Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တစ်ပတ်တာ အာရှဆန်ဈေးနှုန်းများ အခြေအနေ

တစ်ပတ်တာ အာရှဆန်ဈေးနှုန်းများ အခြေအနေ

TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4U

 

ဆန်အများဆုံး တင်ပို့နေတဲ့ အိန္ဒိယနိုင်ငံရဲ့ စပါးထွက်တဲ့ ပြည်နယ်များမှာ မိုးသည်းထန်နေတဲ့မတွက် စပါးတွေ ထိခိုက်မှာ စိုးရိမ်နေကြပါတယ်။

ထိုင်းဆန်ကတော့ ဝယ်လိုအား ကြက်သီးနွေးရုံလောက်သာ ရှိပြီး အဝယ်ပါးနေလို့ ဈေးကျနေပါတယ်။

.

၅% ဆန်ကွဲပါ ထိုင်းဆန် <RI-THBKN5-P1> အမျိုးအစား ဈေးနှုန်းက ယခင်သီတင်းပတ်မှာ တစ်တန် $410-$420 ရှိခဲ့ပြီး ယခု သီတင်းပတ်မှာ $405-$407 သို့ ကျဆင်းပါတယ်။ 

ပြည်တွင်းပြည်ပ ၂ နေရာစလုံးမှာ အဝယ်ပါးနေဆဲဖြစ်လို့ ဈေးကျပါတယ်။ 

ပြီးခဲ့တဲ့လမှာ မိုးသက်မုန်တိုင်းကြောင့် ပြည်နယ် ၇၇ အနက် ၅၉ ခုမှာ ရေကြီးခဲ့ပါတယ်။ စပါးခင်း ပျက်စီးတာတွေလည်း ဖြစ်ပွားခဲ့ပါတယ်။ 

.

၅% ဆန်ကွဲပါ အိန္ဒိယ ပေါင်းဆန် <RI-INBKN5-P1> အမျိုးအစား ခေါ်ဈေး ယခင် အပတ်အတိုင်း တစ်တန်  $374 - $382 မပြောင်းမလဲ ယခုအပတ်မှာ ဈေးငြိမ်နေပါတယ်

မိုးများလျှင် စပါးအထွက်ပမာဏ မလျော့လျှင်တောင် အရည်အသွေးကတော့ လျော့ကျမယ်လို့ ဆန်ကုန်သည်များက စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။ 

.

၅% ဆန်ကွဲပါ ဗီယက်နမ်ဆန် <RI-VNBKN5-P1> အမျိုးအစား FOB (free on board)ခေါ်ဈေး တစ်တန် 425-$430 ရှိပါတယ်။ ဖိလစ်ပိုင်၊ အာဖရိက၊ ကျူးဘားနှင့် ဘင်္ဂလားဒေ့ရှ်တို့က ဗီယက်နမ်ဆန်ကို ဝယ်ယူနေကြပါတယ်။

Source Reuters

TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4U

 

Read times Last modified on Saturday, 22 October 2022 01:02
Rate this item
(0 votes)