Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဆီဒိုးနားဟိုတယ်တွင် အမေရိကန်အစားအသောက်ပွဲတော်ကို ကျင်းပမည်

"Unicode"

ဆီဒိုးနားဟိုတယ်တွင် အမေရိကန်အစားအသောက်ပွဲတော်ကို ကျင်းပမည်


အမေရိကန်အစားအသောက်များကို မြန်မာနိုင်ငံအတါင်း စားသုံးသူများ ပိုမိုစားသုံးရန်နှင့် ရန်ကုန်မြို့တွင် ဈေးကွက်ထိုးဖောက်နိုင်ရန် အဓိကရည်ရွယ်ပြီး ဇန်နဝါရီလ ၃၀ ရက်မှ ဖေဖော်ဝါရီလ ၁၃ ရက်နေ့အထိ ဆီဒိုးနားဟိုတယ် ရန်ကုန်တွင် အမေရိကန် အစားအသောက်ပွဲတော်ကို ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။


ရန်ကုန်မြို့ရှိ စားသောက်ဆိုင်များ၊ ဟိုတယ်များနှင့် စားသောက်ကုန်လုပ်ငန်းများအတွက် အကောင်းဆုံးအခွင့်အရေးတစ်ခုဖြစ်ပြီး အမျိုးအစားစုံလင်ကာ အရည်အသွေးကောင်းမွန် လှသော အမေရိကန် အစားအသောက်များကို သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။


အမေရိကန်အစားအသောက်ပွဲတော်ကို အမေရိကန်သံရုံးက ဦးစီးပြီး စားသုံးသူများအတွက် အကောင်းဆုံး ဝန်ဆောင်မှုပေးနေတဲ့ ဆီဒိုးနားဟိုတယ် ရန်ကုန်တွင် ကျင်းပခြင်းဖြစ်ပါတယ်။


အဆိုပါပွဲတွင် စားသောက်ကုန်များအပြင် နိုင်ငံတကာ အရည်အသွေးမီ ဟင်းခတ်အမွှေးအကြိုင် ပစ္စည်းများကိုလည်း မိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။


ယခုပွဲကို ဆီဒိုးနားဟိုတယ် ရန်ကုန်မှ Executive Chef Denis Vecchiato နှင့် သူ၏ အတွေ့အကြုံ ရှိ စားဖိုမှူးများမှ ၂  ပတ်ကြာ ချက်ပြုတ်ပေးသွားမှာဖြစ်ပါတယ်။

 

Read More >>>>>   ထမင်းစားမြိန်စေမယ့် ချဉ်ငံစပ် ဆိတ်အူကြမ်းသုပ်


ပွဲအတွင်းတွင် ပါဝင်အသုံးပြုသွားမယ့် အမေရိကန်စားသောက်ကုန်များဖြစ်တဲ့ USA ribeye, striploin, seafood selection, pork, US cheeses, frozen blueberries, grapes, wine, craft beer အစရှိသည်တို့ကို လာရောက်မြည်းစမ်းနိုင်မှာဖြစ်ပါတယ်။


ဟင်းလျာအသစ်အဆန်းများ၏ ပါဝင်ပစ္စည်းများနှင့် စားသောက်ကုန်များ အားလုံးကို အမေရိကန်စတိုင်ဖြင့် ချက်ပြုတ်ပြင်ဆင်ရောင်းချသွားမှာဖြစ်သဖြင့် အရသာအသစ်အဆန်း များကို မြည်းစမ်းလိုသူများအတွက် လက်မလွတ်သင့်သော အခွင့်အရေးဖြစ်ပါတယ်။


အကောင်းဆုံးသော အမေရိကန်စတိုင်ဟင်းလျာများနှင့် စားသောက်ကုန်များကို ဇန်နဝါရီလ ၃၀ ရက်မှ ဖေဖော်ဝါရီလ ၁၃ ရက်အတွင်း ဆီဒိုးနားဟိုတယ်ရန်ကုန်ရှိ D'Cuisine စားသောက်ဆိုင်တွင် နေ့လည်စာ (သို့) ညစာ ဘူဖေးကို သွားရောက်သုံးဆောင်နိုင်ပါတယ်။


Duration    :  30 January to 13 February

Outlet        :  D'Cuisine Restaurant

Availability  :  American Food and Beverage Products

Price           : Weekdays and Saturdays lunch Buffet at USD 25 nett per person

                     Weekdays dinner buffet at USD 33 nett per person

                     Fridays and Weekends dinner buffet at USD 36 nett per person

 

 

ဆီဒိုးနားဟိုတယ္တြင္ အေမရိကန္အစားအေသာက္ပြဲေတာ္ကို က်င္းပမည္

 

