Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဖာပွန်မြို့နယ်တွင် ရာသီပေါ်ဒူးရင်းသီးအထွက်နည်းသော်လည်း ဈေးကောင်းရ

ကရင်ပြည်နယ် ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင်စိုက်ပျိုးထားသော ဒူးရင်းပင်များမှ

ယခုနှစ်ဒူးရင်းသီးအထွက်နည်းသော်လည်း ဈေးကွက်အတွင်း ဈေးကောင်းရလျက်ရှိကြောင်း သိရပါတယ်။

 

ယခုနှစ်တွင် ဒူးရင်းပွင့်များပွင့်ချိန်က မြေငလျင်လှုပ်ခတ်မှုကြောင့် ဒူးရင်းပွင့်များ အပွင့်မအောင်ဘဲ အသီးနည်းခဲ့သလို ရာသီဥတု ပူပြင်းခြောက်သွေ့မှုကြောင့် အပင်များပါ ခြောက်သွေ့လာကာ အပင်သေခြင်းနှင့် အသီးများ အရွယ်မရောက်မီကြွေကျခြင်းတို့ကြောင့် ယခုနှစ်တွင် ဒူးရင်းသီးအထွက်နှုန်း သိသိသာသာ ကျဆင်းခဲ့ကြောင်း သိရပါတယ်။

 

အရင်ကဆိုရင် ဒူးရင်းသီးအသေးတစ်လုံကို ကျပ် ၅၀၀၊ အကြီးတစ်လုံးကို ၁၀၀၀ ကျပ် လောက်ပဲ ၀ယ်ရတယ်။ ဒီနှစ်မှာ ဒူးရင်းသိးအသေးတစ်လုံးကို ကျပ် ၁၀၀၀၊ အကြီးတစ်လုံးကို ကျပ် ၂၀၀၀ ခန့် ၀ယ်ရကြောင်း ဒူးရင်းခြံများမှ ဒူးရင်းသီးဝယ်ယူပြန်လည်ရောင်းချသူဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

 

ဒူးရင်းသီးများကို ဖာပွန်မြို့ရှိ ညောင်ပင်ရွာ၊ နေပူခံကျေးရွာ၊ ဘိုရာပါကျေးရွာ၊ ကျွမ်းပင်ကျေးရွာ၊ မဲဝိုင်ကျေးရွာ၊ မနမ်းနွယ်ကျေးရွာ၊ ထို့လွီကျိုးကျေးရွာ၊ ဒူးပလယ်ကျိုးကျေးရွာတို့တွင် ၀ယ်ယူရရှိပြီး ဖာပွန်မြို့မှတစ်ဆင့် ဘားအံမြို့သို့လည်းကောင်း၊ ရန်ကုန်မြို့သို့လည်းကောင်း ကားများဖြင့် တင်ပို့ရောင်းချကြကြောင်း ဖာပွန်မြို့ရှိ ဒူးရင်းသီးကုန်သည်တစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

 

ယခုနှစ်တွင် ဖာပွန်မြို့နယ်ရှိ ဒူးရင်းခြံများမှ အသီးထွက်နည်းပြီး ထွက်ရှိသည့် အသီးများ၏ အရည်အသွေးနှင့် ကြီးထွားမှုမှာလည်း ယခင်နှစ်များကထက် လျော့ကျနေသည့်တိုင် ဒူးရင်းသီးရှားပါးခြင်းကြောင့် ဈေးကောင်းရနေကြောင်း သိရပါတယ်။

 

ဒေသခံဒူးရင်းပင်စိုက်တောင်သူများအနေဖြင့် ရေရှည်အဆင်ပြေစေရေးအတွက် မျိုးကောင်းမျိုးသန့် ဒူးရင်းပင်များကို ပြန်လည်စိုက်ပျိုးရန် လိုအပ်လျက်ရှိနေကြောင်း သိရပါတယ်။

 

Source: Myanma Alinn

Read times Last modified on Tuesday, 18 September 2018 13:44
Rate this item
(6 votes)