Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြေပဲဆန်များ တရုတ်နိုင်ငံသို့ တင်ပို့မှုများသဖြင့် ပြည်တွင်း ဆီစက်များ၌ ကုန်ကြမ်း ရှားပါးနေ

ယခုနှစ်တွင် ပြည်တွင်းမှထွက်ရှိသော မြေပဲဆန်များကို တရုတ်နိုင်ငံသို့ တင်ပို့နေသဖြင့်   ဈေးကောင်းရရှိနေပြီး ဆီစက်များ၌ ကုန်ကြမ်း ရှားပါးနေကြောင်း သိရသည်။

 

လတ်တလောတွင် အရည်အသွေး ကောင်းမွန်သော မြေပဲများကို တရုတ်နိုင်ငံက ကြိုက်နှစ်သက်၍ ဝယ်ယူနေသောကြောင့် ဈေးကွက်အတွင်း ကုန်ကြမ်းရှားပါးမှုများနှင့် တွေ့ကြုံနေရကာ မြေပဲဆန် တစ်ပိဿာလျှင်  ငွေကျပ် ၂၇ဝဝ မှ ၂၉ဝဝ  အထိ ဈေးနှုန်းရှိပြီး  ယမန်နှစ်ကထက်  ၅ ရာခိုင်နှုန်းအထိ   ဈေးနှုန်းမြင့်တက်လာကြောင်း သိရသည်။

 

လတ်တလောတွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်နှင့် ပဲခူးတိုင်း ဒေသကြီး ဝေါမြို့နယ်တို့၌ မြေပဲများ စတင်ထွက်ရှိနေပြီး  အရည်အသွေး ကောင်းမွန်သော ဝေါမြို့နယ်မှ မြေပဲများကို  မြင်းခြံ၊ အောင်လံ စသည့်ဒေသတို့မှ လာရောက် ဝယ်ယူလျက်ရှိသည်။

 

တရုတ်နိုင်ငံမှ ဝယ်လိုအားများနေသည့် အပြင် ပြည်တွင်း လိုအပ်ချက်များလည်း ရှိနေသောကြောင့်  မြေပဲဆန်ဈေးနှုန်းများ ကျဆင်းဖွယ် မရှိကြောင်း၊ ပြည်တွင်း စားသုံးသူများသည် ကျန်းမာရေး ဗဟုသုတနည်းပါး၍ ဈေးနှုန်းနည်း ပါးသည့် စားသုံးဆီနှင့် ဓာတုအနံ့ ရောနှောဆီများကို ဝယ်ယူမှု ပိုမိုများပြားသောကြောင့် ပြည်တွင်းပဲဆီ ဈေးကွက်ပျက်စီးကာ ပြည်တွင်းရှိ   ဆီစက် ၉ဝ  ရာခိုင်နှုန်းခန့်  ရပ်နားထားရကြောင်း သိရသည်။

 

Source: Myawaddy

Read times
Rate this item
(1 Vote)