Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်ဆိပ်ကမ်းများ လုံခြုံရေးတင်းကျပ်ထား၍ မြန်မာဘက်မှ ပို့ကုန်ထက်ဝက်ကျော် လျော့ကျ

မူဆယ်မှ ရွှေလီမြို့သို့ ကုန်စည်တင်ပို့သည့် ဆိပ်ကမ်းများတွင် နယ်ခြားစောင့်ရဲများ လုံခြုံရေးထူထပ်စွာ ချထားမှုကြောင့်

ဆန်၊ သကြား အပါအ၀င် မြန်မာနိုင်ငံမှ ပို့ကုန်တင်ပို့မှုလျော့နည်းခဲ့ကြောင်း မူဆယ်မြို့မှ ကုန်သည်အချို့က ပြောသည်။

 

ဇန်န၀ါရီလလယ်မှ စတင်၍ ယူနန်အစိုးရ၏ လုံခြုံရေးတင်းကျပ်ခြင်းကြောင့် တရုတ်ကုန်သည်များ ဆန်ဝယ်ယူမှု ၆၀ ရာခိုင်နှုန်းကျော် လျော့နည်းပြီး သကြားဝယ်ယူမှုလည်း ၇၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း ၎င်းတို့က ပြောသည်။

 

ဇန်န၀ါရီလဆန်းက တစ်ရက်လျှင် ဆန်အိတ် ခြောက်သောင်း၊ သကြားအိတ် ရှစ်သောင်း ၀ယ်ယူခဲ့သော်လည်း ယခုရက်ပိုင်းတွင် ဆန်နှင့် သကြားအိတ်ရေ နှစ်သောင်းခန့်သာ ၀ယ်ယူကြောင်း သိရသည်။

 

တရုတ်ဆန်ကုန်သည်များ မြန်မာနိုင်ငံသို့လာရောက်မှုမှာ ငါးပုံတစ်ပုံခန့် လျော့ကျခဲ့ကြောင်း မူဆယ်မြို့မှ ကုန်သည်များက ပြောသည်။ ဆန်ကုန်သည် ဦးရေ၃၀ မှ ခြောက်ဦးခန့်သာ လာရောက်ပြီး ဆန်ဝယ်ယူကြောင်း မူဆယ်ကုန်စည်ဒိုင်မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

 

တရုတ်နိုင်ငံမှ ဆန်နှင့်သကြားအ၀ယ် လျော့နည်းခြင်းကြောင့် ဆန်တစ်အိတ်လျှင် သုံးယွမ်(ကျပ် ၆၀၀ ကျော်)၊ သကြားတစ်အိတ်လျှင် ငါးယွမ် (ကျပ် ၁,၀၀၀  ကျော်) ဈေးကျလာသည်။

 

မြန်မာနိုင်ငံမှ နယ်စပ်ကုန်သွယ်ရေးနှင့် ယူနန်ပြည်နယ်သို့ လယ်ယာထွက်ကုန်၊ ရေထွက်ကုန်များ အပါအ၀င် ကုန်ပစ္စည်းများ တစ်ရက်လျှင် ကန်ဒေါ်လာ ၁၁ သန်းကျော်ဖိုး တင်ပို့နေသော်လည်း နှစ်နိုင်ငံတရားဝင် ကုန် သွယ်ရေးမဟုတ်ကြောင်း ကုန် သည်အချို့က ပြောသည်။

 

မြန်မာနိုင်ငံဘက်မှ တရား ၀င်လိုင်စင်ဖြင့် ကုန်ပစ္စည်းများ တင်ပို့နေသော်လည်း တရုတ်အ စိုးရက တရားဝင် ခွင့်မပြုသဖြင့် ယူနန်ပြည်နယ်မှ ကုန်သည်များက တရားမ၀င်စနစ်ဖြင့်သာ နယ်စပ်မှမြန်မာ့ပို့ကုန်များကို ၀ယ်ယူ နေသည်။

 

နှစ်နိုင်ငံကုန်သွယ်ရေးလမ်းကြောင်းတွင် တရုတ်အစိုးရက လုံခြုံရေး တင်းကျပ်ပါက ကုန် သွယ်ရေး လျော့ကျလေ့ကြောင်း မူဆယ်မြို့မှ ကုန်သည်များက ပြောသည်။

 

တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများသည် ၂၀၁၇ အောက်တိုဘာက တရုတ်နိုင်ငံတွင် (၁၉) ကြိမ် မြောက် တရုတ်ကွန်မြူနစ်ပါတီ အမျိုးသားညီလာခံ ကျင်းပနေခြင်းကြောင့် လုံခြုံရေးတင်းကျပ် ထားသဖြင့် မြန်မာ-တရုတ်နယ် စပ်ကုန်သွယ်ရေး ရပ်တန့်လုနီးပါးဖြစ်နေကြောင်း မူဆယ်မြို့မှ ကုန်သည် အချို့က ပြောကြားသည်။

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်းနှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် အောက်တိုဘာ ၁ မှ ၇ ရက်အထိ အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ခြင်းကြောင့် ကုန်သွယ်ရေးလျော့နည်းခဲ့သည်။

 

၂၀၁၇-၁၈ ဘဏ္ဍာနှစ် ကိုးလကျော်အတွင်း တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးသည် ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံရရှိထားပြီး မြန်မာနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းခန့်ရှိသည်။

 

ယခုဘဏ္ဍာနှစ် ကိုးလကျော်အတွင်း မြန်မာနိုင်ငံ၏ စုစုပေါင်းကုန်သွယ်မှုက ၂၄ဘီလီယံကျော်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန စာရင်းများတွင် ဖော်ပြထားသည်။

 

Source: 7 days new

Read times Last modified on Wednesday, 19 September 2018 11:29
Rate this item
(1 Vote)