Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်အဝယ်လိုက်၍ ဖရဲဈေးတက်

တရုတ်နိုင်ငံတွင် ဖရဲသီးထွက်ရှိသည့်ရာသီ ကုန်ဆုံးသွားသောကြောင့် ယခုရက်ပိုင်းအတွင်း တရုတ်နိုင်ငံဘက်မှ

ဖရဲသီးဝယ်လိုအားများလာပြီး ဖရဲသီး ဈေးနှုန်းများ မြင့်တက်လာကြောင်း မူဆယ်ရှိ ဖရဲသီးကုန်သည်များထံမှ သိရသည်။

 

ပြီးခဲ့သည့် အောက်တိုဘာလ ၁၉ ရက်နေ့က ဖရဲသီးတစ်တန်လျှင် အနိမ့်ဆုံး ယွမ် ၈၀ဝ မှ အမြင့်ဆုံး ယွမ် ၁၈၀ဝ အထိ ပေါက်ဈေးရှိသော်လည်း အောက်တိုဘာလ ၂၅ ရက်နေ့တွင် အနိမ့်ဆုံး ယွမ် ၈၅၀ မှ အမြင့်ဆုံး ယွမ် ၂၆၀ဝ အထိ ပေါက်ဈေးရှိကြောင်း ယင်းကုန်သည်များထံမှ သိရသည်။

 

တရုတ်နိုင်ငံကထွက်တဲ့ ဖရဲသီးတွေက ကုန်သွားတာလည်း ပါတယ်။ မူဆယ်ကို ဖရဲကားအဝင်ကလည်းနည်းတဲ့အ တွက် ဈေးတက်ပြီး အဝယ်လိုက်လာတာပါ”ဟု မူဆယ် ၁၀၅ မိုင် သစ်သီးဝလံ ကုန်စည်ဒိုင် တာဝန်ခံ ဒေါ်ကြည်ကြ ည်ခိုင်က ပြောကြားသည်။

 

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တရုတ်နိုင်ငံဘက်သို့ ယခုရက်ပိုင်း၌ ဖရဲသီးတစ်မျိုးတည်းကိုသာ အဓိကတင်ပို့နေခြင်းဖြစ်ပြီး နာနတ်သီးကိုလည်း ကားအစီးရေ အနည်းငယ်တင်ပို့မှုရှိကြောင်း ၎င်းက ပြောဆိုသည်။

 

အောက်တိုဘာလ ၁ ရက်နေ့စကာ တရုတ်နိုင်ငံဘက်တွင် လုံခြုံရေးတင်းကျပ်၍ အဖမ်းအဆီးများပြုလုပ်နေသေြာေ ကာင့် ဆန်၊ သကြားတင်ပို့မှုများကို ရပ်ဆိုင်းထားရပြီး ယခုရက်ပိုင်းတွင် အနည်းငယ်ပြန် လည်တင်ပို့နေရကြောင်း ဆန်၊ သကြား ကုန်သည်များထံမှ သိရသည်။

 

တရုတ်ဘက်မှာ မုန်တိုင်းကြောင့် နေရာတော်တော်များများမှာ ဖရဲခင်းတွေ ပျက်သွားတာလည်းပါတယ်။ အခုက ဖရဲတစ်မျိုးကိုပဲ အဓိကပို့နေတာပါ။ နာနတ်သီးကတော့ ရာသီကုန်တော့မှာဆိုတော့ အစီးရေ နည်းနည်းပဲ ပို့နိုင်ပါတ ယ်”ဟု မူဆယ်မှ ဖရဲကုန်သည်တစ်ဦးက ပြောဆိုသည်။

 

အောက်တိုဘာလ ၂၃ ရက်နေ့တွင် မူဆယ် ၁၀၅ မိုင်ကုန်စည်ဒိုင်သို့ ဖရဲကား အစီးရေ ၅၄ စီးဝင်ရောက်ကာ အောက် တို ဘာလ ၂၄ ရက်နေ့တွင် ဖရဲကားအစီးရေ ၆၄ စီး ဝင်ရောက်ပြီး အောက်တိုဘာလ ၂၅ ရက်နေ့တွင် ဖရဲကားအ စီးရေ ၄၀ ဝင်ရောက်ကြောင်း မူဆယ် ၁၀၅ မိုင် သစ်သီးဝလံကုန်စည်ဒိုင်ထံမှ သိရသည်။

 

Source: Voice

Read times
Rate this item
(1 Vote)