Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဈေးကွက်အတွင်း ဆန်ကွဲဝင်ရောက်မှု နည်းပါးနေခြင်းကြောင့် ပြည်ပတင်ပို့ရန် အခက်အခဲရှိ

Unicode

ဈေးကွက်အတွင်း ဆန်ကွဲဝင်ရောက်မှု နည်းပါးနေခြင်းကြောင့်  ပြည်ပတင်ပို့ရန် အခက်အခဲရှိ


ဈေးကွက်အတွင်း ဆန်ကွဲဝင်ရောက်မှု နည်းပါးနေခြင်းကြောင့် ပြည်ပတင်ပို့ရန် အခက်အခဲ ရှိနေကြောင်း ရန်ကုန်မြို့ ဝါးတန်းလမ်း ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦး၏ ပြောဆိုချက်အရ သိရပါတယ်။

 

''နယ်တွေကနေ မြဝတီဘက်ကို တိုက်ရိုက်ကားတွေနဲ့ တင်ပြီးရောင်းချမှု တွေရှိနေတာကြောင့် ပြည်တွင်းဈေးကွက်ထဲကို  ဆန်ကွဲဝင်ရောက်တာ  နည်းလာတယ်။ လက်ရှိ ဆန်ကွဲကို သင်္ဘောနှစ်စင်းတင်ဖို့ အရေးကြီးတာကြောင့်  ဝယ်ယူနေတာရယ်၊ မြဝတီဘက်ကနေ ထိုင်းနိုင်ငံကို တင်ပို့ဖို့ရယ်ကြောင့်  ဈေးနှုန်းတက်လာတယ်။ ဘီ ၁၊ ၂ လို့ခေါ်တဲ့ ဆန်ကွဲအမျိုး အစားအသန့်တွေ    အဝယ်လိုက်တယ်''    ဟု ဦးသန်းဦး ကပြောကြားခဲ့ပါတယ်။

 

လက်ရှိဈေးကွက်အတွင်း  ဘီ  ၂၊ ၃ နှင့် ၄  ၁ဝ၈ ပေါင်ရှိ  ဆန်ကွဲအမျိုးအစား တစ်အိတ်လျှင်  ငွေကျပ်  ၁၄၅ဝဝ  မှ  ၁၄၆ဝဝ၊ ဘီ ၁၊ ၂ တစ်အိတ်လျှင် ငွေကျပ် ၁၅၂ဝဝ မှ ၁၅၇ဝဝ ကြား၊ ဘီ ၁ (အသန့်) တစ်အိတ်လျှင် ငွေကျပ် ၁၇ဝဝဝ ဈေး ရရှိကြောင်း သိရပါတယ်။

 

Sunflower Seeds ေနၾကာေစ့ထုတ္လုပ္ငန္းေပါင္း ၂၀ ခုကိုရွာရန္ႏွိပ္ပါ။

 

''အခု    ဧရာဝတီတိုင်း ဒေသကြီးမှာ  ဆန်ကွဲဈေးတွေ မာနေတယ်။ ဆန်ကွဲနဲ့ ဖွဲနုဈေးတွေ တက်လာတော့ ဒါကနေ  စပါးဈေး ကျဆင်းနေတာကို ပြန်ပြီးမာလာအောင် အထောက်အကူ ပြုလာစေတယ်''ဟု   ဧရာဝတီတိုင်းဒေသကြီး    ဆန်စက် ပိုင်ရှင်များအသင်း အတွင်းရေးမှူး ဦးမောင် မောင်ဝင်း ကပြောကြားခဲ့ပါတယ်။

 

လက်ရှိဘဏ္ဍာနှစ် (၂ဝ၁၈   ခုနှစ် အောက်တိုဘာလမှ ၂ဝ၁၉ ခုနှစ်  သြဂုတ် လ) အထိ ဆန်ကွဲကို နိုင်ငံပေါင်း ၄၁ နိုင်ငံ သို့  မက်ထရစ်တန်ချိန်  ငါးသိန်းကျော် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၂ဝ ကျော် ရရှိထားကြောင်း  သိရပါတယ်။

