Food & Livestock
အခြေခံငါးမွေးမြူရေးနှင့် ဆေးထိုးသားဖောက်သင်တန်း ဖွင့်လှစ်ပို့ချ
ငါးလုပ်ငန်းဦးစီးဌာနသည် ငါးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဒေသခံပြည်သူများ အခြေခံငါးမွေးမြူရေးနှင့်
ဆေးထိုးသားဖောက်ခြင်း နည်းပညာများရရှိစေရန်နှင့် ငါးသယံဇာတများ ရေရှည်စဉ်ဆက်မပြတ်ထုတ်လုပ်နိုင်ရန်ရည်ရွယ်၍
တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မင်းဘူးခရိုင် စလင်းမြို့နယ် ဖောင်းလင်းကျေးရွာ၌ အခြေခံငါးမွေးမြူရေးနှင့် ဆေးထိုးသားဖောက်သင်တန်းကို ဖွင့်လှစ်သည်။
အဆိုပါသင်တန်းသို့ မင်းဘူးခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှာ ခရိုင်ဦးစီးဌာနမှူးနှင့် ပွင့်ဖြူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနတို့မှ
သင်တန်းအထောက်အကူပစ္စည်းများ ပေးအပ်ခဲ့ပြီး ပညာပေးသင်တန်းဖွင့်လှစ်ပို့ချဆောင်ရွက်ခဲ့ရာ သင်တန်းသား
သင်တန်းသူ ၂၀ တက်ရောက်ကြပြီး အခြေခံငါးမွေးမြူရေးနှင့် ဆေးထိုးသားဖောက်ခြင်းနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
Source: Mirror
Myanmar Food Industry Guide



