Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


လယ်ဧက ၂၀၀ ခန့်အတွက် သီးနှံလျော်ကြေး ကျပ်သိန်း ၁,၄၀၀ ကျော်ကို အီတာလျံထိုင်းကုမ္ပဏီ ပေးအပ်

ထားဝယ်အထူးစီးပွား ရေးဇုန်အတွင်း အီတာလျံထိုင်း ကုမ္ပဏီ၏ကျောက်ထုတ်လုပ်ငန်း

ကြောင့် ပျက်စီးခဲ့သည့် လယ်မြေ ဧက ၁၉၀ ကျော်အတွက် ကုမ္ပဏီ က လေးနှစ်ကြာပြီးမှ သီးနှံလျော် ကြေးအဖြစ် ကျပ်သိန်း ၁,၄၀၀ ကျော် ပေးအပ်ခဲ့ကြောင်း ရေဖြူ မြို့နယ် တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ် ဦးလှထွေး က ပြောသည်။

 

‘‘သူတို့လက်ခံကျေနပ်နိုင်ပါ တယ်။ သူတို့လက်ရှိ စပါးမစိုက် ပျိုးနိုင်တာ လေးနှစ်ရှိပြီပေါ့။ လေးနှစ်အတွက် သီးနှံဈေးကို လက်ရှိ ဒေသပေါက်ဈေးနှုန်းအတိုင်း နစ် နာကြေးပေးတယ်ဆိုတော့ သူတို့ အတွက် မနစ်နာဘူးပေါ့’’ဟု ဦးလှထွေးက ပြောသည်။

 

လယ်ယာမြေ ပျက်စီးဆုံးရှုံးခဲ့သည့် လယ်မြေဧက ၁၉၀ ကျော်ရှိ လယ်သမား ၄၄ ဦးအား မူလလယ်တစ်ဧကလျှင် စပါးအထွက်နှုန်း ၄၅ တင်းကို လက်ရှိ ဒေသပေါက်ဈေး စပါးတစ်တင်း ကျပ် ၄,၂၀၀ အပေါ် အခြေခံတွက် ချက်၍ လယ်မလုပ်နိုင်သည့် လေးနှစ်အတွက် ထားဝယ်ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၌ ဇန်နဝါရီ ၂၉ ရက်တွင် ပေးအပ် ခဲ့သည်။  ထို့အပြင် အီတာလျံထိုင်း ကုမ္ပဏီသည် ၎င်း၏ လုပ်ငန်း ကြောင့် ပျက်စီးခဲ့သော လယ်မြေ များကို သက်ဆိုင်ရာအစိုးရဌာန များနှင့် ပူးပေါင်းဆောင်ရွက်၍ မူလစပါးအထွက်နှုန်း ရသည်အ ထိ လယ်သမားများ ပြန်လည်စိုက် ပျိုးနိုင်ရန် မြေပြင်ရှင်းလင်းရေး လုပ်ငန်းများ တာဝန်ယူဆောင် ရွက်ပေးမည်ဟု ကတိပေးပြောဆို ခဲ့ကြောင်း ဦးလှထွေးက ရှင်းပြ သည်။

 

‘‘အခုလို ပျက်စီးမှုအတွက် လျော်ကြေးပြန်ရတာ ဆိုတော့ တောင်သူတွေက ဝမ်းသာတာ ပေါ့။ လယ်ကို ပြန်ပြုပြင်မယ်။ ကျန်တဲ့သူတွေလည်း လက်ခံကြ ပါတယ်။ ကျေနပ်တယ်လို့ ပြောလို့ရမယ်ပေါ့။ ဒါပေမဲ့ သူတို့ ဘယ်လို လယ်မြေတွေကို ဘယ်လိုပြုပြင်ပေးမလဲဆိုတာ၊ ဘယ်လို ဆက်သွားမလဲဆိုတာကိုတော့ စောင့်ကြည့်ရဦးမယ်’’ ဟု သီးနှံလျော်ကြေးငွေရယူခဲ့သည့် ပရဒတ်ကျေးရွာသား ဦးထိန်သန်းက ပြောသည်။

 

အီတာလျံထိုင်း ကုမ္ပဏီသည် စီမံကိန်း ဧရိယာအတွင်းရှိ ပရဒတ်ကျေးရွာအုပ်စုအနီး တောင်တွင် ကျောက်ထုတ်လုပ်ငန်းကို ၂၀၁၃ မတိုင်မီကစ၍ လုပ်ကိုင်ခဲ့ပြီး လက်ရှိတွင် အဆိုပါလုပ်ငန်း ဆက်လက်လုပ်ကိုင်ခြင်း မရှိဘဲ ရပ်နားထားကြောင်း ၎င်းက ပြောသည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 15:48
Rate this item
(0 votes)