Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပဲ၊ နှမ်းဈေးကွက် အရောင်းအဝယ် အေးနေ

Unicode


မန္တလေးမြို့မှ  တရုတ်နိုင်ငံသို့ တင်ပို့နေတဲ့ နှမ်းမျိုးစုံနှင့် ပဲမျိုးစုံဈေးကွက်မှာ ယခုရက်ပိုင်းအတွင်း အရောင်းအဝယ် အေးနေတဲ့အတွက် တရုတ်နှစ်သစ်ကူးကျော် ဇန်နဝါရီလကုန်ပိုင်းမှသာ  ပုံမှန်ပြန်ဖြစ်နိုင်ကြောင်း မန္တလေးမြို့ ပဲ၊ နှမ်းကုန်သည် များထံမှ သိရပါတယ်။

 

တရုတ်နှစ်သစ်ကူး နီးလာပြီဖြစ်၍ သစ်သီးဈေးကွက်မှာ   အရောင်းအဝယ်အားကောင်းနေပြီး တခြားပဲလိုင်းများမှာ အဝယ်အေးနေကာ  ဈေးကွက်အတွင်း အသစ်ဝင်ရောက်လာတဲ့ ပဲတီစိမ်းပမာဏမှာ နည်းပါးနေသေးကြောင်း မန္တလေးကုန်စည်ဒိုင်မှ  ပဲကုန်သည်  တစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

 


၎င်းအပြင် ယခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှုများကြောင့် အသစ်ဝင်ရောက်လာတဲ့ ပဲတီစိမ်းများမှာ ပမာဏများများ ဝင်ရောက်လာခြင်းမရှိသေးဘဲ   မူဆယ် နယ်စပ် ကုန်သွယ်ရေးဇုန်မှလည်း သစ်သီးဈေးကွက် ကောင်းနေချိန်ဖြစ်သောကြောင့် ယခင်နှစ်ထက် စောကာ  ဈေးကွက်အေးနေခြင်းဖြစ်ကြောင်း သိရပါတယ်။

 

Read More >>>>>  လိေမၼာ္ဒိန္ခ်ဥ္ေဖ်ာ္ရည္

 

တရုတ်နှစ်သစ်ကူးကာလဖြစ်တဲ့ ဇန်နဝါရီ ၂၅ ရက်မတိုင်မီ  ရက်သတ္တပတ်နှင့် နှစ်သစ်ကူးပြီးနောက်  ရက်သတ္တပတ်များဟာ တရုတ်လူမျိုးများ အနေဖြင့် မွေးရပ်မြေများသို့ ပြန်ကြတဲ့အတွက် မူဆယ် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှ တစ်ဆင့်တင်ပို့နေတဲ့  ကုန်စည်စီးဆင်းမှုများကို ယာယီ ရပ်နားလေ့ရှိကြောင်းလည်း သိရပါတယ်။

 

 

 

ပဲ၊ ႏွမ္းေစ်းကြက္ အေရာင္းအဝယ္ ေအးေန


မႏၱေလးၿမိဳ႕မွ  တ႐ုတ္ႏိုင္ငံသို႔ တင္ပို႔ေနတဲ့ ႏွမ္းမ်ဳိးစုံႏွင့္ ပဲမ်ဳိးစံုေစ်းကြက္မွာ ယခုရက္ပိုင္းအတြင္း အေရာင္းအဝယ္ ေအးေနတဲ့အတြက္ တ႐ုတ္ႏွစ္သစ္ကူးေက်ာ္ ဇန္နဝါရီလကုန္ပိုင္းမွသာ  ပုံမွန္ျပန္ျဖစ္ႏိုင္ေၾကာင္း မႏၱေလးၿမိဳ႕ ပဲ၊ ႏွမ္းကုန္သည္ မ်ားထံမွ သိရပါတယ္။

 

 

တ႐ုတ္ႏွစ္သစ္ကူး နီးလာၿပီျဖစ္၍ သစ္သီးေစ်းကြက္မွာ   အေရာင္းအဝယ္အားေကာင္းေနၿပီး တျခားပဲလိုင္းမ်ားမွာ အဝယ္ေအးေနကာ  ေစ်းကြက္အတြင္း အသစ္ဝင္ေရာက္လာတဲ့ ပဲတီစိမ္းပမာဏမွာ နည္းပါးေနေသးေၾကာင္း မႏၱေလးကုန္စည္ဒိုင္မွ  ပဲကုန္သည္  တစ္ဦး၏ ေျပာၾကားခ်က္အရ သိရပါတယ္။

 


၎အျပင္ ယခုရက္ပိုင္းအတြင္း မိုးရြာသြန္းမႈမ်ားေၾကာင့္ အသစ္ဝင္ေရာက္လာတဲ့ ပဲတီစိမ္းမ်ားမွာ ပမာဏမ်ားမ်ား ဝင္ေရာက္လာျခင္းမရွိေသးဘဲ   မူဆယ္ နယ္စပ္ ကုန္သြယ္ေရးဇုန္မွလည္း သစ္သီးေစ်းကြက္ ေကာင္းေနခ်ိန္ျဖစ္ေသာေၾကာင့္ ယခင္ႏွစ္ထက္ ေစာကာ  ေစ်းကြက္ေအးေနျခင္းျဖစ္ေၾကာင္း သိရပါတယ္။

 

Read More >>>>>  လိေမၼာ္ဒိန္ခ်ဥ္ေဖ်ာ္ရည္

 

တ႐ုတ္ႏွစ္သစ္ကူးကာလျဖစ္တဲ့ ဇန္န၀ါရီ ၂၅ ရက္မတိုင္မီ  ရက္သတၱပတ္ႏွင့္ ႏွစ္သစ္ကူးၿပီးေနာက္  ရက္သတၱပတ္မ်ားဟာ တ႐ုတ္လူမ်ဳိးမ်ား အေနျဖင့္ ေမြးရပ္ေျမမ်ားသို႔ ျပန္ၾကတဲ့အတြက္ မူဆယ္ နယ္စပ္ကုန္သြယ္ေရး လမ္းေၾကာင္းမ်ားမွ တစ္ဆင့္တင္ပို႔ေနတဲ့  ကုန္စည္စီးဆင္းမႈမ်ားကို ယာယီ ရပ္နားေလ့ရွိေၾကာင္းလည္း သိရပါတယ္။

 

#Myanmar Food Industry Directory

Read times Last modified on Thursday, 30 January 2020 15:20
Rate this item
(0 votes)