Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကြက်သား စားသုံးသူနည်းသော်လည်း ကြက်ဥ စားသုံးမှုများ

ကြက်သား စားသုံးသူနည်းသော်လည်း ကြက်ဥ စားသုံးမှုများ Google

မြန်မာနိုင်ငံမှာကြက်မွေးမြူသူတွေအနေနဲ့ တစ်နှစ်ကို ကြက်ထုတ်လုပ်မှု ၁၅ ရာခိုင်နှုန်းခန့်တိုး တက်နေတာကြောင့်

အသားတိုးကြက်ထုတ်လုပ်မှုအားမြင့်နေတဲ့အချိန်မှာ ပြည်သူလူထုရဲ့ ကြက်သား စားသုံးမှုဟာ ကျဆင်းနေတဲ့အတွက် ကြက်သားစျေးနှုန်းဟာ ကိုဗစ်ဒုတိယလှိုင်းဖြစ်ပွားချိန်ကတည်း က ကျဆင်းလာကာ ယခုအချိန်အထိ ထုတ်လုပ်မှုစရိတ်အောက်ရောက်နေဆဲဖြစ်သည်။


လက်ရှိမန္တလေးတွင် အသားတိုးကြက်ခြံမှာ ခြံဖမ်းစျေးကတော့ တစ်ပိသာ ကျပ် နှစ်ထောင့် ခုနစ်ခန့်ရှိပြီး မွေးမြူသူတွေရဲ့ ထုတ်လုပ်မှုစရိတ်က တစ်ပိသာ ကျပ် နှစ်ထောင့်ခြောက်ရာနဲ့ နှစ်ထောင့် ရှစ်ရာကြားမှာရှိနေတဲ့အတွက် ကြက်သားစျေးနှုန်းဟာ ထုတ်လုပ်မှုကုန်ကျစရိတ်အောက်ကျဆင်း နေပြီး မွေးမြူသူတွေ တွက်ချေမကိုက်ဖြစ်နေကြသည်။


“ ကိုဗစ်ဒုတိယလှိုင်းဖြစ်စဉ်ကတည်းက ကြက်သားစျေးက ကျနေတယ်၊ ရန်ကုန်ဆိုရင်ပိုဆိုး ဆယ်၊ ခြံဖမ်းစျေး တစ်ပိသာ ကျပ်နှစ်ထောင်ကျော်နဲ့ ရပ်တည်နေတယ်၊ မြန်မာနိုင်ငံအထက်ပိုင်း မန္တလေးတို့လို့ ပတ်ဝန်းကျင်မှာ ကြက်အရှင်ခြံဖမ်း စျေး တစ်ပိသာ ခန့်မှန်း ကျပ်နှစ်ထောင့်ခုနစ်ရာ ဝန်း ကျင်ရှိပါတယ်၊ လက်ရှိအနေအထားကတော့ ထုတ်လုပ်မှုစရိတ်ရတဲ့အနေအထားရှိတယ်၊ ထုတ်လုပ် မှုစရိတ်အောက်ရောက်သွားရင်တော့ အရှုံးပေါ်မှာ၊ မွေးမြူသူတွေရဲ့ ထုတ်လုပ်မှုစရိတ်က ကျပ် နှစ်ထောင့်ခြောက်ရာနဲ့ နှစ်ထောင့်ရှစ်ရာကြားမှာရှိတယ်၊ ကြက်သားစျေးက အမွှေးအူနုတ် တစ်ပိသာ ကျပ်လေးထောင်နဲ့ လေးထောင့်ငါးရာကြားမှာရှိပါတယ်၊ စျေးကတဲ့အကြောင်းအရင်းကလည်း သုံးစွဲ မှုအားနည်းနေပြီး ထုတ်လုပ်မှုများနေတဲ့အတွက်ကျဆင်းရခြင်းဖြစ်ပါတယ်၊ စားသောက်ဆိုင်တို့ ဟိုတယ်တို့ အဲဒီလုပ်ငန်းတွေ မဖွင့်နိုင်သေးတော့ စားသုံးမှုကတော့ အတိုင်းအတာတစ်ခုအနေနဲ့ လျော့သွားတယ် ” ဟု မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ(၁)ဒေါက်တာ ကျော်ထင် က ပြောကြားခဲ့သည်။


