Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပျားနာနတ်သီး ဈေးကွက် ယခင်နှစ်ထက် အရောင်းအဝယ် ကျဆင်း

ရှမ်းပြည်နယ်(တောင်ပိုင်း) ဆီဆိုင်မြို့နယ်တွင် ထွက်ရှိသော   ပျားနာနတ်သီး များသည် 

ယခင်နှစ်ကထက် အရောင်းအဝယ် အေး၍ ဈေးနှုန်းကျဆင်းနေကြောင်း   သိရပါတယ်။

 

''ကျွန်မတို့က များသောအားဖြင့် ဆီဆိုင်၊ဟိုပုံး၊   ပင်ဖြစ်၊  တောင်နီ၊  နောင်တရားမြို့တွေကို  အဓိကထား တင်ပို့ရောင်းချတာဖြစ်ပါတယ်။ ခါတိုင်းနှစ်ဆို တစ်ရက်ကို အနည်းဆုံး ငါးသောင်းကျပ်ဖိုးလောက်  ရောင်းရတယ်။

 

အခုတော့     နာနတ်သီးလည်းရောင်းအား မကောင်းတော့ပါဘူး။ တစ်ရက်ကို အလွန်ဆုံး တစ်သောင်းဖိုးလောက်ပဲ  ရောင်းရတယ်။

 

ဒီအတိုင်းဆိုရင်    နာနတ်ခြံတိုးစိုက်ဖို့ နေနေသာသာ စိုက်ပြီးသား တောင်သူများက အခြားသီးနှံတွေကိုစိုက်ပျိုးဖို့ စဉ်းစားနေရတယ်'' ဟု နာနတ်သီးခြံပိုင်ရှင်၏ ပြောကြားချက်အရ သိရပါတယ်။

 

နာနတ်ခြံအထိ လာရောက်ဝယ်ယူလျှင် ယခင်နှစ်က ပျားနာနတ်သီး တစ်လုံးလျှင် ငွေကျပ် ၉ဝဝ၊ ရိုးရိုးနာနတ်သီး တစ်လုံးလျှင် ငွေကျပ် ၆ဝဝ ရှိပြီး ယခုနှစ်တွင် ပျားနာနတ်သီး တစ်လုံးလျှင် ငွေကျပ် ၆ဝဝ၊ ရိုးရိုးနာနတ်သီး တစ်လုံးလျှင် ငွေကျပ် ၃ဝဝ နှုန်းရရှိကြောင်း၊မိုးကောင်းသည့်နှစ်များတွင်   ပျားနာနတ်သီး အထွက်များပြီး   မိုးနည်းသည့်နှစ်တွင် ပျားနာနတ်သီး အထွက်နည်းကြောင်း   သိရပါတယ်။

 

Source: Myawady

 

Read More >>>>  ကုန်စိမ်းဈေးနှုန်းများ မြင့်တက်ပြီး သီးနှံဈေးနှုန်းများ ကျဆင်း

 

Read 1416 times Last modified on Tuesday, 18 September 2018 11:41
Rate this item
(2 votes)