Food & Livestock
ထိုင်းဆန်၊ အိန္ဒိယဆန်၊ ဗီယက်နမ်ဆန် တစ်ပတ်တာ အခြေအနေ
ထိုင်းဆန်၊ အိန္ဒိယဆန်၊ ဗီယက်နမ်ဆန် တစ်ပတ်တာ အခြေအနေ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှုသည် ယခုနှစ် ပထမ ကိုးလတွင် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၃၉ ဒသမ ၁ ရာခိုင်နှုန်း ပိုများခဲ့ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း ထိုင်းဆန်တင်ပို့မှုသည် တန်ချိန် ၅ ဒသမ ၄၁ သန်းရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
ယခုသီတင်းပတ်တွင် ၅ ရာခိုင်နှုန်းဆန်ကွဲပါ <RI-THBKN5-P1> ထိုင်းဆန်အမျိုးအစား စျေးနှုန်းများသည် တစ်တန်လျှင် ကန်ဒေါ်လာ ၄၁၀ မှ ၄၂၅ ဒေါ်လာအထိ ရောက်ရှိနေပြီး အောက်တိုဘာလဆန်း နောက်ပိုင်း အမြင့်ဆုံးဈေးဖြစ်သည်။
.
ဘတ်ငွေ ကန်ဒေါ်လာနှင့် လဲနှုန်းတွင် တန်ဖိုးတက်လာခြင်းကြောင့် ကုန်သည်များသည် အမြတ်မာဂျင် လျော့ကျလာသဖြင့် ခေါ်ဈေး မြှင့်တင်လိုက်ကြသည်။ သို့ဖြစ်ရာ ထိုင်းဆန်ဈေး မြင့်တက်သွားသည်။
"ကမ္ဘာ့ဈေးကွက်မှာ ဆန်ဝယ်လိုအား နှေးကွေးနေတယ်။ ကပ်ရောဂါနဲ့ ရုရှားနဲ့ ယူကရိန်းစစ်ပွဲအတွင်း နိုင်ငံတွေက သူတို့ရဲ့ အတွေ့အကြုံအရ ဆန်တွေကို သိုလှောင်ထားတာကြောင့် ယခုအခါ ဝယ်လိုအား နှေးကွေးနေပါတယ်" ဟု ဘန်ကောက်အခြေစိုက် ကုန်သည်တဦးက ပြောသည်။
.
ထိပ်တန်းဆန်တင်ပို့သူ အိန္ဒိယနိုင်ငံမှ တင်ပို့သည့် ဆန်ဈေးသည် ယခုသီတင်းပတ်အတွင်း ပြည်ပဝယ်လိုအား မြင့်တက်ခဲ့ခြင်းကြောင့်လည်းကောင်း၊ အစိုးရက အရန်ဆန်စပါး သိုလှောင်မှုအတွက် စပါးများ ဝယ်ယူနေသည်ကို ကုန်သည်များက အပြိုင်ပြုပြီး ဈေးပိုပေး၍ ဝယ်ယူနေကြရခြင်းကြောင့်လည်းကောင်း၊ ပြည်ပပဝယ်လိုအား များသဖြင့်လည်းကောင်း ပြည်ပတင်ပို့မည့် ဆန်အတွက် ခေါ်ဈေးလည်း မြင့်တက်သည်။
.
ဆန်ကွဲ ၅% ပါ ပေါင်းဆန် <RI-INBKN5-P1> အမျိုးအစားသည် ယခင်အပတ်က တစ်တန်လျှင် ကန်ဒေါ်လာ 370 မှ $375 ရှိခဲ့ရာမှ ယခုသီတင်းပတ်တွင် $373-$378 သို့ မြင့်တက်ခဲ့သည်။ ဈေးတက်သော်လည်း ပြည်ပဝယ်လက်များ၏ ဝယ်လိုအား မြင့်တက်နေသည်။
.
အစိုးရက စပါးစိုက်ဧက တိုးစေရန်နှင့် စပါးပိုမိုထွက်ရှိစေရန်အတွက် စပါးဝယ်ဈေးကို ယခင်နှစ်ကထက် ၅.၂% တိုးမြှင့်သတ်မှတ်သည်။
ဗီယက်နမ်၏ ဆန်ကွဲ ၅ ရာခိုင်နှုန်းပါ <RI-VNBKN5-P1> ဆန်အမျိုးအစား free-on-board FOB ဈေးနှုန်း တစ်တန်လျှင် ကန်ဒေါ်လာ ၄၂၅ မှ ၄၃၀ ဒေါ်လာအထိ အပြောင်းအလဲမရှိ၊ ယခင်သီတင်းပတ်အတိုင်း ဈေးငြိမ်နေသည်။
“ဗီယက်နမ်ဆန် ပြည်ပ၀ယ်လိုအားက အရင်က မျှော်မှန်းထားတာထက် ပိုများနေပြီး ဒီနှစ် တင်ပို့မှုက တရားဝင် လျာထားချက် ကျော်လွန်ပြီး တန်ချိန် ၆ ဒသမ ၃ သန်းကနေ ၆ ဒသမ ၅ သန်းအထိ ရှိလိမ့်မယ်လို့ ထင်ပါတယ်” ဟု ဟိုချီးမင်းစီးတီးမှ ကုန်သည်တစ်ဦးက ခန့်မှန်းပြောကြားသည်။
ဗီယက်နမ်ဆန်မွှေးကို ဥရောပမှ အဝယ်လိုက်သည်။ အဓိကကျသည့် ဈေးကွက်များမှဦ ဖိလစ်ပိုင်နှင့် တရုတ်တို့ ဖြစ်ပါသည်။
Source Reuters



