Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဖရဲကားအဝင်များ၍ ဖရဲ ဈေးကျ

Unicode

 

ဖရဲကားအဝင်များ၍ ဖရဲ ဈေးကျ


မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်သို့ ဖရဲသီးကားများအဝင်များ၍ ဈေးကျဆင်းသွားကြောင်း သစ်သီးပွဲရုံများထံမှ သိရသည်။

 

နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ဖရဲကားအစီးရေ ၁၆၀ ခန့် ဝင်ရောက်ပြီး ၈၅၅ ဖရဲတစ်တန်လျှင် တရုတ်ငွေယွမ် ၈၀၀ မှ ၁၃၀၀၊ အဖြူသီးစီးပြတ် ၁၅ တန်လျှင် ယွမ် ၅၀၀၀ မှ ၁၀၀၀၀၊ ထဲန်ဝမ်ဖရဲတစ်တန်လျှင် ယွမ် ၁၅၀၀ မှ ၂၃၀၀ အထိ ပေါက်ဈေးရှိကြောင်း ယင်းပွဲရုံများထံမှ သိရသည်။

 

"ဖရဲကတော့ ဈေးကျနေတုန်းပဲ။ ဈေးမကောင်းဘူး။ ရောင်းလိုအားက ဝယ်လိုအားထက် များနေတာကြောင့်လည်းပါတယ်။ တရုတ်ဘက်မှာလည်း ဖရဲကရောင်းမကောင်းဘူး။ ဖရဲကားအဝင်များတာလည်းပါတယ်။  လောလောဆယ်တော့ အစီးရေက ဒီပတ်ဝန်းကျင်ပဲ ဝင်နေတယ် " ဟု ဖရဲကုန်သည်တစ်ဦးကပြောကြားသည်။

 

Read More >>>>>   ဆန္ ေျပာင္းႏွင့္ ဂ်ဳံတို႕ကို ကိုတာစနစ္ျဖင့္ တင္ပို႕လိုပါက ႏိုဝင္ဘာ ၁၅ ရက္မတုိင္မီ ေလွ်ာက္ထားရန္ သတ္မွတ္

 

နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ဖရဲကားအစီးရေ ၁၃၂ စီးဝင်ရောက်ပြီး ၈၅၅ ဖရဲတစ်တန်လျှင် တရုတ်ငွေယွမ် ၈၀၀ မှ ၁၂၀၀၊ ရှမ်းသီးတစ်တန်လျှင် ယွမ် ၇၀၀ မှ ၁၄၀၀၊ အဖြူသီးစီးပြတ် ၁၅ တန်လျှင် ယွမ် ၅၀၀၀ မှ ၁၀၀၀၀၊ ထဲန်ဝမ် ဖရဲတစ်တန်လျှင် ယွမ် ၁၅၀၀ မှ ၂၃၀၀ အထိပေါက်ဈေးရှိကြောင်း ခွာညိုသစ်သီးပွဲရုံထံမှ သိရသည်။

 

လက္ဖက္ရြက္ကုန္ေလွာင္ရံုမ်ားကိုရွာရန္ႏွိပ္ပါ။

 

ထို့ပြင် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ဖရဲကားအစီးရေ ၁၃၂ စီး ဝင်ရောက်ပြီး ၈၅၅ ဖရဲတစ်တန်လျှင် တရုတ်ငွေယွမ် ၅၀၀ မှ ၁၁၀၀၊ ရှမ်းသီးတစ်တန်လျှင် ယွမ် ၇၀၀  မှ ၁၃၀၀၊ အဖြူသီးစီးပြတ် ၁၅ တန်လျှင် ယွမ် ၅၀၀၀ မှ ၈၀၀၀ အထိ ပေါက်ဈေးရှိကြောင်း ယင်းပွဲရုံများထံမှ သိရသည်။

 

Source: Voice

 

 

ဖရဲကားအဝင္မ်ား၍ ဖရဲ ေစ်းက်

 

မူဆယ္ ၁၀၅ မိုင္ ကုန္သြယ္ေရးဇုန္သို႕ ဖရဲသီးကားမ်ားအဝင္မ်ား၍ ေစ်းက်ဆင္းသြားေၾကာင္း သစ္သီးပြဲ႐ံုမ်ားထံမွ သိရသည္။

