Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွက် စားနပ်ရိက္ခာဈေးနှုန်းညွှန်းကိန်း သတင်းထုတ်ပြန်ချက်

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွက် စားနပ်ရိက္ခာဈေးနှုန်းညွှန်းကိန်း သတင်းထုတ်ပြန်ချက်

TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4U

 

အီတလီနိုင်ငံ၊ ရောမမြို့အခြေစိုက် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့( Food and  Agriculture Organization- FAO) မှ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွက် စာနပ်ရိက္ခာ ဈေးနှုန်းညွှန်းကိန်း (FAO Food price Index-FFPI) သည် 

  • ဩဂုတ်လထက် ၁.၅ မှတ်(၁.၁ ရာခိုင်နှုန်း) ကျဆင်းခဲ့ပြီး၊ ပျမ်းမျှ ၁၃၆.၃ မှတ်ရှိခဲ့ရာ ဆဌမမြောက်လအနေဖြင့်ဆက်တိုက် ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း 

  • FFPI ညွန်းကိန်းကျဆင်းမှုသည် နိုင်ငံတကာဟင်းရွက်ဆီဈေးနှုန်း သိသိသာသာကျဆင်းခဲ့မှုနှင့် သကြား၊ အသားနှင့် နို့ထွက်ပစ္စည်းဈေးနှုန်းများအသင့်အတင့် ကျဆင်းခဲ့ခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ နှံစားသီးနှံဈေးနှုန်းညွှန်းကိန်း (Cereal Price Index) မှာ စက်တင်ဘာလတွင် ပျမ်းမျှ ၁၄၇.၃ မှတ်ရှိခဲ့ပြီး ဩဂုတ်လထက် ၂.၂ မှတ် (၁.၅ ရာခိုင်နှုန်း) မြင့် တက်ခဲ့ကြောင်း၊ 

  • နိုဝင်ဘာလနောက်ပိုင်းတွင် ပင်လယ်နက်ဆိပ်ကမ်းများမှ အစေ့အဆံများ တင်ပို့ရန် သေချာမှုမရှိခြင်းနှင့် ယူကရိန်းပို့ကုန်များအပေါ် သက်ရောက်နိုင်မှုအလားအလာမြင့်မား နေခြင်းတို့ကြောင့် နိုင်ငံတကာဂျုံဈေးနှုန်းမှာလည်း ၂.၂ ရာခိုင်နှုန်း ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း 

သိရှိရပါသည်။

.      

  • စက်တင်ဘာလတွင် နိုင်ငံတကာဆန်ကြမ်းဈေးနှုန်းသည် ၀.၄ ရာခိုင်နှုန်းနှင့် ပြောင်းဆံ ဈေးနှုန်းသည် ၀.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ 

  • ဩစတြေးလျနှင့် ရုရှားနိုင်ငံတို့တွင် နှံစားသီးနှံ ဖြစ်ထွန်းမှု အလားအလာကောင်းများ ရှိနေခြင်းကြောင့် နိုင်ငံတကာဘာလီဈေးနှုန်းသည်လည်း ၃.၀ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ 

  • အမေရိကန်တွင်နှံစားသီးနှံများ ဖြစ်ထွန်းမှုကျဆင်းခဲ့သည့် အတွက် နှံစားပြောင်းဈေးနှုန်းမှာ ၁၃.၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ 

  • ဟင်းသီးဟင်းရွက်ဆီဈေး နှုန်းညွှန်းကိန်း(Vegetable Oil Price Index) မှာ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလကတည်းက အနိမ့်ဆုံး အမှတ်သို့ကျဆင်းခဲ့ရာ စက်တင်ဘာလတွင် ပျမ်းမျှ ၁၅၂.၆ မှတ်ရှိခဲ့ပြီး တစ်လချင်းအလိုက် ၁၀.၈ မှတ် (၆.၆ ရာခိုင်နှုန်း) ကျဆင်းခဲ့ကြောင်း၊ 

