Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဝါးမျှစ်ရှာသူ ရှားပါးမှုကြောင့် ဈေးကွက်သို့ မျှစ်ဝင်ရောက်မှု လျော့နည်း

ကရင်ပြည်နယ် သံတောင်မြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် တောင်ပေါ်ဒေသများ၌

ယခုအခါ ဝါးမျှစ်အမြောက်အမြား ထွက်ရှိသော်လည်း ရှာဖွေသည့် လုပ်သားရှားပါးမှုကြောင့် ဈေး ကွက်သို့ ဝါးမျှစ် ဝင်ရောက်မှုလျော့နည်းလျက်ရှိကြောင်း သိရပါတယ်။

 

''မျှစ်ဈေးကွက်ကတော့ အမှန်ရယ်လို့မရှိပါဘူး။ အရင်ကဆို တောင်ပေါ်ဒေသတွေမှာ မျှစ်ရှာသူတွေပေါတော့ မျှစ်အဝင်များတယ်။ ဒါပေမဲ့ ဒီလိုမျှစ်ရှာရတဲ့ လုပ်ငန်းက အရမ်းပင်ပန်းတယ်။ ပင်ပန်း သလောက်လည်း ဝင်ငွေကမကောင်းတော့ မျှစ်ရှာသူ နည်းပါးလာတယ်။ မျှစ်ရှာသူနည်းလာတာနဲ့အမျှ အဝင်လည်းနည်းသွား တယ်။

 

ရှာတဲ့သူတွေကတော့ တစ်ရက်ကို ပိဿာချိန် ၂၅ ပိဿာနဲ့ ၃ဝ အကြားရတတ်ပါ တယ်။ဈေးက လည်းလက်ရှိ တစ်ပိဿာမှ ငွေကျပ် ၃ဝဝ ပဲ ပေါက်ဈေးရှိတယ်''ဟု အဝယ်ဒိုင် လုပ်ငန်းလုပ်ကိုင်သူ တစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

 

လက်ရှိဈေးကွက်တွင် ဝါးမျှစ်ဝင်ေ ရာက်မှုမှာ တစ်ရက်လျှင် ပိဿာချိန် ၃ဝဝ မှ ၂ဝဝဝ အထိ ဝင်ရောက်ပြီး လာရောက်ရောင်းချသည့် မျှစ်အမျိုးအစားခွဲခြင်း၊ ပါးလွှာခြင်း၊ ပြုတ်ခြင်း၊ ချိန်တွယ်ခြင်းနှင့် ထုပ်ပိုးခြင်းတို့ကိုလုပ်သား ၄ဝ ခန့်ဖြင့် ပြုလုပ်ကြရကာ အချဉ်ဓာတ်ရရှိပြီးသည့် မျှစ်အိတ် များကို ရထားနှင့်တင်ဆောင်၍ တပ်ကုန်း၊ မိတ္ထီလာ၊ မန္တလေးမြို့တို့သို့ နှစ်ရက်ခြားတစ်ခါ တင်ပို့ရောင်းချ ရကြောင်း သိရပါတယ်။

 

Source: Myawady

Read times Last modified on Tuesday, 18 September 2018 11:49
Rate this item
(1 Vote)