စားသောက်ကုန်တွေမှာတစ်ခုအပါအဝင်ဖြစ်တဲ့ကြက်ဥစျေးကအနေနဲ့ ကိုဗစ်စတင်ဖြစ်တဲ့ အချိန်ကစပြီး သုံးစွဲမှုကလည်း ပုံမှန်ရှိနေပြီး အိမ်မှာအထားခံနိုင်တဲ့အနေအထားရှိပြီး ပုံမှန်စားသုံးမှု အနေအထားရှိနေတဲ့အတွက်ကြောင့် ထုတ်လုပ်မှုစျေးနှုန်းအောက် ရောက်ရှိသွားခြင်းမရှိဘဲ ပုံမှန် အခြေအနေတွင်သာရှိနေပြီး အသားတိုးကြက်အနေနဲ့ လက်ရှိမွေးမြူထားတဲ့ထုတ်လုပ်မှုက စားသုံး မှုထက်ပိုလျှံနေတာကြောင့်အသားတိုးကြက်ထုတ်လုပ်မှုကို မွေးမြူသူရောကြက်ပေါက်ထုတ်တဲ့ ကုမ္ပဏီရော အတတ်နိုင်ဆုံးထိန်းညှိရန်လိုလာပါသည်။


“ မြို့ပေါ်မှာ ကြက်သားရောင်းတဲ့သူ ကြက်ဥရောင်းတဲ့သူအနေနဲ့ကတော့သူ့ရဲ့ ရောင်းအား မြင့်နေမှာ၊ တစ်နိုင်ငံလုံးအနေနဲ့ခြုံရင်တော့မရဘူး၊ ကြက်ဥရောင်းအားကတော့မြင့်တယ်၊ အခြေခံ စားသောက်ကုန်ထဲမှာပါနေတယ်၊ ထားလို့လည်းရတဲ့အနေအထားရှိနေတယ်၊ ကြက်ဥစျေးက ပုံမှန် တက်လိုက် ကျလိုက်ပါပဲ၊ စားသုံးသူရော ထုတ်လုပ်သူရော အဆင်ပြေတဲ့ စျေးနှုန်းမှာပဲရှိနေတာ၊ ကြက်သားထုတ်လုပ်မှုများနေပြီး စားသုံးသူနည်းနေတဲ့အခြေအနေ ဆက်ဖြစ်နေမယ်ဆိုရင် အငယ်စား နဲ့ အလတ်စားမွေးမြူသူတွေအနေနဲ့ကတော့ ရေရှည်မှာမွေးမြူနိုင်ဖို့ မလွယ်တော့ဘူး၊ အဓိက ထုတ်လုပ်မှုကို အတိုင်းအတာတစ်ခုအထိလျော့ချမှရမှာ၊ ထုတ်လုပ်မှုအတိုင်းအတာတစ်ခုအထိ လျော့ချမှ စျေးက မျှခြေတစ်ခုအထိ ရောက်လာမှာ၊ ကြက်ပေါက် ထုတ်လုပ်မှုလျော့မှရမှာ၊ လက်ရှိ အခြေအနေမှာ စားသုံးမှုက ထုတ်လုပ်မှုအောက်လျော့နေတာ”ဟု ဒေါက်တာ ကျော်ထင်က ဆက်လက်ပြောကြားခဲ့သည်။


အသားတိုးကြက်စျေးကွက်ဟာ တစ်ရက်ထွက်ကုန်တစ်ရက်ရောင်းရတဲ့စျေးကွက်ဖြစ်တဲ့ အတွက် စားသုံးသူဘက်က အပြောင်းအလဲအနည်းငယ်ဖြစ်ရုံနဲ့ ခြံဖမ်းစျေးရုတ်တရက်ကျဆင်းနေ တဲ့အနေအထားဖြစ်နေပါသည်။ မန္တလေးတိုင်းဒေသကြီးတွင် အသားတိုးမွေးမြူသူများအနေဖြင့် မန္တလေးပတ်ဝန်းကျင်တွင် များပြီး ဥစားကြက်မွေးမြူသူများကတော့ ပြင်ဦးလွင်မှာများပြီး တစ်နိုင်ငံလုံးအနေနဲ့ ကြက်ဥ စားသုံးမှုမှာ လူတစ်ဦးသည် တစ်နှစ်လျှင် အလုံး ၆ဝခန့်ရှိပြီး ကြက်သားစားသုံးမှုမှာတစ်နှစ်ကို ငါးပိသာခန့်ရှိသည်ဟု သိရပါသည်။

 

By Myanmar Food Guide

Read times
Rate this item
(0 votes)