Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့ထိပ်တန်း အစားအစာထုတ်လုပ်ရေးနှင့် ထုပ်ပိုးမှုကုမ္ပဏီက ပြည်တွင်း၌ ထုတ်ကုန်အရေအတွက် သန်း ၃၀၀ ထုတ်လုပ်မည်ဖြစ်ကြောင်း

၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့ထိပ်တန်း အစားအစာထုတ်လုပ်ရေးနှင့် ထုပ်ပိုးမှုကုမ္ပဏီက ပြည်တွင်း၌ ထုတ်ကုန်အရေအတွက် သန်း ၃၀၀ ထုတ်လုပ်မည်ဖြစ်ကြောင်း google.com

မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်၌ ကမ္ဘာ့ထိပ်တန်း အစားအစာထုတ်လုပ်ရေးနှင့် ထုပ်ပိုးရေးနည်းပညာဆိုင်ရာ

ကုမဏီဖြစ်သော Tetra Pak သည် ထုတ်ကုန်အရေအတွက် သန်း ၃၀၀ အထိ ထုတ်လုပ်ရန် ရည်မှန်းထားကြောင်း သိရပါတယ်။

 

Tetra Pak Thailand Ltd. မြန်မာနိုင်ငံရုံးခွဲမှ Key Account Director ဖြစ်သူ Mr. Chee choy Tang က အသင့်သောက်သုံးနိုင်တဲ့ နို့ထွက်ပစ္စည်းနဲ့ သစ်သီးဖျော်ရည်ကဏ္ဍတွေမှာ ယခုလက်ရှိ အခြေအနေအထိ ထိုးဖောက်မှုနည်းနေသေးတာကြောင့် မြန်မာနိုင်ငံမှာ ကျွန်တော်တို့အတွက် အလွန်ကောင်းမွန်တဲ့ အခွင့်အလမ်းတွေ ရှိနေပါတယ်။

 

အခြားသော အာဆီယံနိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် မြန်မာနိုင်ငံမှာ ထုပ်ပိုးထားတဲ့ အရည်အစားအစာတွေကို အသုံးပြုမှုက အလွန်နည်းပါးနေပါသေးတယ်ဟု ပြောခဲ့ပါတယ်။

 

Tetra Pak အနေဖြင့် နိုင်ငံအများအပြားတွင် ထုပ်ပိုးမှုလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံသို့ ၂၀၁၃ ခုနှစ်မှ စတင်၍ ၀င်ရောက်ခဲ့ပြီး အခြေခံပညာကျောင်းသား ၄၇၀၀၀ ကို အစိုးရနှင့် ပူးပေါင်းကာ School Milk Program ၌ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရပါတယ်။

 

UHT ထုတ်ကုန်များကို စတင်မိတ်ဆက်ခဲ့ပြီး ဦးစားပေးအနေဖြင့် မြန်မာပြည်သူများအတွက် ပဲပုတ်၊ နို့ထွက်ပစ္စည်းနှင့် အသီးဖျော်ရည်တို့ကဲ့သို့ အာဟာရပြည့်ဝသည့် ထုတ်ကုန်များကို ထုတ်လုပ်မည်ဖြစ်ကြောင်း သိရပါတယ်။

 

Tetra Pak အနေဖြင့် နိုင်ငံပေါင်း ၁၇၀ မှ လူသန်းရာကျော်အတွက် လိုအပ်သည့် ထုတ်ကုန်များကို ထုတ်လုပ် ပေးလျက်ရှိကြောင်း သိရပါတယ်။

 Source: Pyimyanmar

Read times Last modified on Wednesday, 19 September 2018 11:17
Rate this item
(1 Vote)