Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ငါးရှဥ့်များကို စစ်ဆေးခံပြီးမှသာ ပြည်ပနိုင်ငံများသို့ တင်ပို့ခွင့်ပြုမည်ဟုဆို

 ပြည်ပနိုင်ငံများသို့ ငါးရှဥ့်တင်ပို့ရာတွင် ခြောက်နှစ်ကြာ စစ်ဆေးမှုမရှိဘဲ

လွတ်လပ်စွာ တင်ပို့ခဲ့သော်လည်း ဇန်နဝါရီ ၂၉ရက်၌ အစိုးရအဖွဲ့က စတင်စစ်ဆေးပြီးမှ ပြည်ပတင်ပို့ခွင့်ပြုမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးရှဥ့် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာ တိုးနန္ဒာတင်က ပြောသည်။

ငါးရှဥ့်ကို ပြည်တွင်းစားသုံးမှု နည်းပါး၍ ပြည်ပသို့ တင်ပို့ရောင်းချနေပြီး ဝယ်ယူစုဆောင်းသူများသည် အရွယ်မရောက်သေးသည့် လုံးပတ်သုံးစင်တီမီတာအောက် ငါးရှဥ့်များ ပါဝင်လာလျှင် ယင်း ငါးရှဥ့်များကို ပြန်လွှတ်ပေးသင့်ကြောင်း ၎င်းက ဆိုသည်။

 

‘‘တချို့ငါးရှဥ့်တင်ပို့တဲ့ လုပ်ငန်း သူတို့တစ်သက်လုပ်ခဲ့ပေမယ့် ငါးရှဥ့်အထီး၊ အမမခွဲတတ်ကြဘူး။ နိုင်ငံခြားမှာဆိုရင် လယ်သမားကအစ ငါးရှဥ့်ကို သားဖောက် တတ်တယ်။ ဒီမှာ မလုပ်တတ်ကြသေးဘူး။ ရသမျှ အကုန်ပို့နေတော့ ကြာရင် မျိုးသုဉ်းသွားမှာ စိုးရတယ်’’ ဟု ဒေါက်တာ တိုးနန္ဒာတင်က ဆိုသည်။

 

စစ်ဆေးမှုများကို ငါးလုပ်ငန်းဦးစီးဌာန ပြည်တွင်းအခွန်များ ဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူများနှင့် ရဲများက ပြုလုပ်မည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းဝင်းမြင့်က ဆိုသည်။

 

‘‘ငါးရှဥ့်တင်ပို့သူတွေ ဝယ်စု လိုင်စင်ရှိဖို့ လိုအပ်ပါတယ်။ စစ် ဆေးတွေ့ရှိခဲ့ရင် ပစ္စည်းသိမ်းတာတွေ၊ ဖမ်းဆီးအရေးယူတာတွေကို ဆောင်ရွက်သွားမှာပါ။ ရှေ့ဆက် ဒီလုပ်ငန်းတွေကို အဆင် ပြေတိုးတက်စေချင်ပါတယ်။ ဒါကြောင့် ဘက်ပေါင်းစုံ၊ နည်းလမ်းပေါင်းစုံကနေ အားပေးနေတာ တွေရှိပါတယ်။ ဒါပေမဲ့လုပ်ငန်းရှင်တွေအနေနဲ့ ဥပဒေဘောင်အတွင်းက ဖြစ်ဖို့ အရေးကြီးပါ တယ်’’ဟု ၎င်းက ဆိုသည်။

 

ပြည်ပနိုင်ငံများသို့ ရေထွက် ကုန်ကြမ်းများထက် တန်ဖိုးမြင့် စားသောက်ကုန်များထုတ်လုပ် ရောင်းချသင့်ကြောင်း ဦးထွန်းဝင်းမြင့်က ပြောသည်။

 

မြန်မာနိုင်ငံ ငါးရှဥ့်လုပ်ငန်းရှင်များအသင်းအဖွဲ့ဝင်များတွင် သက်ဆိုင်ရာ ဝယ်ယူစုဆောင်းခွင့် လိုင်စင် မရှိသူများ ပါဝင်နေပြီး အရွယ်မရောက်သေးသည့် ငါးရှဥ့်များကို ပြည်ပသို့ တင်ပို့ရောင်းချနေသဖြင့် ငါးရှဥ့်မျိုးသုဉ်းနိုင်သောကြောင့် ယင်းကဲ့သို့ ပြန်လည်စိစစ်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

 

၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ငါးရှဥ့်တင်ပို့ရောင်းချမှုတန်ချိန် တစ်သောင်းနှစ်ထောင်ကျော်သော်လည်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်၌ တန်ချိန် ငါးထောင်ကျော်သာရှိကြောင်း ဒေါက်တာ တိုးနန္ဒာတင်က ပြောသည်။

 

Source: 7 days new

Read 2100 times Last modified on Wednesday, 19 September 2018 11:28
Rate this item
(1 Vote)