 

Read More >>>>>  ျမန္မာ့စပါးကို ျပည္ပသို႔ တင္ပို႔ခြင့္ျပဳမည္

 

မြန်မာ့ဆန်ကွဲကို နိုင်ငံပေါင်းငါးနိုင်ငံသို့ အများဆုံးတင်ပို့နေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မက်ထရစ် တန်ချိန် ၂၉ဝဝဝဝ ကျော် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅၅ သန်း ကျော်၊   အင်ဒိုနီးရှားနိုင်ငံသို့  တန်ချိန် ၉ဝဝဝဝ  ကျော်တင်ပို့မှုမှ  အမေရိကန် ဒေါ်လာ ၂၅ သန်းကျော်၊  တရုတ်နိုင်ငံသို့(ပင်လယ်ရေကြောင်း) တန်ချိန် ၂၅ဝဝဝ ကျော် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ခြောက်သန်းကျော်၊ နယ်သာလန်နိုင်ငံသို့ တန်ချိန် ၂၄ဝဝဝ ကျော်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ခြောက်သန်းကျော်နှင့်  ဗြိတိန်နိုင်ငံသို့ တန်ချိန် ၂၂ဝဝဝ ကျော် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ  ငါးသန်းကျော် ရရှိထားကြောင်း သိရပါတယ်။

 

Source: Myawady

 

 

 

ေစ်းကြက္အတြင္း ဆန္ကြဲဝင္ေရာက္မႈ နည္းပါးေနျခင္းေၾကာင့္  ျပည္ပတင္ပို႕ရန္ အခက္အခဲရွိ

 

ေစ်းကြက္အတြင္း ဆန္ကြဲဝင္ေရာက္မႈ နည္းပါးေနျခင္းေၾကာင့္ ျပည္ပတင္ပို႔ရန္ အခက္အခဲ ရွိေနေၾကာင္း ရန္ကုန္ၿမိဳ႕ ဝါးတန္းလမ္း ကုန္စည္ဒိုင္ အတြင္းေရးမွဴး ဦးသန္းဦး၏ ေျပာဆိုခ်က္အရ သိရပါတယ္။

 

''နယ္ေတြကေန ျမဝတီဘက္ကို တိုက္႐ိုက္ကားေတြနဲ႔ တင္ၿပီးေရာင္းခ်မႈ ေတြရွိေနတာေၾကာင့္ ျပည္တြင္းေစ်းကြက္ထဲကို  ဆန္ကြဲဝင္ေရာက္တာ  နည္းလာတယ္။ လက္ရွိ ဆန္ကြဲကို သေဘၤာႏွစ္စင္းတင္ဖို႔ အေရးႀကီးတာေၾကာင့္  ဝယ္ယူေနတာရယ္၊ ျမဝတီဘက္ကေန ထိုင္းႏိုင္ငံကို တင္ပို႔ဖို႔ရယ္ေၾကာင့္  ေစ်းႏႈန္းတက္လာတယ္။ ဘီ ၁၊ ၂ လို႔ေခၚတဲ့ ဆန္ကြဲအမ်ဳိး အစားအသန္႔ေတြ    အဝယ္လိုက္တယ္''    ဟု ဦးသန္းဦး ကေျပာၾကားခဲ့ပါတယ္။

 

လက္ရွိေစ်းကြက္အတြင္း  ဘီ  ၂၊ ၃ ႏွင့္ ၄  ၁ဝ၈ ေပါင္ရိွ  ဆန္ကြဲအမ်ဳိးအစား တစ္အိတ္လွ်င္  ေငြက်ပ္  ၁၄၅ဝဝ  မွ  ၁၄၆ဝဝ၊ ဘီ ၁၊ ၂ တစ္အိတ္လွ်င္ ေငြက်ပ္ ၁၅၂ဝဝ မွ ၁၅၇ဝဝ ၾကား၊ ဘီ ၁ (အသန္႔) တစ္အိတ္လွ်င္ ေငြက်ပ္ ၁၇ဝဝဝ ေစ်း ရရွိေၾကာင္း သိရပါတယ္။

