်နိုင်ငံသို့ အဓိက တင်ပို့နေရသော်လည်း တရုတ်နိုင်ငံတွင် လက်ရှိဖြစ်ပွားလျက်ရှိသော ကိုရိုနာဗိုင်းရပ်ကြောင့် တရုတ်နိုင်ငံဝယ်လက်များ လုံးဝရပ်နားထားသဖြင့် အရောင်းအဝယ်အေးနေကြောင်း ကဏန်းမည်းအဝယ်ဒိုင်များထံမှ သိရပါတယ်။

 

Export/Import Of Food & Beverage Products (916) ငါးပိ၊ ငံျပာရည္ပြဲရံု (၉၁၆) ခုကိုရွာရန္ႏွိပ္ပါ။

 

လက်ရှိတွင် တရုတ်နိုင်ငံဝယ်လက်များက လုံးဝရပ်နားထားပြီး အိမ်နီးချင်း ထိုင်းနိုင်ငံဈေးကွက်မှာလည်း ဈေးကောင်းမရသဖြင့် ကဏန်းအဝယ်ဒိုင်များနှင့် ဒေသခံရေလုပ်သားများ အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ကဏန်းအဝယ်ဒိုင်တစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

 

ယခင်က တရုတ်နိုင်ငံ ဝယ်လက်ဈေးကွက်ကို အဓိကတင်ပို့နေတဲ့ ကဏန်းမည်းဈေးကွက်ဟာ လက်ရှိအချိန်တွင် အဝယ်ရပ်နားလိုက်ရချိန်ဖြစ်သကဲ့သို့ ထိုင်းနိုင်ငံဘက်ကလည်း ငွေဈေးများ ကျဆင်းနေခြင်းကြောင့် ရိုက်ခတ်မှုများဖြစ်ပေါ်နေကြောင်း သိရပါတယ်။

 

Read More >>>>>  ထမင္းၿမိန္ေစမယ့္ ဆိတ္ဖူးေထာင္း

 

ယခင်က တရုတ်နိုင်ငံသို့ ဂရမ် ၃၀၀ အထက်ရှိ အကောင်ကြီး တစ်ပိဿာလျှင် ငွေကျပ် ၂၆၀၀၀ အထိ ပေါက်ဈေးရှိရာမှ လက်ရှိထိုင်းဈေးကွက်တွင် ငွေကျပ် ၂၀၀၀၀ ရှိကြောင်း၊ ဂရမ် ၂၀၀ အထက်အကောင် တစ်ပိဿာလျှင် ငွေကျပ် ၂၁၀၀၀ ရှိရာမှ ယခုငွေကျပ် ၁၄၀၀၀ ပေါက်ဈေးရှိတော့ကြောင်း ကဏန်းမည်းအဝယ်ဒိုင်များထံမှ သိရပါတယ်။

 

#MFID

 

 

ေရထြက္ကုန္ကဏန္းမည္းမ်ား အေရာင္းအဝယ္ေအးေန

 

ၿမိတ္ကြ်န္းစု၏ ေရထြက္ကုန္တစ္မ်ဳိးျဖစ္ေသာ ကဏန္းမည္းေစ်းကြက္မွာ တ႐ုတ္ႏိုင္ငံသို႕ အဓိက တင္ပုိ႕ေနရေသာ္လည္း တ႐ုတ္ႏိုင္ငံတြင္ လက္ရွိျဖစ္ပြားလ်က္ရွိေသာ ကို႐ိုနာဗိုင္းရပ္ေၾကာင့္ တ႐ုတ္ႏိုင္ငံဝယ္လက္မ်ား လံုးဝရပ္နားထားသျဖင့္ အေရာင္းအဝယ္ေအးေနေၾကာင္း ကဏန္းမည္းအဝယ္ဒိုင္မ်ားထံမွ သိရပါတယ္။

 

လက္ရွိတြင္ တ႐ုတ္ႏိုင္ငံဝယ္လက္မ်ားက လံုးဝရပ္နားထားၿပီး အိမ္နီးခ်င္း ထိုင္းႏိုင္ငံေစ်းကြက္မွာလည္း ေစ်းေကာင္းမရသျဖင့္ ကဏန္းအဝယ္ဒိုင္မ်ားႏွင့္ ေဒသခံေရလုပ္သားမ်ား အခက္အခဲမ်ားႏွင့္ ရင္ဆိုင္ေနရေၾကာင္း ကဏန္းအဝယ္ဒိုင္တစ္ဦး၏ ေျပာၾကားခ်က္အရ သိရပါတယ္။

 

Export/Import Of Food & Beverage Products (916) ငါးပိ၊ ငံျပာရည္ပြဲရံု (၉၁၆) ခုကိုရွာရန္ႏွိပ္ပါ။

 

ယခင္က တ႐ုတ္ႏိုင္ငံ ဝယ္လက္ေစ်းကြက္ကို အဓိကတင္ပို႕ေနတဲ့ ကဏန္းမည္းေစ်းကြက္ဟာ လက္ရွိအခ်ိန္တြင္ အဝယ္ရပ္နားလိုက္ရခ်ိန္ျဖစ္သကဲ့သို႕ ထိုင္းႏိုင္ငံဘက္ကလည္း ေငြေစ်းမ်ား က်ဆင္းေနျခင္းေၾကာင့္ ႐ိုက္ခတ္မႈမ်ားျဖစ္ေပၚေနေၾကာင္း သိရပါတယ္။

 

Read More >>>>>  ထမင္းၿမိန္ေစမယ့္ ဆိတ္ဖူးေထာင္း

 

ယခင္က တ႐ုတ္ႏိုင္ငံသုိ႕ ဂရမ္ ၃၀၀ အထက္ရွိ အေကာင္ႀကီး တစ္ပိႆာလွ်င္ ေငြက်ပ္ ၂၆၀၀၀ အထိ ေပါက္ေစ်းရွိရာမွ လက္ရွိထိုင္းေစ်းကြက္တြင္ ေငြက်ပ္ ၂၀၀၀၀ ရွိေၾကာင္း၊ ဂရမ္ ၂၀၀ အထက္အေကာင္ တစ္ပိႆာလွ်င္ ေငြက်ပ္ ၂၁၀၀၀ ရွိရာမွ ယခုေငြက်ပ္ ၁၄၀၀၀ ေပါက္ေစ်းရွိေတာ့ေၾကာင္း ကဏန္းမည္းအဝယ္ဒိုင္မ်ားထံမွ သိရပါတယ္။

 

#MFID

Read times Last modified on Friday, 21 February 2020 17:31
Rate this item
(0 votes)