Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မူဆယ်လမ်းကြောင်း ပိတ်ထားတဲ့အတွက် မြဝတီသို့ ကုန်စည်စီးဆင်းမှု အနည်းငယ် ကျဆင်း

Unicode

 

မူဆယ်လမ်းကြောင်း ပိတ်ထားတဲ့အတွက် မြဝတီသို့ ကုန်စည်စီးဆင်းမှု အနည်းငယ် ကျဆင်း

 

လက်ရှိ မူဆယ်သို့ ကုန်စည်စီးဆင်းမှုမှာ ရပ်တန့်နေပြီး မြဝတီသို့ ကုန်စည်စီးဆင်းမှုမှာလည်း အနည်းငယ် ကျဆင်းနေကြောင်း  မြန်မာနိုင်ငံ အဝေးပြေးကုန်စည် ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များ အသင်းမှ သိရပါတယ်။

 

လက်ရှိအချိန်တွင်  ဖရဲ၊  သခွားမွှေး ရာသီချိန်ဖြစ်သော်လည်း  မူဆယ်လမ်းကြောင်းကို ဖေဖော်ဝါရီ ၉ ရက်အထိ ပိတ်ထားမှာ ဖြစ်သည့်အတွက် ကုန်စည်စီးဆင်းမှု ကျဆင်းနေခြင်း ဖြစ်ကြောင်း သိရပါတယ်။

 

Read More >>>>>   စင်ကာပူမြို့ ကုန်ပစ္စည်းလက်လီဈေးနှုန်းများနှင့် ဈေးကွက်သတင်းအချက်အလက်များ

 

လတ်တလောတွင် မြဝတီဘက်သို့ ကုန်တင်ပို့မှုများမှာလည်း ယခင်ကထက် ၅ ရာခိုင်နှုန်းခန့် ကျဆင်းပြီး အဆင်းကုန်နည်းပါးနေကြောင်း၊  မြဝတီဘက်မှ ရန်ကုန်သို့ တစ်ရက်လျှင် ကုန်တင်ယာဉ်အစီးရေ ၁၅ဝ ဝန်းကျင် ဝင်ရောက်နေကြောင်း သိရပါတယ်။

 

တစ်နိုင်ငံလုံး၌ ကုန်တင်ယာဉ်အစီးရေ ပျမ်းမျှ သုံးသိန်းခန့်ရှိပြီး ဝန်လေးကား အစီးရေ ခုနစ်သောင်းကျော်နှင့် ဝန်ပေါ့ကားအစီးရေ  နှစ်သိန်းကျော်ရှိရာ  ကုန်စည်စီးဆင်းမှု ကျဆင်းနေသဖြင့် ယာဉ်လုပ်ငန်း လုပ်ကိုင်သူများအတွက် အခက်အခဲများ ရှိနေကြောင်း သိရပါတယ်။

 

#MFID

 

 


 


 


 

Read More >>>>>   စင်ကာပူမြို့ ကုန်ပစ္စည်းလက်လီဈေးနှုန်းများနှင့် ဈေးကွက်သတင်းအချက်အလက်များ

 


 


 

 

#MFID

Read times Last modified on Wednesday, 05 February 2020 17:18
Rate this item
(0 votes)