Food & Livestock
ကဏန်းပျော့မွေးမြူရေးလုပ်ငန်းများ ပြန်လည်အသက်ဝင်လာ
ကဏန်းပျော့မွေးမြူရေးလုပ်ငန်းများ ပြန်လည်အသက်ဝင်လာ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ယခင်နှစ်က ဈေးကွက်ပျက်ပြီး အရှုံးပေါ်ခဲ့သောကြောင့် ဧရာဝတီတိုင်း၊ ဖျာပုံဒေသတွင် ကဏန်းပျော့မွေးမြူရေး လုပ်ငန်းများ ယာယီရပ်နားခဲ့ရကြောင်း ယခုနှစ်တွင် ပုံမှန်ပြန်လည်ပတ်လာ သည့်ဈေးကွက်အနေအထားကြောင့် ကဏန်းပျော့ မွေးမြူရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်လာကြကြောင်း ဖျာပုံ မြို့နယ် ကဏန်းပျော့မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးထံက သိရသည်။

.
"အရင်နှစ်က ကဏန်းပျော့မွေးမြူ တာ အတော်ထိခိုက်ပြီး အရှုံးပေါ်ခဲ့ တယ်၊ ဒါကြောင့်ရပ်နားခဲ့ရတယ်။ အခု တော့ ဈေးကွက်ကောင်းပြီး ဈေးကွက် ပြန်ပွင့်လာပြီမို့ပြန်မွေးကြတာပေါ့" ဟု ဖျာပုံမြို့နယ် ကဏန်းပျော့မွေးမြူရေး လုပ်ငန်းရှင်တစ်ဦးကပြောသည်။
.

ဖျာပုံဒေသအတွက် ကဏန်းပျော့ သည်။ မွေးမြူသည့်လုပ်ငန်းများသည် ၂၀၂၁ခုနှစ်တွင် ဈေးကွက်ပျက်တဲ့အထိဖြစ် ခဲ့ရကြောင်း လက်ရှိဖျာပုံမြို့နယ်တွင် ကဏန်းပျော့လုပ်ငန်းကို ပြန်လည် လုပ်ကိုင်လာသည့် မွေးမြူရေးလုပ်ငန်း ရှင် ၄၉ ဦးအထိရှိလာပြီး တစ်ဦးလျှင် ကန်တစ်ကန်မှ ၁၀ကန်အထိအများဆုံး ပြန်လည်မွေးမြူလာကြသည်။
.

လက်ရှိမွေးမြူရသည့်အခြေအနေ တွင် မွေးမြူရေးကုန်ကျစရိတ်အားဖြင့် ကန်တစ်ကန်စာလျှင် ငွေကျပ် ၇ သိန်းမှ ၁၂ သိန်းအထိရှိကြောင်း၊ ယခင်နှစ်ထက်ကုန်ကျစရိတ်ပိုများ လာသော်လည်း ဈေးကွက်ပြန်လည် ကောင်းမွန်လာပြီဖြစ်ကြောင်း၊ မြန်မာ့ ဒေသထွက်ကဏန်းကို ပြည်ပတင်ပို့ခွင့်ရ ကုမ္ပဏီပေါင်း ၈၀ ကျော်အထက်တွင် ရှိနေကြောင်း၊ နှစ်စဉ် တန်ချိန်ပေါင်း ထောင်ချီ၍ တင်ပို့နေရကြောင်းသိရသည်။
Source MDN