  • ယင်းသို့ ညွှန်းကိန်းဆက်လက်ကျဆင်းခဲ့ခြင်းသည် စားအုန်းဆီ၊ ပဲပိစပ်စပ်ဆီ၊ နေကြာဆီနှင့် မုန်ညှင်းဆီဈေးနှုန်း ကျဆင်းခဲ့ခြင်းနှင့် အထူးသဖြင့် ကမ္ဘာ့ဈေးကွက်တွင် စားအုန်းဆီဈေးနှုန်းကျဆင်းခဲ့မှုမှာ အရှေ့တောင်အာရှနိုင်ငံများတွင် ရာသီအ လိုက် ဆီထုတ်လုပ်မှုမြင့်တက်မှုနှင့် ဆီအများအပြားသိုလှောင်ထားရှိခြင်းတို့ကြောင့်ဖြစ်ကြောင်း 

သိရှိရပါသည်။

           

  • နို့ထွက်ပစ္စည်းများ၏ ဈေးနှုန်း ညွှန်းကိန်း (Dairy Price Index) မှာ စက်တင်ဘာလတွင် ပျမ်းမျှ ၁၄၂.၅ မှတ်ရှိခဲ့ပြီး ဩဂုတ်လထက် ၀.၈ မှတ် (၀.၆ ရာခိုင်နှုန်း)ကျဆင်းခဲ့ကြောင်း၊ သိုရာတွင် ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်လျှင် ၂၄.၄ မှတ် (၂၀.၇ ရာခိုင်နှုန်း) မြင့်တက်နေ သေးကြောင်း၊ ကမ္ဘာ့ဈေးကွက်တွင် နို့ထွက်ပစ္စည်းများဈေးနှုန်းသည်လည်း အသင့်အတင့်ကျဆင်း ခဲ့ကြောင်း၊ 

  • အသားဈေးနှုန်းညွှန်းကိန်း (Meat Price Index)သည် စက်တင်ဘာလတွင် ပျမ်းမျှ  ၁၂၁.၄ မှတ်ရှိခဲ့ပြီး ဩဂုတ်လထက် ၀.၆ မှတ် (၀.၅ ရာခိုင်နှုန်း) ကျဆင်းခဲ့ကြောင်း၊ ငွေကြေးအတက်အကျများ၏ သက်ရောက်မှုများနှင့် ဘရားဇီးနိုင်ငံမှ အမဲသားအဓိကတင်ပို့မှုမြင့် တက်ခဲ့မှုတို့ကြောင့် ကမ္ဘာ့ဈေးကွက်တွင် အမဲသားဈေးနှုန်း ကျဆင်းမှုကြမ်းခဲ့ကြောင်း၊ သို့ရာတွင် ဥရောပသမဂ္ဂနိုင်ငံများတွင် ဝက်ကောင်ရေတင်ပို့မှု ကျဆင်းခဲ့ခြင်းကြောင့် နိုင်ငံတကာဝက်သား ဈေးနှုန်းမှာ အတက်ဘက်တွင်ရှိခဲ့ကြောင်း၊ 

  • သကြားဈေးနှုန်းညွှန်းကိန်း (Sugar Price Index) မှာ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လကတည်းက အနိမ့်ဆုံးအမှတ်သို့ ရောက်ရှိခဲ့ရာ စက်တင်ဘာလတွင် ပျမ်းမျှ ၁၀၉.၇ မှတ်ရှိခဲ့ပြီး ဩဂုတ်လထက် ၀.၈ မှတ် (၀.၇ ရာခိုင်နှုန်း) ကျဆင်းခဲ့ကြောင်း၊ သကြား အများဆုံး တင်ပို့သည့် ဘရာဇီးလ်နိုင်ငံတွင် သကြားထုတ်လုပ်မှု အလားအလာကောင်းများနှင့် အီသနောဈေးနှုန်းကျဆင်းခြင်းကြောင့် သကြားထုတ်လုပ်ရန် ကြံအသုံးပြုမှုပိုမိုများပြားလာခြင်း သည် သကြားဈေးနှုန်းကျဆင်းမှုနှင့်ဆက်စပ်နေကြောင်း 

သိရှိရပါသည်။

Source FAO

Read times Last modified on Friday, 21 October 2022 20:36
Rate this item
(0 votes)