Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ရေချိုနှင့်ရေငန်ငါးများ ဖမ်းဆီးရရှိမှုနည်း၍ ဈေးနှုန်းမြင့်တက်

ဧရာဝတီတိုင်းဒေသကြီး  ဖျာပုံမြို့နယ်၌     ပင်လယ်ပြင်ငါးဖမ်းစက်လှေ ၁ဝ၅  စင်းရှိသော်လည်း

ငါးလုပ်ငန်းဦးစီးဌာန၏ ငါးမဖမ်းရကာလ သတ်မှတ်ထားသည့် ရက်များအတွင်း ငါးဖမ်းစက်လှေ ၂ဝ စင်းသာ  ငါးဖမ်းခွင့်ရရှိထားပြီး  ငါးဖမ်းစက်လှေများမှာလည်း ငါးဖမ်းဆီး ရရှိမှုနည်းနေသဖြင့် ဖျာပုံမြို့ငါးဈေးကွက်တွင် မွေးမြူရေးငါးများကိုသာ ပို၍ရောင်းဝယ်နေကြကြောင်း ငါးလုပ်ငန်းရှင်များထံမှ သိရပါတယ်။

 

ပင်လယ်ငါးများ ဖမ်းဆီးရရှိမှု နည်းသည့်အပြင် ရေချိုမြစ်ချောင်းများ၌ ငါးပုစွန်ဖမ်းဆီးသည့်ရာသီချိန်ကျရောက်နေသော်လည်း ယခုနှစ် ငါးပုစွန်ဖမ်းဆီးရရှိမှု နည်းပါးသဖြင့် ရေချိုမြစ်ချောင်းများမှဖမ်းမိသည့် ပုစွန်ဖော့ချိတ်နှင့် ပုစွန်ပဲနပြားမှာ တစ်ပိဿာလျှင် ငွေကျပ် ၈ဝဝဝ ကျော်အထိ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရပါတယ်။

 

စားသုံးသူအများစုသည် ရာသီမရွေး ဝယ်ယူစားသုံးနိုင်သည့် ငါးကြင်း၊ ငါးမြစ်ချင်း၊ ငါးတန်နှင့် ငါးမုတ်ငါးများကိုသာ ဝယ်ယူစားသုံးလျက် ရှိကြပြီး ငါးဈေးနှုန်းများမှာလည်း ပျမ်းမျှတစ်ပိဿာလျှင် ငွေကျပ် ၂၅ဝဝ မှ၃ဝဝဝ အတွင်းရှိနေကြောင်း သိရပါတယ်။

 

Source: Myawady

Read times Last modified on Tuesday, 18 September 2018 11:49
Rate this item
(3 votes)