 

ႏိုဝင္ဘာလ ၁၄ ရက္ေန႕တြင္ ဖရဲကားအစီးေရ ၁၆၀ ခန္႕ ဝင္ေရာက္ၿပီး ၈၅၅ ဖရဲတစ္တန္လွ်င္ တ႐ုတ္ေငြယြမ္ ၈၀၀ မွ ၁၃၀၀၊ အျဖဴသီးစီးျပတ္ ၁၅ တန္လွ်င္ ယြမ္ ၅၀၀၀ မွ ၁၀၀၀၀၊ ထဲန္ဝမ္ဖရဲတစ္တန္လွ်င္ ယြမ္ ၁၅၀၀ မွ ၂၃၀၀ အထိ ေပါက္ေစ်းရွိေၾကာင္း ယင္းပြဲ႐ံုမ်ားထံမွ သိရသည္။

 

"ဖရဲကေတာ့ ေစ်းက်ေနတုန္းပဲ။ ေစ်းမေကာင္းဘူး။ ေရာင္းလိုအားက ဝယ္လိုအားထက္ မ်ားေနတာေၾကာင့္လည္းပါတယ္။ တ႐ုတ္ဘက္မွာလည္း ဖရဲကေရာင္းမေကာင္းဘူး။ ဖရဲကားအဝင္မ်ားတာလည္းပါတယ္။  ေလာေလာဆယ္ေတာ့ အစီးေရက ဒီပတ္ဝန္းက်င္ပဲ ဝင္ေနတယ္ " ဟု ဖရဲကုန္သည္တစ္ဦးကေျပာၾကားသည္။

 

Read More >>>>>   ဆန္ ေျပာင္းႏွင့္ ဂ်ဳံတို႕ကို ကိုတာစနစ္ျဖင့္ တင္ပို႕လိုပါက ႏိုဝင္ဘာ ၁၅ ရက္မတုိင္မီ ေလွ်ာက္ထားရန္ သတ္မွတ္

 

ႏိုဝင္ဘာလ ၁၃ ရက္ေန႕တြင္ ဖရဲကားအစီးေရ ၁၃၂ စီးဝင္ေရာက္ၿပီး ၈၅၅ ဖရဲတစ္တန္လွ်င္ တ႐ုတ္ေငြယြမ္ ၈၀၀ မွ ၁၂၀၀၊ ရွမ္းသီးတစ္တန္လွ်င္ ယြမ္ ၇၀၀ မွ ၁၄၀၀၊ အျဖဴသီးစီးျပတ္ ၁၅ တန္လွ်င္ ယြမ္ ၅၀၀၀ မွ ၁၀၀၀၀၊ ထဲန္ဝမ္ ဖရဲတစ္တန္လွ်င္ ယြမ္ ၁၅၀၀ မွ ၂၃၀၀ အထိေပါက္ေစ်းရွိေၾကာင္း ခြာညိဳသစ္သီးပြဲ႐ံုထံမွ သိရသည္။

 

လက္ဖက္ရြက္ကုန္ေလွာင္ရံုမ်ားကိုရွာရန္ႏွိပ္ပါ။

 

ထုိ႕ျပင္ ႏိုဝင္ဘာလ ၁၂ ရက္ေန႕တြင္ ဖရဲကားအစီးေရ ၁၃၂ စီး ဝင္ေရာက္ၿပီး ၈၅၅ ဖရဲတစ္တန္လွ်င္ တ႐ုတ္ေငြယြမ္ ၅၀၀ မွ ၁၁၀၀၊ ရွမ္းသီးတစ္တန္လွ်င္ ယြမ္ ၇၀၀  မွ ၁၃၀၀၊ အျဖဴသီးစီးျပတ္ ၁၅ တန္လွ်င္ ယြမ္ ၅၀၀၀ မွ ၈၀၀၀ အထိ ေပါက္ေစ်းရွိေၾကာင္း ယင္းပြဲ႐ံုမ်ားထံမွ သိရသည္။

 

Source: Voice

Read times Last modified on Thursday, 06 February 2020 16:46
Rate this item
(0 votes)

Media