 

Sunflower Seeds ေနၾကာေစ့ထုတ္လုပ္ငန္းေပါင္း ၂၀ ခုကိုရွာရန္ႏွိပ္ပါ။

 

''အခု    ဧရာဝတီတိုင္း ေဒသႀကီးမွာ  ဆန္ကြဲေစ်းေတြ မာေနတယ္။ ဆန္ကြဲနဲ႔ ဖြဲႏုေစ်းေတြ တက္လာေတာ့ ဒါကေန  စပါးေစ်း က်ဆင္းေနတာကုိ ျပန္ၿပီးမာလာေအာင္ အေထာက္အကူ ျပဳလာေစတယ္''ဟု   ဧရာဝတီတိုင္းေဒသႀကီး    ဆန္စက္ ပိုင္ရွင္မ်ားအသင္း အတြင္းေရးမွဴး ဦးေမာင္ ေမာင္ဝင္း ကေျပာၾကားခဲ့ပါတယ္။

 

လက္ရွိဘ႑ာႏွစ္ (၂ဝ၁၈   ခုႏွစ္ ေအာက္တိုဘာလမွ ၂ဝ၁၉ ခုႏွစ္  ၾသဂုတ္ လ) အထိ ဆန္ကြဲကို ႏုိင္ငံေပါင္း ၄၁ ႏိုင္ငံ သို႔  မက္ထရစ္တန္ခ်ိန္  ငါးသိန္းေက်ာ္ တင္ပို႔မႈမွ အေမရိကန္ေဒၚလာ ၁၂ဝ ေက်ာ္ ရရွိထားေၾကာင္း  သိရပါတယ္။

 

Read More >>>>>  ျမန္မာ့စပါးကို ျပည္ပသို႔ တင္ပို႔ခြင့္ျပဳမည္

 

ျမန္မာ့ဆန္ကြဲကို ႏုိင္ငံေပါင္းငါးႏိုင္ငံသို႔ အမ်ားဆံုးတင္ပို႔ေနၿပီး ဘဂၤလားေဒ့ရွ္ႏုိင္ငံသို႔ မက္ထရစ္ တန္ခ်ိန္ ၂၉ဝဝဝဝ ေက်ာ္ တင္ပို႔မႈမွ အေမရိကန္ေဒၚလာ ၅၅ သန္း ေက်ာ္၊   အင္ဒိုနီးရွားႏိုင္ငံသို႔  တန္ခ်ိန္ ၉ဝဝဝဝ  ေက်ာ္တင္ပို႔မႈမွ  အေမရိကန္ ေဒၚလာ ၂၅ သန္းေက်ာ္၊  တ႐ုတ္ႏိုင္ငံသို႔(ပင္လယ္ေရေၾကာင္း) တန္ခ်ိန္ ၂၅ဝဝဝ ေက်ာ္ တင္ပို႔မႈမွ အေမရိကန္ေဒၚလာ ေျခာက္သန္းေက်ာ္၊ နယ္သာလန္ႏိုင္ငံသို႔ တန္ခ်ိန္ ၂၄ဝဝဝ ေက်ာ္တင္ပို႔မႈမွ အေမရိကန္ေဒၚလာ ေျခာက္သန္းေက်ာ္ႏွင့္  ၿဗိတိန္ႏုိင္ငံသို႔ တန္ခ်ိန္ ၂၂ဝဝဝ ေက်ာ္ တင္ပို႔မႈမွ အေမရိကန္ေဒၚလာ  ငါးသန္းေက်ာ္ ရရွိထားေၾကာင္း သိရပါတယ္။

 

Source: Myawady

Read times Last modified on Tuesday, 18 February 2020 09:49
Rate this item
(1 Vote)