Food & Livestock
အိန္ဒိယက ပြန်ဝယ်မှသာ မတ်ပဲနှင့် ပဲစင်းငုံ ဈေးနှုန်းပြန်လည်မြင့်တက်မည်ဖြစ်ကြောင်း
လက်ရှိအချိန်တွင် ပြည်ပသို့ အဓိက တင်ပို့နေသည့် မတ်ပဲနှင့် ပဲစင်းငုံဈေးနှုန်းများက
ထက်ဝက်ခန့် အထိ ကျဆင်းနေပြီး အိန္ဒိယနိုင်ငံမှ ပြန်လည်ဝယ်ယူမှသာလျှင် ဈေးနှုန်းပြန်လည်မြင့်တက်လာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်းမှ သိရပါတယ်။
အဓိကအားကိုးရတဲ့ပဲတွေကတော့ ဈေးကျပြီး ပဲစင်းငုံက ၃၈၅၀၀၀ လောက်ပဲရှိပြီး မတ်ပဲက ၄၉၀၀၀၀ လောက်ပဲရှိတော့တယ်။
မနှစ်က ဒီအချိန်မှာဆိုရင် ပဲစင်းငုံက တစ်တန် ၈၀၀၀၀၀ လောက်ရှိပြီး မတ်ပဲကတော့ တစ်တန်ကို ၉၀၀၀၀၀ လောက်ရှိကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်းထံမှ သိရပါတယ်။
မြန်မာနိုင်ငံ၏ မတ်ပဲနှင့် ပဲစင်းငုံကို အဓိက ၀ယ်ယူနေတဲ့ အိန္ဒိယနိုင်ငံဘက်မှ မူဝါဒအပြောင်းအလဲများရှိလာမှ သာ ပြည်တွင်းဈေးကွက်အတွင်း မတ်ပဲနှင့် ပဲစင်းငုံဈေးနှုန်းများ ယခင်ပုံမှန်ဈေးနှုန်းအထိ ပြန်လည်ကောင်းမွန် လာမည်ဖြစ်ကြောင်း သိရပါတယ်။
လက်ရှိအချိန်တွင်လည်း တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ပဲစိုက်ဧက လျော့နည်းခြင်းနှင့် ပဲအထွက်နှုန်း လျော့ကျမှုကြောင့် အရောင်းအ၀ယ်ဖြစ်မှုနှင့် ၀ယ်လိုအားနည်းနေကြောင်း သိရပါတယ်။
Source: Daily Eleven