Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဗီယက်နမ်ဆန်၊ ထိုင်းဆန်၊ အိန္ဒိယဆန်၊ တစ်ပတ်တာ ဈေးနှုန်း အတက်အကျများ

ထိုင်းဆန်၊ ဗီယက်နမ်ဆန်၊ အိန္ဒိယဆန် တစ်ပတ်တာ ဈေးနှုန်း အတက်အကျများ

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

၅ ရာခိုင်နှုန်း ဆန်ကွဲပါ ဗီယက်နမ်ဆန် <RI-VNBKN5-P1> free-on-board FOB ခေါ်ဈေးသည် ယခင်အပတ်ကအတိုင်း အပြောင်းအလဲ မရှိ၊  တစ်တန်လျှင် ကန်ဒေါ်လာ ၄၂၅ မှ ဒေါ်လာ ၄၃၀ တွင် ဆက်ရှိနေသည်။ ၂၀၂၁ နိုဝင်ဘာလ နောက်ပိုင်း အမြင့်မားဆုံး ဈေးနှုန်း ဖြစ်သည်။ 

.

ဆန်ကုန်သည်တို့က ၎င်းရေချိန်တွင် ဆက်ရှိနေဦးမည် ဖြစ်ပြီး စျေးနှုန်းများသည် လာမည့်ရက်သတ္တပတ်များအတွင်း အနည်းငယ်တက်သွားဖွယ်ရှိသည်ဟု ဆိုသည်။ 

အောက်တိုဘာလတွင် ဗီယက်နမ်မှ ဆန် ၇၁၃,၅၄၆ တန် တင်ပို့ခဲ့သည်။

ယခုနှစ် ၁၀ လတာအတွင်း ဆန်တန်ချိန် ၆ သန်းခန့် တင်ပို့ခဲ့ပြီးပြီ ဖြစ်ပြီး တန်ဖိုးမှာ ကန်ဒေါ်လာ ၂.၉၅ ဘီလီယံ ဖြစ်ပါသည်။ 

.

ထိုင်းဆန် ၅ ရာခိုင်နှုန်း ဆန်ကွဲပါ  <RI-THBKN5-P1> ခေါ်ဈေး တစ်တန်လျှင် ယခင်အပတ်က $405-$410 ရှိခဲ့ပြီး ယခု $410 ရှိသည်။ 

ဈေးနှုန်း မပြောင်းလဲရသည်မှာ ဝယ်လိုအား အားပျော့နေသောကြောင့် ဖြစ်သည်။ ဆန်သစ်များ ဈေးကွက်ထဲ ဝင်လာသည့်အခါ ဆန်းဈေးနှုန်း ကျရိပ် ရှိသည်ဟု ဆန်ကုန်သည်များက ပြောကြားသည်။ ရိတ်သိမ်းရာသီ ဖြစ်သဖြင့် ဆန်သစ်များ တဖြည်းဖြည်း ရောက်လာလိမ့်မည်ဟု ဆိုသည်။ 

.

ဆန်အများဆုံး တင်ပို့သည့် အိန္ဒိယနိုင်ငံမှ ၅ ရာခိုင်နှုန်း ဆန်ကွဲပါ <RI-INBKN5-P1> ပေါင်းဆန် ဈေးနှုန်း မပြောင်းလဲပါ။ တစ်တန် $370-$375  တွင် ငြိမ်နေသည်။ 

Source Reuters

 TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Friday, 11 November 2022 19:53
Rate this item
(0 votes)