Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ယခုနှစ်အတွင်း အီတလီနိုင်ငံသို့ စိန်တစ်လုံး သရက်သီးတင်ပို့မည်ဖြစ်ကြောင်း

မြန်မာနိုင်ငံမှ ပြည်ပသို့ စိန်တစ်လုံး သရက်သီးတင်ပို့ရောင်းချနေသော မြန်မာရွှေသစ်သီးဝလံ

ကုမဏီလီမိတက် မှ ယခုနျစ်တွင် ပြည်ပဈေးကွက်သစ်အနေဖြင့် အီတလီနိုင်ငံသို့ တင်ပို့ရောင်းချမည်ဖြစ်ကြောင်း မြန်မာ ရွှေသစ်သီးဝလံကုမဏီလီမိတက် အထွေထွေမန်နေဂျာ၏ ပြောကြားချက်အရ သိရပါတယ်။

 

ယခုနှစ်အတွင်း စိန်တစ်လုံး သရက်သီးကို ပြည်ပဈေးကွက်သစ်အနေဖြင့် အီတလီနိုင်ငံသို့ တင်ပို့နိုင်ရန် ပြီးခဲ့သည့်နှစ်က ယင်းနိုင်ငံမှ သစ်သီးကုန်သည်များနှင့် အစားအသောက်ထုတ်လုပ်သော ကုမဏီများသို့ အစမ်းတင်ပို့ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

 

စိန်တစ်လုံး သရက်သီးကို ဧပြီလဆန်းပိုင်းမှစ၍ အီတလီနိုင်ငံသို့ ၎င်းတို့ဝယ်ယူရန် ကမ်းလှမ်းထားသော ပမာဏအတိုင်း ရောင်းချသွားဖြစ်ကြောင်း သိရပါတယ်။

 

ဈေးကွက်သစ်အနေနဲ့ အီတလီနိုင်ငံကို စိန်တစ်လုံးသရက်သီးတင်ပို့ရောင်းချတာ အဆင်ပြေရင် ဥရောပနိုင်ငံ တွေကိုလည်း ထပ်မံတင်ပို့ရောင်းချနိုင်ဖို့ အီတလီနိုင်ငံက ကုန်သည်တွေနဲ့ စားသောက်ကုန်ထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေရဲ့ အကူအညီကိုယူပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

ဥရောပဋ္ဌနိုင်ငံတွေမှာ စိန်တစ်လုံး သရက်သီးကို ဈေးကွက်အခိုင်အမာရရှိမယ်လို့ မှန်းထားပြီး အီတလီနိုင်ငံကို စိန်တစ်လုံး သရက်သီးတင်ပို့ရာမှာ ၀ယ်လိုအားပေါ်မူတည်ပြီး ဈေးနှုန်း သတ်မှတ်ရောင်းချမည်ဖြစ်ကြောင်း သိရပါတယ်။

 

ယခုနှစ်အတွင်း စိန်တစ်လုံး သရက်သီးကို အီတလီနိုင်ငံအပြင် တရုတ်နှင့် စင်္ကာပူနိုင်ငံတို့သို့လည်း တင်ပို့မည် ဖြစ်ကြောင်း သိရပါတယ်။

 

Source: Myawaddy

Read times Last modified on Tuesday, 18 September 2018 15:56
Rate this item
(1 Vote)