Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းဆန်၊ ဗီယက်နမ်ဆန်၊ အိန္ဒိယဆန် တစ်ပတ်တာ ဈေးနှုန်း အတက်အကျများ

ထိုင်းဆန်၊ ဗီယက်နမ်ဆန်၊ အိန္ဒိယဆန် တစ်ပတ်တာ ဈေးနှုန်း အတက်အကျများ

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ထိပ်တန်းဆန်တင်ပို့သူ အိန္ဒိယ၏ ဆန်ဈေးသည် ယခုသီတင်းပတ်တွင် ရူပီး-ကန်ဒေါ်လာ လဲနှုန်း အတက်အကျနှင့် ဆန်ရရှိနိုင်မည့် ပမာဏအပေါ်  စိုးရိမ်မှုများကြောင့် ဈေးတက်သည်။

.

 ၅% ဆန်ကွဲပါ အိန္ဒိယပေါင်းဆန် <RI-INBKN5-P1> အမျိုးအစားသည့်  ခေါ်ဈေး တစ်တန်လျှင် ယခင်အပတ်က ကန်ဒေါ်လာ ၃၇၄ ~ ၃၈၂   ရှိခဲ့ပြီး ယခုသီတင်းပတ်တွင် ကန်ဒေါ်လာ  ၃၇၅ ~ ၃၈၄  သို့ မြင့်တက်သည်။

.

အိန္ဒိယတွင် စပါးအထွက် ယခင်မျှော်မှန်းထားသည်ထက် လျော့နည်းဖွယ် ရှိသည်။ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်း ပြည်နယ်များတွင် မိုးကြောင့် စပါးခင်းများ ပျက်စီးထားသည်။ မရိတ်သိမ်းခင် မိုးသည်းတထန်စွာ ရွာသွန်းခဲ့သည်ကို စပါးအထွက်များသည့် ဥတ္တရပဒေသပြည်နယ်၊ အနောက်ဘင်္ဂေါ၊ အန္ဓရဒေသပြည်နယ်များတွင် ကြုံခဲ့သည်။ 

.

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ စပါးစိုက်ခင်းများ ပျက်စီးခဲ့ပြီး အဓိကထား စားသုံးသည့် ဆန်စပါး ဈေးနှုန်းကို ထိန်းညှိရန် ရုန်းကန်နေရစဉ် တနင်္လာနေ့ (အောက်တိုဘာ  ၂၄)တွင်  ဆိုင်ကလုန်း စစ်ထရန်း ကျရောက်ခဲ့ပြန်သည်။ စပါးခင်း ဟက်တာ ၆,၀၀၀ ခန့် ပျက်စီသည်ဟု ခန့်မှန်းသည်။  ယခင်ကလည်း ရာသီဥတုကြောင့် စပါးတန်ချိန် ၂၅၄,၀၀၀ ပျက်စီးခဲ့သည်။

.

 ၅% ဆန်ကွဲပါ ဗီယက်နမ်ဆန် <RI-VNBKN5-P1>  ခေါ်ဈေး အပြောင်းအလဲ မရှိပါ။ FOB free-on-board ဈေးနှုန်းမှာ တစ်တန်လျှင် ကန်ဒေါ်လာ ၄၂၅ ~  ၄၃၀ ခေါ်ဈေး ဖြစ်ပေါ်ခဲ့သည်။

“လယ်သမားတွေဟာ လက်ရှိပေါက်ဈေးကနေ အမြတ်တွေရနေပြီး ဒီနှစ်ရဲ့ အကြီးဆုံး နွေစပါးသီးနှံမှာ စိုက်ပျိုးဧရိယာ၊ ဓာတ်မြေဩဇာ သုံးစွဲမှူ စတာတွေ ပိုမိုသုံးစွဲဖို့ ဖြစ်လာလိမ့်မယ်” ဟု ဟိုချီမင်းစီးတီးမှ ကုန်သည်တဦးက ပြောသည်။

.

ဗီယက်နမ်အစိုးရသည် ယခုနှစ် ပထမ ၁၀ လပတ်တွင် ဆန်တန်ချိန် ၆ ဒသမ ၀၇ သန်း တင်ပို့နိုင်မည်ဟု ခန့်မှန်းထားကြောင်း ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။ အောက်တိုဘာလတွင် ဆန်တန်ချိန် ၇ သိန်း တင်ပို့ရန် ရည်မှန်းထားသည်။ ဖိလစ်ပိုင်၊ အာဖရိက၊ ကျူးဘားနှင့် ဘင်္ဂလားဒေ့ရှ်တို့ထံ ဆန်တင်ပို့လျက် ရှိသည်။ 

.

၅% ဆန်ကွဲပါ  ထိုင်းဆန်  <RI-THBKN5-P1> အမျိုးအစား ယခုသီတင်းပတ်တွင် ဈေးနှုန်း မဆိုစလောက်သာ ပြောင်းခဲ့သည်။ ခေါ်ဈေး တစ်တန်လျှင် ကန်ဒေါ်လာ ၄၀၅ ရှိသည်။

ပမာဏများသည့် အရောင်းအဝယ် ကန်ထရိုက် ရရှိခဲ့ခြင်း မရှိချေ။ 

 Source Reuters

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Friday, 28 October 2022 17:36
Rate this item
(0 votes)