Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မလေးရှားနိုင်ငံတွင် စားအုန်းဆီလက်ကျန် ၄ ဒသမ ၉၈ ရာခိုင်နှုန်းကျဆင်း

မလေးရှားနိုင်ငံတွင် စားအုန်းဆီလက်ကျန် ၄ ဒသမ ၉၈ ရာခိုင်နှုန်းကျဆင်း

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ကမ္ဘာ့စားအုန်းဆီထုတ်လုပ်မှု ဒုတိယအများဆုံးနိုင်ငံဖြစ်သည့် မလေးရှားနိုင်ငံ၏ စားအုန်းဆီလက်ကျန်သည် နိုဝင်ဘာလအတွင်းက တန်ချိန် ၂ ဒသမ ၂၉ သန်းသာရှိခဲ့ခြင်းကြောင့် အောက်တိုဘာလအတွင်း စားအုန်းဆီလက်ကျန်နှင့် နှိုင်းယှဉ်ပါက ၄ ဒသမ ၉၈ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်းတရားဝင် အချက်အလက်များက ဒီဇင်ဘာ ၁၃ ရက်တွင် ဖော်ပြထားသည်။

 

မလေးရှားနိုင်ငံ စားအုန်းဆီဘုတ်အဖွဲ့က ထုတ်ပြန်သည့် အချက်အလက်များအရ မလေးရှားနိုင်ငံ၏ နိုဝင်ဘာလအတွင်း စားအုန်းဆီထုတ်လုပ်မှုသည် အောက်တိုဘာလနှင့် နှိုင်းယှဉ်ပါက ၇ ဒသမ ၃၃ ရာခိုင်နှုန်းလျော့ကျမှုရှိခဲ့ကြောင်းနှင့် စားအုန်းဆီတန်ချိန် ၁ ဒသမ ၆၈ သန်းအထိ ကျဆင်းမှုရှိခဲ့ကြောင်း သိရသည်။

 

သို့ရာတွင် မလေးရှားနိုင်ငံသည် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက စားအုန်းဆီတင်ပို့မှုထက် သုည ဒသမ ၉၂ ရာခိုင်နှုန်းအထိ တိုးမြှင့်တင်ပို့ ပေးနိုင်ခဲ့ကြောင်း သိရသည်။

 

Source: The Mirror
Myanmar Food Industry Guide

Read times
Rate this item
(0 votes)