Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကြက်သွန်သစ်ထွက်တော့မည်ဖြစ်၍ ပြည်ပကြက်သွန်နီ တင်သွင်းမှု ရုပ်သိမ်းပေးမည်ဟုဆို

ကြက်သွန်သစ်ထွက်တော့မည်ဖြစ်၍ ပြည်ပကြက်သွန်နီ တင်သွင်းမှု ရုပ်သိမ်းပေးမည်ဟုဆို google.com

မကြာမီကြက်သွန်နီအ သစ်ထွက်ရှိတော့မည်ဖြစ်သဖြင့် လိုအပ်ပါက ပြည်ပကြက်သွန်နီ တင်သွင်းမှု ရုပ်သိမ်းပေးမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောသည်။

 

ပြည်တွင်းတွင် ကြက်သွန်နီ ဈေးနှုန်းကြီးမြင့်မှုကြေင့် ၂၀၁၇ နိုဝင်ဘာ ၂၇ ရက်က ပြည်ပမှ ကြက်သွန်နီ တင်သွင်းခွင့် တရား ၀င်ခွင့်ပြုခဲ့သည်။

 

‘‘ပြည်တွင်း ကြက်သွန်နီလို အပ်ချက်၊ စားသုံးမှု၊ ဈေးနှုန်း၊ ကြက်သွန်နီ ထွက်ရှိမှုပေါ်မူတည် ပြီး လိုအပ်ရင် ပြည်ပက ကြက်သွန်နီတင်သွင်းမှုကို ရုပ်သိမ်းပေးသွားမှာပါ’’ ဟု ဦးရန်နိုင်ထွန်းက ဆိုသည်။

 

ပြည်တွင်းသို့ ပါကစ္စတန်နှင့် တရုတ်နိုင်ငံတို့မှ ကြက်သွန်နီတင် သွင်းနေပြီး ပြည်ပမှ ကြက်သွန်နီ တင်သွင်းသူ ကုန်သည် ၁၀ ဦးခန့်ရှိကြောင်း ၎င်းကဆိုသည်။

 

ဆောင်းကြက်သွန်များသည် မတ်လကုန် ဧပြီတွင် ထွက်ရှိမည်ဖြစ်သဖြင့် ပြည်ပမှ ကြက်သွန်နီတင်သွင်းမှု ပိတ်ပင်ပေးစေ လိုကြောင်း ကြက်သွန်စိုက်တောင်သူများက တောင်းဆိုသည်။

 

‘‘ကြက်သွန်နီဈေးက အခု တဖြည်းဖြည်း ကျနေတယ်။ တောင်သူတွေဆီက အရောင်း ဈေးက တစ်ပိဿာကို ၁,၀၀၀  ကျော်ပဲ ရှိတော့မယ်။ ကြက်သွန် ထွက်ချိန်မှာ ဈေးကောင်းမရမှာ စိုးတယ်။ ပြီးတော့ ကြက်သွန်နီ ပြည်ပကနေ တင်သွင်းနေတာ တွေကို ကြက်သွန်သစ်မထွက်ခင် မှာ ပိတ်ပေးစေချင်တယ်’’ဟု အောင်လံမြို့နယ်မှ ကြက်သွန် စိုက်တောင်သူတစ်ဦးက ဆိုသည်။

 

လက်ရှိတွင် ပြည်ပကြက် သွန်နီတစ်တန်လျှင် ကန်ဒေါ်လာ ၃၀၀ ခန့် ပေါက်ဈေးရှိနေပြီး ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ပြည်ပကြက်သွန်နီပိဿာချိန်  ၇,၀၀၀ ခန့် နေ့စဉ်ဝင်ရောက်နေကြောင်း ဘုရင့်နောင်ရှိ ကြက်သွန်ဒိုင်များက ဆိုသည်။

 

 ပြည်တွင်းစားသုံးသူများ သည် ပြည်ပက ၀င်ရောက်သည့်ကြက်သွန်နီကို ကြိုက်နှစ်သက်မှု နည်းပါးပြီး ဈေးသက်သာသည့် ကြက်သွန်နီသုံးစွဲလိုသူအချို့သာ ၀ယ် ယူကြောင်း မြန်မာနိုင်ငံ ကြက် သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖို ချောင်သီးနှံစိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးခင်ဟန်က ဆိုသည်။

 

Source: 7day daily

Read times Last modified on Tuesday, 18 September 2018 15:47
Rate this item
(0 votes)