Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တောင်သူများက ၀ဥစိုက်ပျိုးရေးကို အထူးစိတ်ပါဝင်စား

တောင်သူများက ၀ဥစိုက်ပျိုးရေးကို အထူးစိတ်ပါဝင်စား google.com

၂၀၁၆-၂၀၁၇ခုနှစ်အတွင်း အလေ့ကျ ပေါက်ပင်မှ တူးရောင်းသည့် ဝဥအစို တစ်ပိဿာကို

၃၅၀ ကျပ်မှ ၅၀၀ ကျပ်၊ ခြံစိုက်ဝဥအစို အထိုင်ဈေး တစ်ပိဿာကို ၁၀၀၀ ကျပ်ဝန်းကျင် အရည်အသွေးအပေါ် မူတည်၍ ဈေးရရှိခဲ့ပြီး၂၀၁၈ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး ၀ဥဈေးကွက်မှာတော့ ၀ဥတစ်ပိဿာကို ၁၂၀၀ ကျပ် ဈေးနှုန်း ပေါက်ဈေးရှိနေကြောင်း သိရပါတယ်။

 

ပဲခူးတိုင်းဒေသကြီးက တောင်သူများကတော့ ဈေးကွက်တစ်ရှိန်ထိုး ကောင်းမွန်လာတဲ့ ၀ဥစိုက်ပျိုးရေးကို အထူး စိတ်ပါဝင်စားနေကြကြောင်း သိရပါတယ်။

 

သြဂုတ်လကနေ အောက်တိုဘာလအတွင်း ဝဥတွေမှာ “ဂလူကို မန်နန်” လို့ခေါ်တဲ့ ဖိုင်ဘာအစေ့လုံး စုဆောင်းမှု မပြည်ဝသေးတဲ့ ကာလဖြစ်ပြီး “မန်နန်” အပြည့်ဝဆုံးအချိန်ဟာ အပင်ညှိုးခြောက် ပျက်စီးပြီး အပင်ကို သာမန်လူ မတွေ့နိုင်တော့တဲ့ အချိန်ဖြစ်တယ်လို့ သိရပါတယ်။ ကိုယ်တိုင်စိုက်ပျိုးသူတွေအနေနဲ့ ချိန်ဆ စိုက်ပျိုးနိုင်ပါက ၀ဥရှားတဲ့ ကာလတွေမှာပါ ၀ယ်လက်တွေကို ရောင်းချနိုင်ပြီး ဈေးကောင်း ပိုရကြောင်း သိရပါတယ်။

 

ဝဥကို အခြောက်ပြားပြုလုပ်၍ အမှုန့်ကြိတ်ကာ “မန်နန်” ရယူခြင်း၊ ကျန်ဘေးထွက် အမှုန်များကို တိရစ္ဆာန်အစာ၊ ကြက်စာ၊ ဝက်စာအဖြစ် အသုံးပြုခြင်းတွေ ရှိတယ်လို့ စိုက်ပျိုးသူတွေထံမှ သိရပါတယ်။

 

ဂျပန်နိုင်ငံမှာ ၀ဥမှုန့်ကို ကော်ပြန့်၊ ခေါက်ဆွဲ၊ ဂျယ်လီ ပြုလုပ်ခြင်း၊ ဖိလစ်ပိုင်နိုင်ငံမှာ ပေါင်မုန့်၊ အရက်၊ ၀ိုင်ချက်လုပ်ခြင်း၊ တရုတ်နိုင်ငံမှာ အစားအစာ၊ ခေါက်ဆွဲ၊ အသားတု ပြုလုပ်ရာတွင် ထည့်သွင်း အသုံးပြုခြင်းနဲ့ စားသောက်ကုန်၊ ဆေးဝါးတွေမှာ တွင်ကျယ်စွာ အသုံးပြုနေကြကြောင်း သိရပါတယ်။

 

ဝဥက ပြည်ပပို့ကုန်တစ်ခုဖြစ်တာကြောင့် စိုက်ခြံတွေနဲ့ စိုက်ပျိုးမှု တွင်ကျယ်လာစေရေး၊ ထွက်နှုန်းချိန်ဆ စိုက်ပျိုးတတ်စေရေး၊ ဝဥ အစို၊အခြောက် ဈေးကွက်ကောင်းလာရေး၊ အရည်အသွေးမီ ၀ဥတန်ဖိုးမြှင့် ထုတ်ကုန်တွေ ထုတ်လုပ်နိုင်ရေးတို့ဟာ ၀ဥစိုက်ပျိုးရေးရဲ့ အရေးပါတဲ့အခန်းကဏ္ဍဖြစ်ကြောင်း သိရပါတယ်။

Read times Last modified on Wednesday, 19 September 2018 10:54
Rate this item
(0 votes)