Food & Livestock



အယ်လ်နီညို နှင့် ကမ္ဘာ့ ဆန်လက်ကျန်

အယ်လ်နီညို နှင့် ကမ္ဘာ့ ဆန်လက်ကျန် 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ကမ္ဘာ့အရန်ဆန်သိုလှောင်မှု လက်ကျန်သည် စံချိန်တင် ပမာဏဖြင့် များပြားနေသည်။ အယ်လ်နီညို ရောက်လာပြီးနောက်တွင် အရန်ဆန်သိုလှောင်မှု လက်ကျန်သည် လုံလုံလောက်လောက် ဆက်ရှိနေသည်အထိ တောင့်ခံနိုင်မလားဟု စိုးရိမ်မကင်း ဖြစ်ကြသည်။

.

ကမ္ဘာ့ဆန်ထုတ်လုပ်မှု ၉၀% နှင့် ကမ္ဘာ့စားသုံးမှု ၉၀% ရှိသော အာရှသည် များသောအားဖြင့်  ပူပြင်းပြီးခြောက်သွေ့သည့် အယ်လ်နီညို ရာသီဥတုပုံစံကို ကြုံတွေ့ရမည် ဖြစ်သည်။

.

သမိုင်းကြောင်းတစ်လျှောက် အယ်လ်နီညိုနှစ်များအတွင်း စပါးအထွက်နှုန်း ကျဆင်းခဲ့သည်။

 .

အမေရိကန်က အယ်လ်နီညိုရာသီဥတု ဖြစ်စဉ်ကို ရောက်ရှိလာပြီဖြစ်ကြောင်း ကြေညာခဲ့သည်။အလယ်အလတ် အဆင့်ထက် လွန်ကဲနိုင်ခြေ မြင့်မားသည်ဟု ဆိုသည်။ ပြင်းထန်သည်နှင့်အမျှ စပါးအထွက် ပိုနည်းမည် ဖြစ်သည်။

.

“ဒီနှစ်မှာ ဆန်ဈေးကွက်က ရောင်းသူ အသာစီးရတဲ့ ဈေးကွက် ဖြစ်လာမှာပါ" ဟု ထိုင်းဆန်တင်ပို့ရောင်းချသူများအသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Chookiat Ophaswongse က ပြောကြားသည်။

"ပြတ်လပ်တဲ့ အတိုင်းအတာအထိ မဟုတ်ပေမဲ့ ဆန်ထုတ်လုပ်မှုက ကျိန်းသေပေါက် ကျသွားမှာပါ" ဟု ၎င်းက ပြောကြားသည်။

.

ကမ္ဘာ့ဆန်သိုလှောင်မှုသည် ယခုရာသီတွင် တန်ချိန် ၁၇၃ ဒသမ ၅ သန်းသို့ ၅ ရာခိုင်နှုန်း ကျဆင်းမည်ဟု အမေရိကန် စိုက်ပျိုးရေးဌာနမှ ခန့်မှန်းထားသည်။

.

ဆန်တင်သွင်းရသည့်နိုင်ငံများသည် သတိထားမိလာကြပြီး  မကြာသေးမီလများအတွင်း ဝယ်ယူမှုများ တိုးမြှင့်လာကြသည်။

.

ကမ္ဘာ့တတိယအများဆုံး ဆန်တင်ပို့ရောင်းချသည့် ဗီယက်နမ်သည်  ၂၀၂၃ ပထမ ၄ လတွင် ယခင်နှစ်ထက် ဖိလစ်ပိုင်သို့ ၄၀%၊ တရုတ်သို့ ၇၀%၊ အင်ဒိုနီးရှားသို့ ၂,၅၀၀% ပိုမိုတင်ပို့ခဲ့ရသည်။

အဆိုပါကာလအတွင်း ထိုင်းဆန် တင်ပို့မှုသည် ယခင်နှစ်ထက် ၁၈% ပိုမိုတင်ပို့ခဲ့သည်။

 .

ကမ္ဘာ့အများဆုံး ဆန်တင်ပို့ရောင်းချသည့် အိန္ဒိယသည် အနောက်တောင် မုတ်သုန်အပေါ် အကြီးအကျယ် တည်မှီနေသည်။ မိုးရွာသွန်းမှုသည် ယခုနှစ်တွင် ပုံမှန်ဟု ခန့်မှန်းထားသည်။ သို့ဖြစ်ရာ စပါးစိုက်ပျိုးထုတ်လုပ်မှုကို အထောက်အကူ ဖြစ်မည်။ 

 

သမိုင်းကြောင်းတစ်လျှောက် အယ်လ်နီညိုသည် အိန္ဒိယတွင် မိုးရွာသွန်းမှု နည်းပါးစေခဲ့သည်။ လယ်ယာထွက်ကုန်ကို ထိခိုက်စေသည်။ အခြေခံ စားသောက်ကုန်များ ဈေးတက်သည်။

.

ယခုနှစ်တွင် အယ်လ်နီညို ရောက်ရှိသော်လည်း  စပါးရိတ်သိမ်းမှုမှာ မတ်ထရစ်တန် ၅၁၂ ဒသမ ၅ သန်းဖြင့် တည်ငြိမ်နေမည်ဟု အမေရိကန် စိုက်ပျိုးရေးဌာနမှ ခန့်မှန်းထားသည်။

.

စိုက်ပျိုးရေးသုတေသနကုမ္ပဏီ The Rice Trader တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ် Jeremy Zwinger က "ယခုအခါ  ဆန်ပြတ်လပ်တာ မရှိပါဘူး" ဟု ပြောကြားသည်။ ကမ္ဘာ့လက်ကျန်ဆန် လျော့ကျမည်ဟု ခန့်မှန်းပြီး စိုးရိမ်စိတ်ဖြင့် ဝယ်ယူတင်သွင်းနေကြခြင်း ဖြစ်သည်။


TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Saturday, 17 June 2023 07:20
Rate this item
(0 votes)