အေမရိကန္အစားအေသာက္မ်ားကို ျမန္မာႏိုင္ငံအတါင္း စားသံုးသူမ်ား ပိုမိုစားသံုးရန္ႏွင့္ ရန္ကုန္ၿမိဳ ႔တြင္ ေစ်းကြက္ထိုးေဖာက္ႏိုင္ရန္ အဓိကရည္ရြယ္ၿပီး ဇန္နဝါရီလ ၃၀ ရက္မွ ေဖေဖာ္ဝါရီလ ၁၃ ရက္ေန႕အထိ ဆီဒိုးနားဟိုတယ္ ရန္ကုန္တြင္ အေမရိကန္ အစားအေသာက္ပြဲေတာ္ကို က်င္းပျပဳလုပ္သြားမွာျဖစ္ပါတယ္။

 

ရန္ကုန္ၿမိဳ ႔ရွိ စားေသာက္ဆိုင္မ်ား၊ ဟိုတယ္မ်ားႏွင့္ စားေသာက္ကုန္လုပ္ငန္းမ်ားအတြက္ အေကာင္းဆံုးအခြင့္အေရးတစ္ခုျဖစ္ၿပီး အမ်ဳိးအစားစံုလင္ကာ အရည္အေသြးေကာင္းမြန္ လွေသာ အေမရိကန္ အစားအေသာက္မ်ားကို သံုးေဆာင္ႏိုင္မွာ ျဖစ္ပါတယ္။

 

အေမရိကန္အစားအေသာက္ပြဲေတာ္ကို အေမရိကန္သံ႐ံုးက ဦးစီးၿပီး စားသံုးသူမ်ားအတြက္ အေကာင္းဆံုး ဝန္ေဆာင္မႈေပးေနတဲ့ ဆီဒိုးနားဟိုတယ္ ရန္ကုန္တြင္ က်င္းပျခင္းျဖစ္ပါတယ္။

 

အဆိုပါပြဲတြင္ စားေသာက္ကုန္မ်ားအျပင္ ႏိုင္ငံတကာ အရည္အေသြးမီ ဟင္းခတ္အေမႊးအႀကိဳင္ ပစၥည္းမ်ားကိုလည္း မိတ္ဆက္ေပးသြားမည္ျဖစ္ေၾကာင္း သိရပါတယ္။

 

ယခုပြဲကို ဆီဒိုးနားဟိုတယ္ ရန္ကုန္မွ Executive Chef Denis Vecchiato ႏွင့္ သူ၏ အေတြ႔အႀကံဳ ရွိ စားဖိုမွဴးမ်ားမွ ၂  ပတ္ၾကာ ခ်က္ျပဳတ္ေပးသြားမွာျဖစ္ပါတယ္။

 

Read More >>>>>   ထမင်းစားမြိန်စေမယ့် ချဉ်ငံစပ် ဆိတ်အူကြမ်းသုပ်

 

ပြဲအတြင္းတြင္ ပါဝင္အသံုးျပဳသြားမယ့္ အေမရိကန္စားေသာက္ကုန္မ်ားျဖစ္တဲ့ USA ribeye, striploin, seafood selection, pork, US cheeses, frozen blueberries, grapes, wine, craft beer အစရွိသည္တို႕ကို လာေရာက္ျမည္းစမ္းႏိုင္မွာျဖစ္ပါတယ္။

 

ဟင္းလ်ာအသစ္အဆန္းမ်ား၏ ပါဝင္ပစၥည္းမ်ားႏွင့္ စားေသာက္ကုန္မ်ား အားလံုးကို အေမရိကန္စတိုင္ျဖင့္ ခ်က္ျပဳတ္ျပင္ဆင္ေရာင္းခ်သြားမွာျဖစ္သျဖင့္ အရသာအသစ္အဆန္း မ်ားကုိ ျမည္းစမ္းလိုသူမ်ားအတြက္ လက္မလြတ္သင့္ေသာ အခြင့္အေရးျဖစ္ပါတယ္။

 

အေကာင္းဆံုးေသာ အေမရိကန္စတိုင္ဟင္းလ်ာမ်ားႏွင့္ စားေသာက္ကုန္မ်ားကို ဇန္နဝါရီလ ၃၀ ရက္မွ ေဖေဖာ္ဝါရီလ ၁၃ ရက္အတြင္း ဆီဒိုးနားဟိုတယ္ရန္ကုန္ရွိ D'Cuisine စားေသာက္ဆိုင္တြင္ ေန႕လည္္စာ (သုိ႕) ညစာ ဘူေဖးကို သြားေရာက္သံုးေဆာင္ႏိုင္ပါတယ္။


Duration    :  30 January to 13 February

Outlet        :  D'Cuisine Restaurant

Availability  :  American Food and Beverage Products

Price           : Weekdays and Saturdays lunch Buffet at USD 25 nett per person

                     Weekdays dinner buffet at USD 33 nett per person

                     Fridays and Weekends dinner buffet at USD 36 nett per person

 

 

Read times Last modified on Thursday, 30 January 2020 14:13
Rate this item
(0 votes)