Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


သကြား Re-Export လျောက်ထားပါက ကုမ္ပဏီသက်တမ်း သုံးနှစ်ရှိ၍ အခွန်ရှင်းတမ်းပါရမည်ဖြစ်ကြောင်း

သကြား Re-Export ပါမစ်လျောက်လျောက်ထားသော ကုမ္ပဏီများအနေဖြင့် အနည်းဆုံး ကုမ္ပဏီ သက်တမ်း ၃ နှစ်ရှိရန် လိုအပ်ပြီး

အခွန်ရှင်းတမ်းများလည်း ပါဝင်ရန် သတ်မှတ်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာန လက်ထောက်အတွင်းဝန်ထံမှ သိရပါတယ်။

 

ယင်းသို့ လုပ်ဆောင်ရခြင်းသည် ယခင်ကကဲ့သို့ ပါမစ်လိမ်လည်လျှောက်ထားသည့် ဖြစ်စဉ်မျိုးမရှိစေရန် လုပ်ဆောင်ခြင်းဖြစ်ပြီး အမှတ်တကယ် ပြည်ပသို့ ပြန်လည်ပို့ဆောင်ပေးနိုင်သည့် ကုမ္ပဏီများကိုသာ Re-Export လိုင်စင်ထုတ်ပေးနိုင်ရန် ကြပ်မတ်လုပ်ဆာင်ခြင်းဖြစ်ကြောင်း သိရပါတယ်။

 

မနှစ်က Black List ထိထားတဲ့ ကုမ္ပဏီတွေကို Re-Export လိုင်စင်ထုတ်မပေးတော့ပါဘူး။ တကယ်လုပ်ကိုင်နေသူတွေအတွက် အခုလုစနစ်တကျ လုပ်ဆောင်နေရတာဖြစ်ပါတယ်ဟုလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာန လက်ထောက်အတွင်းဝန်ထံမှ သိရပါတယ်။

 

သကြား Re-Export ပါမစ်များကို ဇွန် ၁ရက်က စတင်ခွင့်ပြုပေးရာ ပါမစ်လျောက်ထားသော ကုမ္ပဏီသစ်များမှာ ကုမ္ပဏီသက်တမ်း အနည်းဆုံး ၃ နှစ်ရှိရန် လိုအပ်ပြီး နှစ်စဉ် အခွန်ရှင်းတမ်းများ ပါဝင်ရန် သတ်မှတ်ထားကြောင်း၊ သကြားတင်ပို့မှုကို နယ်စပ်ကုန်သွယ်ရေးစခန်းမှ လုပ်ကိုင်ခွင့်မပေးဘဲ ပင်လယ်ရေကြောင်း တစ်ခုတည်းဖြင့်သာ လုပ်ကိုင်ခွင့်ပြုခြင်းဖြစ်ကြောင်း သိရပါတယ်။

 

သကြား Re-Export ပါမစ်ဖြင့် တင်သွင်းခွင့်ပြုသည့်အခါ ယခင်တင်သွင်းနေသော ကုမ္ပဏီဖြစ်ပါက တန်ချိန် ၂၀၀၀ အထိ ခွင့်ပြု၍ ကုမ္ပဏီသစ်အဖြစ် လျောက်ထားလာပါက တန်ချိန် ၅၀၀ မှ စတင်ခွင့်ပြုပေးရန် စီစဉ် ထားကြောင်း သကြားတင်သွင်းခွင့် သက်တမ်းကို သုံးလသတ်မှတ်ထားပြီး ထပ်မံသက်တမ်းတိုးခွင့် မပြုသေးကြောင်း သက်တမ်းသုံးလအတွင်း ပြည်ပသို့ ပြန်လည်တင်ပို့နိုင်ခြင်းမရှိပါက ထပ်မံသက်တမ်းတိုးရန် တင်သွင်းထားသော သကြားများ မည်သည့်နေရာတွင် သိုလှောင်ထားသည်ကိုလည်း ပူးတွဲဖော်ပြရန် သတ်မှတ်ထားကြောင်း သိရပါတယ်။

 

Source: Myawady

Read times Last modified on Tuesday, 18 September 2018 13:18
Rate this item
(1 Vote)