Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အထွက်နှုန်း လျော့နည်းခြင်းကြောင့် တောင်သူများ အရှုံးပေါ်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ငါ့သရောက်မြို့နယ်အတွင်း စိုက်ပျိုးထားသော မိုးနှမ်းများ နုတ်သိမ်းချိန်တွင် အထွက်နှုန်း လျော့နည်းခြင်းကြောင့် တောင်သူများ အရှုံးပေါ်လျက်ရှိကြောင်း သိရပါတယ်။

 

ငါ့သရောက်မြို့နယ်၌ မေလနောက်ဆုံးပတ်က ရွာသွန်းခဲ့သည့်မိုးဖြင့် မိုးနှမ်းများကြဲပက် စိုက်ပျိုးခဲ့ရာ မေလနှင့် သြဂုတ်လကြား မိုးတစ်မိုးသာ ရွာသွန်းပြီး ရွာသွန်းသည့်မိုးမှာလည်း ကွက်ကြားရွာသွန်းခြင်းကြောင့် မိုးနှမ်းများ ရိုးပိုးဝင်ခြင်း၊ သီးလုံးများ မအောင်မြင်ခြင်းနှင့် နှမ်းနုတ်သိမ်းချိန်တွင်  မိုးရွာနေခြင်းကြောင့် အထွက်နှုန်း ကျဆင်းခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

 

'ငါ့သရောက်မြို့နယ်က  စိုက်ပျိုးရေး လုပ်ငန်းတွေနဲ့ ထန်းတောင်သူ လုပ်ငန်းတွေ အဓိကထား လုပ်ကိုင်တဲ့ဒေသဖြစ်ပါတယ်။

 

Read More >>>>>     အိန္ဒိယမှ ပဲစင်းငုံတင်သွင်းခွင့် ထပ်တိုးကိုတာ သတ်မှတ်ချက်ထုတ်ပြန်

 

မိုးရာသီမှာသာ စိုက်ပျိုးရေး လုပ်ကိုင်လို့ရတဲ့ မိုးနည်းရပ်ဝန်းဒေသဖြစ်ပါတယ်။ ဒီနှစ်မိုးရေချိန် ၂ဝ လက်မအောက်သာ  ရွာသွန်းတဲ့အတွက် စိုက်ပျိုးရေ အလွန်ခက်ခဲတဲ့  ဒေသတစ်ခုဖြစ်တယ်။  ထန်းတောင်သူ အများစုကလည်း ထန်းလျက်ဈေးနှုန်း တွက်ခြေမကိုက်တာကြောင့် ပြည်ပနိုင်ငံတွေကို သွားရောက် အလုပ်လုပ်ကိုင်နေကြတယ်' ဟု   ဒေသခံ တစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

 

ယခင်နှစ်များ မိုးကောင်းစဉ်အခါက မိုးနှမ်းလေးပြည်ကြဲလျှင် ၁၈ တင်း ထွက်သည့် ယာမြေများမှာ ယခုနှစ်တွင် နှမ်းလေးပြည်ကြဲပက် စိုက်ပျိုးရာ လေးပြည်ပင် မရရှိကြောင်း၊ အချို့တောင်သူများ နှမ်းပင်များ မနုတ်သိမ်းလိုက်ရဘဲ မြေပဲစိုက်ပျိုးရန် ပြန်လည် ထွန်ယက်နေပြီ ဖြစ်ကြောင်း သိရပါတယ်။

 

#Myanmar Food Industry Directory

Read times Last modified on Friday, 09 August 2019 14:56
Rate this item
(1 Vote)