Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


နေကြာ ဈေးကောင်းရသည့်အတွက် တောင်သူများ အဆင်ပြေ

စစ်ကိုင်းတိုင်းဒေသကြီး၌ နေကြာထွက်ရှိချိန်တွင် ဈေးကောင်း ရရှိနေသည့်အတွက် တောင်သူများ အဆင်ပြေနေကြောင်း၊

စစ်ကိုင်းတိုင်းဒေသကြီး နေကြာစိုက်တောင် သူများထံမှ သိရပါတယ်။

 

လက်ရှိတွင် စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်၌ နေကြာများ စတင်ရိတ်သိမ်းလျက်ရှိပြီး နေကြာတစ်တင်းလျှင် ငွေကျပ် ၉ဝဝဝ ဖြင့် ဈေးဖွင့်နေသည့်အတွက် ဈေးကောင်း ရရှိနေကြောင်း သိရပါတယ်။

 

ထို့ပြင် တစ်ဧကလျှင် တင်း ၃ဝ ခန့် ထွက်ရှိပြီး နေကြာကို မြေပဲနှင့်သီးညှပ် စိုက်ပျိုးလေ့ရှိကာ စစ်ကိုင်းတိုင်းဒေသကြီးမှ ထွက်ရှိသည့် နေကြာများကို ပြည်ပတင်ပို့မှုများ ရှိနေပြီး ပြည်တွင်းသို့ အစေ့စား နေကြာတင်ပို့မှု များပြီး ဆီစားနေကြာ စိုက်ပျိုးမှုမှာ နည်းပါးနေကြောင်း နေကြာကုန်သည်များထံမှ သိရပါတယ်။

 

ထို့ပြင် ထွက်ရှိမှု၏ ၂၅ ရာခိုင်နှုန်း ကိုသာ လှောင်လက်များက ဝယ်ယူလှောင်ထားလေ့ ရှိကြပြီး ကျန်နေကြာများကို ပွဲရုံ များသို့ တင်ပို့နေကြောင်း သိရပါတယ်။

 

''ဒီနှစ် အထွက်လည်း ကောင်းတယ်။ စိုက်ပျိုးစရိတ်ကလည်း နည်းနေပြီး ဈေး ကောင်းလည်းရတော့ ဒီနှစ်အဆင်ပြေတယ်။ နောက်ပြီး သီးညှပ်စိုက်တော့ ပိုအဆင်ပြေတယ်'' ဟု စစ်ကိုင်းတိုင်းဒေသ ကြီးမှ နေကြာစိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရပါတယ်။

 

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်၌ နေကြာစိုက်ပျိုးဧက လေးသောင်းကျော်ရှိပြီး နေကြာသီးနှံကို ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့၌ အများအပြား စိုက်ပျိုးကြကြောင်း သိရပါတယ်။

 

Source: Myawady

Read times Last modified on Tuesday, 18 September 2018 13:16
Rate this item
(4 votes)